Tuesday, May 23, 2017

♪ Android O ရဲ့ စွမ်းဆောင်ချက် အသစ်များ ♫


https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/%E1%81%80-2.jpg?fit=800%2C450&ssl=1

မတ်လမှာတုန်းက Android O ရဲ့ စွမ်းဆောင်ချက်များကို အနည်းငယ် သိခွင့်ရခဲ့ပါတယ်။ အခုတော့ Google က သူ့ရဲ့ I/O Developers Conference မှာ Android O စွမ်းဆောင်ချက်များနဲ့ ပတ်သက်ပြီး အသေးစိတ် ကြေညာခဲ့ပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံးများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နောက်ဆုံးထုတ် Emoji များကို အသုံးပြုနိုင်ခြင်း။


Android O မှာ Users များ အနေဖြင့် နောက်ဆုံးထုတ် Emoji များကို လက်မလွတ်ရဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သုံးနိုင်အောင် Google က Developers များအတွက် သူတို့ရဲ့ ကီးဘုတ်များမှာ မရှိသေးတဲ့ Emoji များကို ရယူနိုင်တဲ့ Emoji Library အသစ်ကို ပံ့ပိုးပေးထားပါတယ်။

၂။ Smart Sharing
Android O က သင့် ဓါတ်ပုံများမှာ ပါတဲ့ အရာများနဲ့ သင့်ရဲ့ အမူအကျင့်ကို နားလည်ပြီး Apps များနဲ့ အလုပ်များကို အကြံပြုပေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် User တစ်ယောက်က Receipt တစ်ခုကို ဓါတ်ပုံရိုက်လိုက်ရင် O က Expense-Tracking App ကို အကြံပြုပေးမှာပါ။ User က Selfie ရိုက်ရင် Social Media App ကို အကြံပြုမှာပါ။ URLs, Text နဲ့ အခြား Contents အမျိုးအစားများအတွက်လည်း O က အကြံပေးမှာပါ။

၃။ ရွေးချယ်စရာ အိုင်ကွန်များ

Android Developers များဟာ အခုဆိုရင် Device တစ်ခုရဲ့ စတိုင်နဲ့ ကိုက်ညီတဲ့ အိုင်ကွန်များကို ဖန်တီးနိုင်ပါပြီ။ အဲဒီအတွက် သင့်ဖုန်းမှာ Default အားဖြင့် လုံးဝန်းတဲ့ App Icon ကို သတ်မှတ်ထားပေမယ့် လေးထောင့် အိုင်ကွန်များကို သင်က ပြောင်းသုံးနိုင်ပါပြီ။

၎။ Notification Snoozing

Android O မှာ Notification စနစ် တိုးတက်လာပါတယ်။ အခုဆိုရင် Notification ကို နောက်ကျမှ ကြည့်ရှုဖို့အတွက် Snooze လုပ်နိုင်ပါပြီ။

၅။ Badge Notifications

Badge Notifications က App Notification များ ၀င်လာရင် App Icon မှာ စက်ဝိုင်းပုံ အစက်လေးဖြင့် ပြသပေးပါတယ်။ အိုင်ကွန်ကို ဖိထားပြီး Notification ကို ကြည့်နိုင်ပါတယ်။

၆။ Background colors for notifications
Android O မှာ Notification Tray မှ Notification များရဲ့ နောက်ခံ အရောင်ကို Developers များက သတ်မှတ်နိုင်ပါပြီ။ Notification Tray မှာ အရောင်စုံများဖြင့် မျက်စိနောက်စရာလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလို မဖြစ်အောင် Users များအတွက် အရေးကြီးတဲ့ Notification များရဲ့ နောက်ခံကိုသာ အရောင်သတ်မှတ်ဖို့ Google က အကြံပေးထားပါတယ်။

၇။ Notification Channels

Android O မှာ Notification Channels များ ပါလာပြီး User များက သူတို့ နှစ်သက်တဲ့ Channel များကို အရင်ဆုံး မြင်ရအောင် ရွေးချယ်နိုင်ပါပြီ။ ဥပမာအားဖြင့် App တစ်ခုရဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ Notification များကို ပိတ်ပင်ထားနိုင်ပြီး သတင်းနဲ့ ပတ်သက်တာတွေရဲ့ Notification များကို ပြသခိုင်းနိုင်ပါတယ်။

၈။ Animation Style အသစ်များ
Android O မှာ Physics-based Animation လို့ ခေါ်တဲ့ Animation Style အသစ်များ ထည့်ပေးလိုက်ပါတယ်။ သူက ရူပဗေဒ နိယာမများအပေါ် အခြေခံ၍ Animation များကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

၉။ Picture-in-picture
Picture-in-picture စွမ်းဆောင်ချက်ကို မတ်လကတည်းက သိခဲ့ရပေမယ့် Google က I/O မှာ ထပ်မံ ရှင်းလင်းခဲ့ပါတယ်။ ဒီစွမ်းဆောင်ချက်ဟာ App တိုင်းမှာ အလုပ်လုပ်နိုင်အောင် Android O က ပံ့ပိုးပေးမှာပါ။ Developers များက ဒီစွမ်းဆောင်ချက်ကို သူတို့ရဲ့ App များမှာ ထည့်သွင်းနိုင်မှာပါ။ ဒီစွမ်းဆောင်ချက်က ဥပမာအားဖြင့် Facebook မှာ ဗီဒီယိုတစ်ခုကို ကြည့်နေရင်းကနေ Newsfeed မှာ သတင်းများ ဖတ်နိုင်မှာ ဖြစ်ပါတယ်။ App တစ်ခုမှာ တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု ပြုလုပ်နိုင်မှာပါ။


Credit to ==> DigitalTimes.com.mm
 
 

No comments:

Post a Comment