Tuesday, May 2, 2017

♪ Android အတွက် အသုံးဝင်တဲ့ Tips & Tricks များ ♫


https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/tips-to-understand-before-developing-your-first-Android-app-development-800x450.jpg?fit=800%2C450&ssl=1
Android ဟာ Windows ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ လူသုံးအများဆုံး Computing Platform ဖြစ်လာပါပြီ။ ဒါဟာ စွမ်းဆောင်ချက် အသစ်များကို အမြဲတမ်း ထည့်ပေးနေလို့ ဖြစ်ပါတယ်။ Google က Android ကို တိုးတက်အောင် အမြဲတမ်း ဖန်တီးနေပါတယ်။ ဒီ Tutorial မှာ Android သမားများအတွက် အသုံးဝင်တဲ့ Tips & Tricks များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Bloatware များကို Disable/ Uninstall လုပ်ပါ။


ဖုန်းအများစုမှာ သင် မနှစ်သက်တဲ့ Apps များကို ကြိုတင်ထည့်သွင်းထားကြပါတယ်။ အချို့ Bloatware များကို Uninstall လုပ်နိုင်ပေမယ့် System ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ အချို့ ကိုတော့ Disable သာလုပ်နိုင်ပါတယ်။ System Settings> Apps ထဲမှာ App ကို ရွေးချယ်ပြီး Disable Button ကို နှိပ်ပါ။

၂။ Android Device Manager


ဖုန်း နေရာထားမှားခြင်း၊ ဖုန်းပျောက်ခြင်းများ ဖြစ်ရင် Android Device Manager ကို သုံးပါ။ ကွန်ပြူတာ ၊ ဖုန်းများကနေ Android Device Manager ၀က်ဆိုက်ကို သွားပါ။ သင့် Google အကောင့်ဖြင့် Login ၀င်ပါ။ ဒါဆိုရင် သင့်ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ခြေရာခံနိုင်ပါတယ်။ အိမ်ထဲမှာ ဖုန်းပျောက်နေရင်လည်း ဖုန်းအသံမြည်အောင် အဲဒီကနေ ပြုလုပ်နိုင်ပါတယ်။ ဖုန်းပြန်မရနိုင်တော့ရင် သင့်ရဲ့ ဒေတာများကို အဲဒီကနေ ဖျက်နိုင်ပါတယ်။

၃။ Mobile Data ကို တိုင်းတာပါ။


သင့်ရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုကို System Settings> Data Usage ထဲမှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ အချိန်အပိုင်းအခြား တစ်ခုအတွင်း သင်အသုံးပြုမယ့် ဒေတာပမာဏကို သတ်မှတ်ထားနိုင်ပြီး အဲဒီ ပမာဏရောက်ခါနီးရင် သင့်ကို အသိပေးမှာပါ။

၎။ Smart Lock ကို သုံးပါ။


သင့်ဖုန်းကို အခြားလူများ အသုံးပြုခြင်းမှ ကာကွယ်နိုင်အောင် Password, PIN, Fingerprint များဖြင့် ကာကွယ်ထားနိုင်ပါတယ်။ ဒါပေမယ့် သင့်အိမ်လို လုံခြုံတဲ့ နေရာများမှာ ဖုန်းဟာ အလိုအလျှောက် Unlock ဖြစ်နေရင် အလုပ်ရှုပ်သက်သာစေပါတယ်။ သူက သင့်အိမ်မှာ ရှိနေတဲ့ အချိန်၊ သင့် စမတ်နာရီအနားမှာ ရှိတဲ့ အချိန်၊ အရှေ့ကင်မရာကနေ သင့်မျက်နှာကို မြင်ရတဲ့ အချိန်များမှာ ဖုန်းကို အလိုအလျှောက် Unlock လုပ်ပေးပါတယ်။ System Settings> Security ထဲမှာ သူ့ကို သုံးနိုင်ပါတယ်။

၅။ ဓါတ်ပုံများကို အွန်လိုင်းမှာ အလိုအလျှောက် သိမ်းပါ။


သင့် ဖုန်းမှ ဓါတ်ပုံများကို ပျက်ဆီး ၊ ပျောက်ဆုံးမှာကို စိတ်ပူရင်တော့ အွန်လိုင်းမှာ အလိုအလျှောက် သိမ်းဆည်းနိုင်ပါတယ်။ Google Photos App ကို ပထမဆုံး အကြိမ်ဖွင့်ရင် Enable auto-Backup လုပ်မလား မေးမှာပါ။ Enable လုပ်ပေးပါ။ App ကို အင်စတောလုပ်ပြီးသားဆိုရင် Settings> Backup & sync ထဲမှာ Enable လုပ်ပါ။ Default Mode က High Quality ဖြစ်ပြီး Unlimited Space ရပါတယ်။ ဒါပေမယ့် သင့် ဓါတ်ပုံ အရွယ်အစားကို ချုံ့မှာပါ။ ဓါတ်ပုံ အရည်အသွေး အပြည့်အ၀ လိုချင်ရင် Settings> Backup & sync > Upload size မှာ Original ကို ရွေးပေးပါ။

၆။ Google Search ကို အချိန်မရွေး သုံးပါ။


Google Search ဟာ Android Phone အားလုံးရဲ့ အသည်းနှလုံး ဖြစ်ပါတယ်။ Home Screen , Search Box နဲ့ Google App မှာ “ Ok Google “ လို့ ပြောလိုက်တာနဲ့ ရှာဖွေမှုများကို ပြုလုပ်နိုင်ပါပြီ။ အခြား App များနဲ့ စကရင်များကနေ အချိန်မရွေး သုံးချင်ရင် Google App> Voice> OK Google detection ထဲမှာ “ From any screen “ ကို ရွေးပေးပါ။

၇။ Screen Pinning


သင့် ကလေး သို့မဟုတ် အခြားလူတစ်ယောက်အား သင့်ဖုန်းမှ App တစ်ခုကိုသာ အသုံးပြုစေချင်ရင် Screen Pinning ကို သုံးနိုင်ပါတယ်။ ဖုန်းများမှာ Default အားဖြင့် Screen Pinning ကို On ထားကြပါတယ်။ သူ့ကို သုံးချင်ရင် Recent Button ကို နှိပ်ပါ။ အသုံးပြုစေချင်တဲ့ App မှ Pin Button ကို နှိပ်ပါ။ သင်ဟာ Lock Screen ကို အသုံးပြုထားရင် Pin လုပ်ထာားတဲ့ App ကနေထွက်ဖို့ Password or PIN or Fingerprint များကို သုံးရမှာပါ။ Recent Button ကို နှိပ်လို့မှ Pin Button ကို မမြင်ရရင် Screen Pinning ကို Enable လုပ်ဖို့ System Settings> Security ထဲမှာ ရှာပါ။

၈။ Offline Maps ကို သုံးပါ။


Google Maps မှာ မြေပုံများကို Offline ကြည့်နိုင်အောင် ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။ Google Maps ကို ဖွင့်ပြီး ဒေါင်းလုပ်လုပ်ချင်တဲ့ တည်နေရာကို Navigate လုပ်ပါ။ Search Box ကို တစ်ချက်နှိပ်ပါ။ Back Button ကို နှိပ်ပြီး ကီးဘုတ်ကို ပိတ်ပါ။ အောက်ခြေမှ ဒေါင်းလုပ်ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် ဒေါင်းလုပ်လုပ်မယ့် ဧရိယာကို သတ်မှတ်ရမယ့် ဘောင်လေးပေါ်လာမှာ ဖြစ်ပါတယ်။ Offline Data များထဲမှာ လမ်းများ၊ Points of Interest နဲ့ Turn-by-Turn Navigation များ ပါဝင်ပါတယ်။

၉။ Do Not Disturb ကို သုံးပါ။



Android ရဲ့ Do Not Disturb စွမ်းဆောင်ချက်ဟာ ထုတ်လုပ်သူ အပေါ် မူတည်ပြီး ဖုန်းတစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ များသောအားဖြင့် System Settings> Sound and Notification ထဲမှာ DND ရဲ့ Settings များကို သတ်မှတ်နိုင်ပါတယ်။ အဲဒီမှာ ညအိပ်ချိန်လို အချိန်အပိုင်းအခြား တစ်ခုရောက်ရင် DND ကို အလိုအလျှောက် ဖွင့်ပေးခြင်း၊ DND အကျိုး မသက်ရောက်စေတဲ့ အရေးကြီး Contacts များကို ရွေးချယ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ DND ကို Quick Settings ကနေ On/Off လုပ်နိုင်ပါတယ်။

၁၀။ Home Screen အသစ်ကို သုံးပါ။


ဖုန်း ထုတ်လုပ်သူများက သူတို့ရဲ့ ဖုန်းများမှာ ကိုယ်ပိုင် UI များကို ထည့်သွင်းထားကြပါတယ်။ အဲဒီအထဲမှာ Home Screen လည်း ပါပါတယ်။ သင့် ဖုန်းထုတ်လုပ်သူရဲ့ Home Screen ကို မနှစ်သက်ရင် Nova Launcher , Action Launcher တို့လို Home Screen ကို သင်နှစ်သက်သလို Customize လုပ်နိုင်မယ့် Apps များကို သုံးနိုင်ပါတယ်။ Icons များကို ပြောင်းလဲခြင်း၊ Navigation Gestures များကို သတ်မှတ်ခြင်း၊ Apps များကို စီမံခန့်ခွဲခြင်း အပြင် များစွာ Customize လုပ်နိုင်ပါတယ်။

၁၁။ Power Saving Mode ကို သုံးပါ။


Android Phone အားလုံးမှာ Power Saving Mode များ ပါကြပါတယ်။ များသောအားဖြင့် Settings> Battery ထဲမှာ Modes များကို ရွေးချယ်နိုင်ပါတယ်။ ဥပမာအားဖြင့် Samsung ဖုန်းများမှာ Screen Brightness နဲ့ CPU ကို လျှော့ချခြင်းဖြင့် ဘက်ထရီ သက်သာစေတဲ့ Power Saving Mode ပါပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ Apps အနည်းငယ်ကိုသာ အသုံးပြုခွင့်ပေးတဲ့ Ultra Power Saving Mode လည်း ထည့်ပေးထားပါတယ်။ Power Saving Mode ကို Notification Bar ကနေ On/Off လုပ်နိုင်ပါတယ်။



Credit to ==> DigitalTimes.com.mm
 
 
 

No comments:

Post a Comment