Tuesday, May 16, 2017

♪ Huawei P10 ရဲ့ ပြဿနာများနဲ့ ဖြေရှင်းနည်းများ ♫


https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/akrales_170321_1507_A_0120.0.0.jpg?fit=800%2C450&ssl=1
Huawei P10 ဟာ အလွန် ကောင်းတဲ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ ဒါပေမယ့် အဖက်ဖက်က ပြည့်စုံ ကောင်းမွန်တဲ့ စမတ်ဖုန်း ဆိုတာ မရှိဘဲ အားနည်းချက်၊ ချွတ်ယွင်းချက် အနည်းငယ်တော့ ရှိတတ်ကြပါတယ်။ အောက်မှာတော့ Huawei P10 ရဲ့ ပြဿနာများနဲ့ ဖြေရှင်းနည်း များကို ဖော်ပြလိုက်ပါတယ်။

ဘက်ထရီ အကုန်မြန်ခြင်း

Huawei P10 ရဲ့ 3200mAh Battery ဟာ သက်တမ်း အလွန် မကောင်းပါဘူး။ တစ်နေ့တစ်ခါ အားသွင်းပေးရပါတယ်။ သူ့မှာ မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်တဲ့ Super Charge နည်းပညာ ပါပေမယ့် အားသွင်းဖို့ ပလပ်ပေါက် မရှိတဲ့ နေရာများမှာ အားအကုန်မြန်တာကို သက်သာစေတဲ့ နည်းလမ်းများကို သုံးရမှာပါ။
အနာဂတ်မှာ ဖြန့်ချီပေးမယ့် Software Update က အား အကုန်မြန်တဲ့
ပြဿနာကို ဖြေရှင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိမှာတော့ အောက်ပါ နည်းလမ်း များဖြင့် အားအကုန်မြန်တာကို ဖြေရှင်းပါ။
• မလိုအပ်တဲ့ အချိန်မှာ ၀ိုင်ဖိုင်ကို ပိတ်ထားပါ။
• Background Apps များနဲ့ ဘက်ထရီအလွန် စားသုံးတဲ့ အရာများကို ပိတ်ပါ။
• Settings> Battery ထဲမှ စွမ်းအင် ချွေတာပေးတဲ့ စွမ်းဆောင်ချက်များကို သုံးပါ။ အဲဒီအထဲမှာ ပါဝါ စားသုံးမှုကို လျှော့ချဖို့ Screen Resolution ကို လျှော့ချပေးတဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။
• Automatic Brightness ကို ပိတ်ပါ။

P10 က SIM Card ကို မသိခြင်း

Huawei P10 ဟာ လက်ကျန်ငွေ ပမာဏကို စစ်ဆေးတဲ့ USSD Codes ကို ရိုက်ထည့်လိုက်တဲ့ အခါမှာ ကွန်ရက်တစ်ခုကိုမှ ဆက်သွယ်မိခြင်း မရှိဘူးလို့ စကရင်မှာ စာဖြင့် ပြသပါတယ်။ ဖုန်းမှာ SIM Card မရှိဘူးလို့လည်း ပြသပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့အတွက် ဖုန်းကို Restart လုပ်ပါ။ အဲဒီလိုလုပ်လို့မှ မရရင် SIM Tray ကို ဖွင့်ပါ။ SIM Card များကို ထုတ်ပြီး ပြန်ထည့်ပါ။ ပြီးရင် ပါဝါဖွင့်ပြီး အဆင်ပြေပြီလားဆိုတာ စစ်ဆေးပါ။

Bluetooth ပြဿနာ
Huawei P10 ပိုင်ရှင်အချို့က အခြား Bluetooth Device များနဲ့ ဖုန်းကို ချိတ်ဆက်တဲ့ အခါမှာ ပြဿနာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ဖြစ်ရင်တော့ ပြဿနာဟာ P10 ကြောင့်လားဆိုတာ အရင် စစ်ဆေးရမှာပါ။ Bluetooth Device ကို အခြား စမတ်ဖုန်းနဲ့ ချိတ်ဆက်ကြည့်ပါ။ အိုကေတယ်ဆိုရင် P10 မှာ ပြဿနာ ရှိတဲ့အတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

• အရင်ဆုံး Notification Bar ကနေ Bluetooth ကို ဖွင့်ထားပါ။ Settings> Bluetooth ထဲသွားပြီး Bluetooth ကို ပိတ်ပါ။ စက္ကန့်အနည်းငယ်စောင့်ပြီး ပြန်ဖွင့်ပါ။
• Bluetooth ကို ပိတ်ပြီး ဖုန်းကို Restart လုပ်ပါ။ Bluetooth ကို ဖွင့်ပြီး အခြား Device နဲ့ ချိတ်ဆက်ကြည့်ပါ။
• ပြဿနာ ရှိနေသေးရင် Settings> Bluetooth ထဲသွားပြီး Paired Devices အောက်မှ ယခင်ချိတ်ဆက်ထားတဲ့ Devices များကို Unpair လုပ်ပါ။ ပြီးမှ ပြန်ချိတ်ဆက်ကြည့်ပါ။
• အထက်ပါနည်းလမ်းများကို ပြုလုပ်ပြီးလို့မှ အဆင်မပြေသေးရင် Factory Reset ချပါ။ ဒေတာများကို အရင်ဆုံး Backup လုပ်ထားသင့်ပါတယ်။



Credit to ==> Digital Times

No comments:

Post a Comment