Tuesday, May 30, 2017

♪ “ဖိုင်ချုပ်ချယ်မှုမှန်သမျှ ဆန့်ကျင်ကြ” ♫


Image may contain: text
အလကားရတဲ့ Program ပဲဖြစ်ဖြစ်၊ ဖိုင်ပဲဖြစ်ဖြစ် ကိုယ်သုံးချင်တိုင်းသုံးခွင့် အမြဲရတတ်တာမဟုတ်ပါဘူး။ တရားဝင် ၀ယ်တဲ့ သီချင်းခွေတွေ ရုပ်ရှင် ကားတွေမှာတောင် ကော်ပီကူးမှာ ကြောက်လို့ DRM ဆိုတာကြီး ထည့်ထားလိုက်သေးသဗျ။ တချို့ဟာတွေက သူ့ဖက်ကကြည့်ရင် တရားတယ်ထင်ရလို့ ထားလိုက်ပါတော့။ ဒါပေမယ့် တချို့သော ကန့်သတ် ချုပ်ချယ်မှု တွေကတော့ သိပ်ပြီး တရားနည်းလမ်းမကျဘူး။ ဒါတွေကို ဆန့်ကျင်ကြပါမယ်။ အောက်မှာပြောထားတဲ့ နည်းလမ်းတွေအတိုင်း ဆန့်ကျင်ကြပါမယ်။

ပထမဆုံးဆန့်ကျင်မှုက Admin ခွင့်ပြုချက်လိုတယ်လို့ ပြောလာတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ကြုံဖူးမှာပါ။ Windows ထဲမှာ program တစ်ခုကို installation တင်တဲ့အခါ ခင်ဗျားဟာ admin မဟုတ်လို့ ဒီလိုမျိုး လုပ်ပိုင်ခွင့်မရှိပါဘူးလို့ ပြောတာမျိုး။ ကိုယ်က account တွေ သီးခြားခွဲ မထားဘဲ တစ်ခုတည်းသော account ကနေသုံးတဲ့ အဓိက user လည်း ဖြစ်မယ်၊ ယူစရာမလို ဘဲ အလိုလို admin အဆင့်ရောက်နေတဲ့ လူလည်း ဖြစ်မယ်ဆိုရင် ဒီလိုအပြောခံရတာကြီးက ကသိကအောက်နိုင်လှပါတယ်။

ဒီပြဿနာကိုကျော်လွှားမယ်ဆိုရင် ကိုယ်ဖွင့်မယ့် program ပေါ်မှာ ညာကလစ်ထောက်ပါမယ်။ ပြီးရင်ပေါ်လာတဲ့ အကွက်ထဲကနေ Run as administrator ကိုရွေးပေးပါမယ်။ ပြီးရင် admin password ဖြည့်၊ မရှိရင်လည်း မဖြည့်နဲ့ပေါ့ဗျာ။ ဒီနည်းလမ်းက ယာယီပြေလည်မှုကို ပေးပါ တယ်။ အပြီးတိုင် ပြေလည်ချင်တယ်ဆိုရင် program shortcut ဒါမှ မဟုတ် EXE ဖိုင်ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင် Compatibility tab ကို ရွေးပါ။ Privilege level section ထဲဝင်ပါ။ Run this program as administrator စာသားဘေးက လေးထောင့်ကွက်မှာ အမှန်ခြစ်ဖြုတ်ပါ မယ်။ ပြီးရင် apply နေရာမှာ ဘယ်ကလစ်နှိပ်ပါမယ်။

အဲဒီနောက်မှာ Change setting for all user မှာ ကလစ်နှိပ်ရပါမယ်။ Administrator option မှာ deselect လုပ်ရပါ မယ်။ အဲဒါမှ ကန့်သတ် ချုပ်ချယ်ထားတာ အပြီးတိုင်ကင်းလွတ်သွားပါလိမ့်မယ်။ ဒီလိုကန့်သတ် ချုပ်ချယ်မှုမျိုးဟာ ဖိုင်တစ်ခုခုကို ကိုယ်ဖျက်တဲ့အခါမှာလည်း ကြုံတတ် တယ်။ အဲဒါက Windows ကလုပ်တဲ့ အဟန့်အတားပါ။ သူ့မှာလည်း admin လုပ်ပိုင်ခွင့်က လိုပြန်တာပဲ။

ဒီအကန့်အသတ်ကို ကျော်လွှားဖို့အတွက် အခမဲ့ရတဲ့ 10bit Unlocker tool ကိုသုံးပါမယ်။ သူ့ကို www.bit.ly/ unlocker419 မှာ download ဆွဲနိုင် ပါတယ်။ ဖိုင်တွေ folder တွေ access လုပ်တာ၊ ဖျက်တာတွေနဲ့ ပတ်သက်တဲ့ ကန့်သတ် ချက်အားလုံးကို ကာကွယ်ပေးပါတယ်။ ဖျက်လိုက်တိုင်း ကတိကအောက်လုပ်တဲ့ ဖိုင်ပေါ်မှာ ညာကလစ်ထောက် ပါ။ ပြီးရင် ပေါ်လာတဲ့အကွက်ထဲကနေ 10bit Unlocker ကိုရွေးပါ။ 10bit unlocker Window ထဲ ဒုက္ခပေးတဲ့ဖိုင်ကို drag and drop ဆွဲချလို့လည်း ရပါတယ်။ ပြီးရင် unlock ကို ကလစ်နှိပ်ပါ။ ပြီးရင် Unlock & delete ကို ရွေးပေးပါ။

နောက်ထပ်ဖယ်ရှားမယ့် အကန့်အသတ်ကတော့ ကိုယ့်ဖက်ကိုယ် နည်းနည်းယက်မယ်ဗျာ။ Trial Period အကန့်အသတ်အတွင်း အခမဲ့ ပေးသုံးတဲ့ software တွေအတွက် အစမ်းသုံးကာလကို ပိုပြီးရှည်အောင် ဆွဲဆန့်မှာပါ။ Software တစ်ခု ဟာ တစ်သက်လုံးအခမဲ့သုံးခွင့်ပေးမထား ဘူးဆိုရင် သူ့အတွက်လုပ်နိုင်တာ သုံးမျိုးရှိတယ်။ ပထမတစ်မျိုးက လိုင်စင်ကြေးပေး ပြီးသုံးတာ။ ဒါတောင် antivirus ဆိုရင် တစ်နှစ်ပဲသုံးလို့ ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကရှိသေး။ ဒုတိယတစ်ခုက အစမ်းသုံးကာလ စေ့တာနဲ့ uninstall လုပ်ပစ်တာပါ။ တတိယတစ်မျိုးကတော့ အစမ်းသုံး ကာလ ကို ပိုပြီးရှည်အောင် ဆင်ကြံကြံတာ။ တစ်သက်လုံး အလကား သုံးလို့ ရအောင် ကြံချင်လည်းကြံမယ်။

ဒီကိစ္စအတွက် အခမဲ့ရနိုင်တဲ့ Run-As Date Software ကိုသုံးပါမယ်။ သူက ပေါ်တာကြာပြီ။ www.nirsoft.net/utils ကနေ အခမဲ့ download ဆွဲပြီးသုံးနိုင်ပါတယ်။ ဒီ software ရေးတဲ့လူ the prolific Nivsoff ကုမ္ပဏီရဲ့ အပြောကတော့ software တိုင်းမှာ အလုပ်လုပ်ဖို့ အာမမခံဘူး တဲ့ သူပြောတာ မှန်ပါတယ်။ Software ကုမ္ပဏီကြီးတွေကထုတ်တဲ့ program တွေမှာ RunAsDate အလုပ်မလုပ်တာ ကိုယ်တွေ့ပါ။ Run As Date ကိုသုံးမယ်ဆိုရင် trial program တစ်ခုကို browser လုပ်ပြီးရှာ ရပါမယ်။ ပြီးရင် Relative to the current date/ time ဆိုတာကို Date/ Time Menu ထဲမှာရှာပြီး ရွေးရပါမယ်။

ပြီးရင် နာရီကိုနောက်ပြန်လှည့်ပါမယ်။ ကိုယ်သုံးချင်သလောက် ရက်ကို နောက်ပြန်လှည့်ပါ။ Tria period မကုန်သေးဘူး လို့ထင်ရအောင် software ကို လှည့်စားဖို့ဖြစ်ပါတယ်။ ပြီးရင် အစမ်းသုံးကာလကို ဆန့်ထုတ်ဖို့အတွက် Run မှာ ကလစ်နှိပ်ပါ မယ်။ မူလ Program နဲ့ Run As Date ကို သီးခြားစီဖွင့်သုံးလို့မရပါဘူး။ အဲဒီလိုဖွင့်သုံးရင် မူလ program ထဲက အစမ်းပေးသုံး ကာလဟာ တည်မြဲနေမှာပါ။ RunAs Date ကနေဖွင့်မှ အစမ်းသုံးကာလ ဆန့်ထွက်လာမှာပါ။ RunAs Date ဟာ အစမ်းသုံး ကာလ ဆန့်ထုတ်ထားတဲ့ Program ကို Run ပေးဖို့ Desktop shortcut တစ်ခု ဖန်တီးပေးပါတယ်။ အဲဒီ Program ကို စဖွင့်ပြီ ဆိုတာနဲ့ system ထဲက date ကို အလိုအလျောက်ပြောင်းပေးပါမယ်။ Shortcut ကနေ သွားဖွင့်မှ ဒီအကျိုးကျေးဇူးကို ခံစားရမှာပါ။

နောက်ထပ်တစ်ခုကလည်း ဆင်ကြံကြံမှာပဲ။ BBC Programme တွေကို တစ်သက်လုံးကြည့်လို့ရအောင်လုပ် မှာပါ။ BBC ဟာ သူကထုတ်လွှင့်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို Device အတော် များများ မှာရနိုင်အောင် ကြိုးစားပေးပါ တယ်။ Online ကနေကြည့်နိုင်အောင် ခွင့်ပြုပေးထားသလို Offline ကြည့်နိုင်အောင်လည်း ခွင့်ပြုပေးထား ပါတယ်။ ဒါဆိုရင် ဘာလုပ်ဖို့ဆင်ကြံကြံစရာလိုသတုန်း။ iPlayer service တစ်ခုတည်း ပေါ်ကပဲကြည့်လို့ရအောင် လုပ်ထားတာရယ်၊ ထုတ်လွှင့်ပြီး ရက်ပေါင်း သုံးဆယ် ဒါမှမဟုတ် download ချပြီး ရက်သုံးဆယ်ကြာရင် iPlayer service ထဲမှာ ပျောက်သွားအောင်လုပ်ထားလို့ ဖြစ်ပါတယ်။

ဒါဟာတစ်နည်းပြောရရင် DRM (Digital Right Management) သုံးပြီး ကန့်သတ်ချုပ်ချယ်တာ တစ်မျိုးပဲ။ အကောင်း ဆုံး ဖြေရှင်းနည်းက အခမဲ့ရနိုင်တဲ့ Get iPlayer ကိုသုံးပြီး ဖြေရှင်းတာပါ။ သူ့ကို www. bit.ly/yet iplayer 419 ကနေ download ချပြီး အခမဲ့ သုံးနိုင်ပါတယ်။ သူက BBC ထုတ်လွှင့်တဲ့ အစီအစဉ်မှန်သမျှ ကြိုက်ရာကို download ဆွဲခွင့်ရအောင် လုပ်ပေးတယ်။ ကိုယ့်ကွန်ပျူတာထဲမှာ ကြိုက်သလောက် သိမ်းထားနိုင်အောင်လည်း ဆောင်ရွက်ပေးပါတယ်။

ပထမဆုံး Get iPlayer ရဲ့ start menu folder ထဲက web PRV Manager ကိုရွေးပါ။ ပြီးရင် BBC ကလတ်တလော လွှင့်နေတဲ့ programme list ကိုခေါ်ကြည့်ပါ။ ဒါမှမဟုတ် download ချချင်တဲ့ Programme တစ်ခုကို search ကနေ၀င်ပြီးရှာပါ။ ပြီးရင် အဲဒီ programme ကိုရွေးပါ။ ပြီးရင် tab အသစ်ထဲမှာ record လုပ်နိုင်မယ့်အတွက် Record မှာ ကလစ်နှိပ်ပါ။ Record လုပ်လို့ပြီးသွားပြီဆိုရင် Web PRV Manager ထဲ ပြန်ချင်ပြန် နိုင်တယ်။ Recordings မှာကလစ်နှိပ်ပြီး ကိုယ် Record လုပ်ထားတာ တွေကိုကြည့်နိုင်တယ်။ Start Menu မှာရှိတဲ့ iPlayer Recordings folder ကိုဖွင့်ပြီးလည်း ကြည့်နိုင်ပါတယ်။

Record လုပ်ပြီး သိမ်းဆည်းထားတဲ့ ဗီဒီယိုတွေဟာ DRM-Free MP4 format နဲ့ ဖြစ်ပါတယ်။ အချိန်ကာလကန့်သတ် ချက်နဲ့ပြတဲ့ ရုပ်ရှင်တွေ ဗီဒီယိုတွေကို ထာဝရသိမ်းဆည်းဖို့ နောက်ထပ်သုံးနိုင်တဲ့ လက်နက် တစ်ခုကတော့ screen recorder ကိုသုံးဖို့ ဖြစ်ပါတယ်။ Screen ပေါ်မှာ ဖွင့်ပြီးပြသမျှကို Capture ဖမ်းပြီးသိမ်းဆည်းပေးထားပါမယ်။ ဒီကိစ္စ အတွက် အခမဲ့ရနိုင်တဲ့ tool တွေ အွန်လိုင်းမှာရှိပါတယ်။



နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

No comments:

Post a Comment