Wednesday, May 17, 2017

Computer Keyboard ပေါ်က Function Key တွေကို ဘယ်နေရာမှာသုံးသလဲ


  
Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...

F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..
F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..
F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...
F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..
F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...
F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...
F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..
F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..
F9 =  Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...
F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..
F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..
F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်.. File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်...

အထက်မှာဖေါ်ပြခဲ့တာကတော့ ကျွန်တော်သိသလောက် Function Key တွေကို အသုံးပြုနိုင်တဲ့ Feature တွေဖြစ်ပါတယ်.. Program အလိုက် ပြောင်းလဲနိုင်ပါတယ်...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 
 

No comments:

Post a Comment