Friday, August 25, 2017

အင်္ဂလိပ်စာလေ့လာနေသူတွေအတွက်Vocabulary for IELTS APK

အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် စကားလုံးတွေကိုမှတ်မိအောင် လေ့ကျင့်နိုင်တဲ့
Application တစ်ခုဖြစ်ပါတယ်..IELTS ကျောင်းသားတွေအတွက်အထူးသင့်တော်တဲ့
ဝေါဟာရများပါဝင်ပါတယ်..စကားလုံးတွေကို ခေါင်းစဉ်အလိုက်လေ့လာနိုင်ပါတယ်…
ဝေါဟာတွေများများလေ့လာကျက်မှတ်ထားမှ အင်္ဂလိပ်စကားပြောရော စာရေးရောအထူးထိရောက်မှုရှိနိုင်ပါတယ်..
No automatic alt text available.
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မဟာမိတ်တပ်များသည် ရန်သူများ၏အာရုံ ကို လှည့်စားရန် နည်းလမ်း များစွာအသုံးပြုခဲ့ ဖူးသည်။ အထူးသဖြင့် ကိုယ်ယောင်ဖျောက်ဖုံးကွယ်သောနည်းလမ်းများနှင့် မရှိသည်ကို အရှိထင် ရသော အယောင်ဆောင် နည်းလမ်းများကို မဟာမိတ်တပ်ဖွဲ့များ တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သည်။ အမှန်တကယ်ရှိသောပမာဏထက် ပိုသော တပ်သား များ၊ လက်နက်များရှိနေသည်ဟု ရန်သူများ ထင်မြင် သွားစေရန် လှည့်စားခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ ထိုနည်းလမ်းသည် နည်းပညာနှင့်ပေါင်းစပ် ကာ ဟက်ကာများ၏ရန်ကို တားဆီးပေးနိုင်သည့် အကာအကွယ်တစ်ခု ဖြစ်လာခဲ့လေပြီ။

ဟက်ကာများသည် အဖွဲ့အစည်းတစ်ခု၏ ပင်မကွန်ပျူတာကွန်ရက်အတွင်း သို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် ချိတ်ဆက်မှုကို အဓိကထားရှာဖွေ ကြခြင်းဖြစ်သည်။ ထိုအခါ ကာကွယ်လိုသည့် အဖွဲ့အစည်းများသည် ဟက်ကာများ၏ထင်မြင်ယူဆချက် ကို လှည့်စားနိုင်သောနည်းလမ်းများကို အသုံးပြုလာခဲ့ကြခြင်း ပင်ဖြစ်လေ သည်။ အာရုံလှည့်စားခြင်းနည်းပညာကို အခြေခံသော အမေရိကန်ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီ Trapx မှ တာဝန်ရှိသူ Ori Bach က “စစ်ပွဲတွေမှာ ကိုယ့်ရဲ့အခြေအနေမှန် ကို တစ်ဖက်ရန်သူ မသိနိုင်အောင် ကာကွယ်လှည့်စားတဲ့နည်းလမ်းဟောင်း ပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ် တပ်တွေ သုံးခဲ့တဲ့နည်းလမ်း မျိုးပေါ့။ တင့်ကားအတုတွေ ဖန်တီးတယ်။ လေကြောင်းအခြေစိုက်စခန်း အတုတွေဖန်တီးတယ်။ ရန်သူအထင် မှားစေမယ့် ဘယ်လိုပစ္စည်းအတု ကိုမဆို ဖန်တီးတယ်လေ။ ဒီနည်းလမ်းအတိုင်းပဲ ကွန်ပျူတာစနစ်မှာလည်း အစစ်အမှန်ကွန်ရက် နဲ့ ပုံစံတူတည်ဆောက်ထားတဲ့ ကွန်ရက်အတု အယောင်ကိုဖန်တီးပြီး ဟက်ကာတွေရဲ့ရန်က ကာကွယ်ဖို့ပါပဲ။ ကွန်ရက် အတုဟာ အစစ်ထက်ပိုပြီး ဟက်ကာတွေကို ဆွဲဆောင်မှုရှိနေဖို့လည်း လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Deception Technology နည်းပညာတွေထဲမှာ ဆိုက်ဘာ တိုက်ခိုက်မှု တွေ ကာကွယ်နိုင်ဖို့အဓိက အသုံးပြုနေကြတဲ့ ရေပန်းအစားဆုံး နည်းပညာ တစ်ခုက Honey Pot လို့သိကြတဲ့ နည်းလမ်း တစ်ရပ်ပဲဖြစ်တယ်လို့ Cymmetria ကုမ္ပဏီရဲ့တာဝန် ရှိသူ Joe Stewart က ဆိုပါတယ်။ Honey Pot ဆိုသည်မှာ ကွန်ပျူတာကွန်ရက်တစ်ခု၏ Server တစ်လုံးအဖြစ် ဟက်ကာများ ထင်မြင်လာစေရန် ဆင်တူယိုးမှားဖန်တီးထားသော ကွန်ပျူတာအတုအယောင်ပင်ဖြစ်၏။ ကြီးမားကျယ်ပြန့်သော ဆိုက်ဘာ လုံခြုံရေးအဖွဲ့အစည်းကြီးများတွင် ဟက်ကာများ၏ ရန်ကို ရှောင်ရှားနိုင် ရန် Honey Pot အမြောက်အမြား ကို အသုံးပြုလေ့ရှိ ကြောင်းလည်း Joe Stewart က ပြောကြားသွားခဲ့သည်။ သို့ရာတွင် Honey Pot ကို ဆွဲဆောင်မှုရှိစေရန်အတွက် ဟက်ကာများ ပစ်မှတ်ထားလေ့ရှိသည့် ငွေပေးချေမှုအချက်အလက်များ ၊ ဖောက်သည်များ၏ အတွင်းရေး အချက်အလက်များ၊ Login Data များ၊ ဥာဏပစ္စည်းအချက်အလက် တစ်စွန်းတစ်စတို့ကို ထည့်သွင်းပေးထားရန်လည်း လိုအပ်လိမ့်မည်ဖြစ် သည်။ သို့ရာတွင် ယင်း Data များကို ခြေရာခံလိုက်ခြင်းဖြင့် ပိုမိုရှုပ်ထွေး သောထောင်ချောက်များဆီသို့ ကျရောက်သွားစေ မည်ဖြစ်သလို ဒေတာ အစစ်အမှန်များနှင့်လည်း ပိုမိုအလှမ်းကွာဝေးသွားစေမည် ဖြစ်ကြောင်း သိရသည်။

ဟက်ကာများအနေဖြင့် အတုအယောင်ကွန်ရက်များတွင်ရှိသော ဒေတာအပိုင်းအစတစ်ခုနောက်ကို လိုက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏လှုပ်ရှားမှုအားလုံးကို Honey Pot က မှတ်တမ်းတင်ထား မည်ဖြစ်သည်။ မစ္စတာ Stewart က “ကွန်ရက် တစ်ခုကို ဟက်ကာတွေ စပြီး ထိုးဖောက်လိုက်တာနဲ့ အဲဒီလှုပ်ရှားမှုကို မှတ်တမ်းတင်လိုက်ပြီဖြစ် သလို တခြားကွန်ပျူတာစနစ်တွေ အားလုံးရဲ့ ကာကွယ်ရေး စနစ်တွေ ကိုလည်း ပိတ်ချလိုက်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ စီးပွားရေး အဖွဲ့အစည်းများအနေ ဖြင့် ဟက်ကာများဝင်ရောက်မှုကို သတိပြုမိနိုင် စွမ်းနည်းပါးလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဟက်ကာ တစ်ဦးအနေဖြင့် ၎င်းဝင်ရောက်ခဲ့သောကွန်ရက်တွင် လှုပ်ရှားမှုအဆင့် ဆင့်ကို ပြန်ဖျက်ပြီး ခြေရာ လက်ရာဖျောက်ထားခဲ့သောကြောင့်ပင်။ ချက်ချင်း မသိရှိပါက ၎င်းတို့ မည်သည့်ကွန်ရက်သို့ ၀င်ရောက်ခဲ့သည်၊ မည်သည့် Software များ အသုံးပြုသွားသည်ကို ခြေရာခံရန် ခဲယဉ်းပါ လိမ့်မည်။

ထို့အပြင် ဆိုက်ဘာရာဇ၀တ်ကောင်များ၏အာရုံကို လှည့်ဖျားနိုင်သော Deception System ကိုလည်း ကုမ္ပဏီ တော်တော်များများ အသုံးပြုလေ့ မရှိကြကြောင်း BAE ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ တာဝန်ရှိသူ Kelly Shortridge က ပြောကြား ခဲ့သည်။ သူမကတော့ ဟက်ကာများ၏ရန်ကို ကာကွယ်နိုင်ရေးအတွက် ရိုးရှင်းသောအိုင်ဒီယာကိုသာ အသုံးပြု သင့်ကြောင်း အကြံပြုသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဟက်ကာများကို အာရုံလှည့်စားသောနည်းလမ်းသည် အတုအယောင်ကွန်ရက်များဖြင့် အချိန်ကုန်စေခြင်း ပင်ဖြစ်တော့သည်။

Ref : (Deception tech helps to thwart hackers' attacks)

ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)

♪ “Hacker များကို အာရုံလှည့်စားခြင်း” ♫

Wednesday, August 23, 2017

လက်ကိုင်ဖုန်းမှတဆင့် သီချင်း၊ ဗွီဒီယို၊ APK File များ Share ပေးနည်း (Any Files)

=============================================
လက်ကိုင်ဖုန်းမှတဆင့် App,Music,Video,PC Software တစ်ခုခုကို သူငယ်ချင်း၊ မိတ်ဆွေတစ်ယောက်ယောက်ဆီ Share ပေးချင်တဲ့အခါ အလွယ်တကူ Share ပေးနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
 "APK File တွေ၊ Music MP3 သီချင်းတွေ၊ Video ဖိုင်လ်တွေကို ဘယ်လို Share ပေးရပါသလဲ" ? 
ပုံမှန်အားဖြင့် Online Storage တစ်ခုခု (သို့မဟုတ်) Free Hosting Site တစ်ခုခုမှာ Register လုပ်၊ Upload တင်ပြီး Download Link ကို Copy ကူးယူကာ Share ပေးရပါတယ်။
အဆင့်ဆင့် ပြုလုပ်ရတာကြောင့် အင်တာနက်နှင့် သိပ်မရင်းနှီးသေးသူအတွက်ဆိုရင် လွယ်ကူလိမ့်မယ်မထင်ပါဘူး။ Download Link မှ Ads ကြော်ငြာတွေကြောင့်လည်း
Download ဆွဲဖို့ဆိုတာ ပို၍ဝေးသွားစေပါလိမ့်မယ်။ Ads ကြော်ငြာတွေအကြောင်းကို  ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်။
အဲ့ဒီလို အဆင့်ဆင့်ပြုလုပ်စရာမလိုတော့ပဲ လူတိုင်းလည်းအလွယ်တကူ ပြုလုပ်နိုင်မဲ့ နည်းလမ်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
နည်းလမ်းကတော့
*************
1. RAR APK ကို Install လုပ်ပါ။ (Download Link)
2. File Manager မှ တဆင့် မိမိ Share လိုသည့် App (သို့) Files ကို တစ်စက္ကန့်မျှ ဖိပြီး Send => RAR => OK နှင့် Compress လုပ်ပါ။
3. RAR App မှာ စောစောကဖိုင်လ်ကိုဖွင့်ပြီး Select မှတ်ကာ Send မှ တဆင့် Share နိုင်/ပို့နိုင်ပါပြီ။
Good Luck!
Winkabarkyaw.Net