Wednesday, June 28, 2017

လွယ်ကူစွာတိုင်းတာနိုင်ရန် ပြုလုပ်ထားသော ဖုန်းဆော့ဝဲ


လွယ်ကူစွာတိုင်းတာနိုင်ရန် ပြုလုပ်ထားသော ဖုန်းဆော့ဝဲဖြစ်ပါသည်။
သစ် တန်၊ဈေးနှုန်း တွက်ခြင်း
ရွှေ ဈေးနှုန်း တွက်ခြင်း
စိန် ဈေးနှုန်း တွက်ခြင်း
ရေဝင် ဆန့် တွက်ခြင်း
အုတ်၊သဲ၊မြေ ကျင်း တွက်ခြင်း
မြေဧက တွက်ခြင်း များကို လွယ်ကူစွာ လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။
ဆော့ဝဲဒေါင်းရန်လင့်
 
 
 
 Credit - My Little Android Applications
 
 

ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ အသစ်ထွက်ပါ

ဒီဇိုင်းလန်းပြီးတော့ သွက်လက်မြန်ဆန်ပြီးပေါ့ပေါ့ပါးပါး အသုံးပြုနိင်တဲ့ facebook Application အသစ်ထွက်ပါ ဒီfacebook ဒီဇိုင်းက တော်တော်လန်းတယ် ဒီfacebook ကို အင်ဒိုနီးရှား ဆိုဒ် က မလာတယ်လိုပြောပါတယ် ရှားပါပစ္စည်းလေးပါ ဒီfacebook ကို အသုံးပြုလိုပါက အရင်ရှိပြီး facebook ကို ဖျက်ပြီးမှ အသုံးပြုရမှာပါ။
 
 
 
 
ဝင်းလှိုင်-နည်းပညာ
 
 

♪ " အူရီဒူးမြန်မာမှ အက်ပလီကေးရှင်းပေါင်း တစ်သိန်းကျော်ပါဝင်သည့် App Zone ကို စတင်မိတ်ဆက် " ♫


Image may contain: text
အူရီဒူးမြန်မာမှ အက်ပလီကေးရှင်းပေါင်း တစ်သိန်းကျော်ပါဝင်သည့် App Zone ကို စတင်မိတ်ဆက်ပေး ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ App Zone ကို အသုံးပြုသူများအနေဖြင့် အီးမေးလ်ဖြင့် မှတ်ပုံတင်စရာမလိုခြင်း (သို့) အသုံးပြုရန်အတွက် အချက်အလက်ဖြည့်သွင်းပြီး ဖွင့်ရခြင်းများ ပြုလုပ်စရာမလိုဘဲ App Zone ကို ဒေါင်းလုပ်ရယူရန်သာ လိုအပ်သည်။

App Zone ကို မိုဘိုင်းဖုန်းထဲသို့ ထည့်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် အက်ပလီကေးရှင်းများကို ဒေါင်းလုပ်လုပ်ပြီး စတင်ရယူနိုင်သည်။ အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford မှ “ ယခု အူရီဒူးကနေ မိတ်ဆက်ပေးလိုက်တဲ့ App Zone ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ အက်ပလီကေးရှင်းပေါင်းများစွာကို ဒေါင်းလုပ်ရယူနိုင်တဲ့ ၀န်ဆောင်မှုဖြစ်တာကြောင့် ကျွန်မတို့ အူရီဒူးမြန်မာရဲ့ အောင်မြင်မှုမှတ်တိုင် တစ်ခုဖြစ်လာစေခဲ့ပါတယ်။

ယခင်က ဒေါင်းလုပ်ပြုလုပ်ခွင့်မရခဲ့တဲ့ အက်ပလီကေးရှင်းတွေကို ယခုအခါမှာတော့ App Zone ကတဆင့် ရယူနိုင်ပြီဖြစ်ပါတယ်။ အူရီဒူးမြန်မာရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံသားတွေ အင်တာနက်ချိတ်ဆက် အသုံးပြုခြင်းဖြင့် တောက်ပကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေလိုပါတယ်။ အခု မိတ်ဆက်ပေး လိုက်တဲ့ အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် အူရီဒူးမြန်မာရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေဟာ ယခင်ကအသုံးပြုခွင့်မရတာတွေကို သုံးခွင့်ရတော့မှာဖြစ်တဲ့အတွက် နှစ်သက်ကျေနပ်ကြလိမ့်မယ်ဟု မျှော်လင့်မိပါတယ် ” ဟု ဆိုသည်။

အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် App Zone ကို http://zone.ooredoo.com.mm/mm/appzone.aspx မှာ ရယူနိုင်သလို *7799# သို့ ဖုန်းခေါ်ဆို၍လည်း ရယူနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫


Image may contain: one or more people, phone and text
မေး - Android ဖုန်းတွေမှာ Developer Option ဖော်ပြီးသွားရင် ပြန်ဖျောက်လို့ရပါသလား။
ဖြေ - ရပါတယ်။ Setting ထဲက Application ထဲသွားပါ။ Application Manager ထဲက More ကိုနှိပ်ပါ။ ပြီးရင် Show System Apps ကိုနှိပ်ပြီး Setting ကိုထပ်နှိပ်ပါ။ Storage ကိုနှိပ်ပါ။ Clear Data ကိုနှိပ်ပြီး Delete ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Developer Option ပြန်ပျောက်သွားပါပြီ။ ဒါပေမယ့် Gmail ထည့်သွင်းထားတဲ့ Phone တွေအတွက် Frp Lock မကျစေရန် Oem Unlock ကို အမှန်ခြစ်ပေးပြီးမှလုပ်ပါ။ Setting ကို Reset ချသလိုဖြစ်သွားတဲ့အတွက် မြန်မာဖောင့်များပျက်သွားရင် ပုံမှန်အတိုင်း ပြန်လည်ထည့်သွင်း အသုံးပြုလို့ ရပါတယ်။

 မေး - အစ်ကိုရေ ကျွန်တော့် Honor-U10 ဖုန်းလေး ရေနည်းနည်းစိုသွားတာဗျာ။ အခုဖုန်းက Touch ဆွဲလို့ တော့ရတယ်။ အောက်ဘားကီးလေးတွေ နှိပ်လို့မရတော့ဘူး။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Touch လဲမှ အဆင်ပြေမှာပါ။ မလဲချင်ဘူးဆိုရင်တော့ Easy Touch App ကို Download ဆွဲပြီးသုံးပေါ့ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော်ကိုင်တဲ့ Xiaomi ဖုန်းလေးမှာ Facebook Messenger က CB အလုံးလေးက တစ်ဖက်လူက စာပို့ရင် Messenger အလုံးလေးပေါ်မလာဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ။ ပြောပြပါ။
ဖြေ - ဟုတ်ကဲ့။ ဒါက Xiaomi ဖုန်းတွေမှာ တစ်ခါတစ်လေဖြစ်တတ်ပါတယ်။ CB က Messenger အလုံးလေး ပြန်ဖော်ချင်လျှင် Setting > Permissions > Permissions > Messenger Application ကိုရှာပြီးဝင်လိုက်ပါ။ ပြီးလျှင် Display Pop-up Windows ကို အမှန်ခြစ်ပေးလိုက်ပါ။

 မေး - မင်္ဂလာပါအစ်ကို။ ကျွန်တော့်ဖုန်းမှာ Zapya နဲ့ File Transfer လုပ်ရင် apk File နဲ့ တခြား Data ကူးလို့ရပေမယ့် MP3 File ကူးရင် Fail ပြနေလို့ပါ။ SD Card လဲကောင်းပါတယ်။ Storage လဲ မပြည့်သေး ပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာလေး ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့။ မင်္ဂလာပါအစ်ကို။ Storage မပြည့်ဘဲ Zapya နဲ့ ကူးရင် Fail ပြတာက Zapya Version အနိမ့် (သို့) အမြင့်ချိန်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ ကျေးဇူးတင်ပါတယ်။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါကီးနှိပ်လိုက်တာနဲ့ Logo လည်ပြီး Home Screen ရောက်မှ ပါဝါ ပြန်ပိတ်သွားတယ်။ ဘာဖြစ်တာလဲဆရာ။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုအဲ့ဒါက Battery Error ပါ။ ဘက်ထရီအသစ် ထည့်သုံးရင် ပြန်ကောင်းသွားနိုင်ပါတယ်။ Battery Ampera Cell ခန်းသွားလို့ဖြစ်တာပါ။

 မေး - အစ်ကိုရေ ကျွန်တော့် Phone က နားကြပ်မထိုးဘဲ နားကြပ်ပုံပေါ်နေတယ်။ အသံလည်းမကြားရဘူး။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်။ အစ်ကို Phone က V လိုင်းပျောက်နေလို့ပါ။ V လမ်းကြောင်းစစ်ပေးရပါမယ်။

 မေး - ကျွန်တော့်ဖုန်းက Ooredoo Card နဲ့ Telenor Card ခဏခဏပြောင်းသုံးနေပါတယ်။ အခု MPT Card ထည့်သုံးတော့လိုင်းမမိတော့ဘူးဗျ။ အဲ့တာ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ရဲ့ဖုန်းက C, G နှစ်ကတ်သုံးဆိုရင်တော့ အရင်ဆုံး Farmware အရင်ရေးကြည့် သင့်ပါတယ်။ GSM တစ်ကတ်သုံး ဖုန်းတွေမှာဆိုရင်တော့ Network အတွက် အလုပ်လုပ်ပေးတဲ့ PA IC ကြောင့်ဖြစ်တတ်ပါတယ်။ Sim Card တွေကို အဲ့လိုခဏခဏပြောင်းပြီး မသုံးသင့်ပါဘူး။ အဆင်ပြေပါစေဗျာ။

 မေး - Facebook ဖွင့်လိုက်ရင် Facebook ထဲမှာ စာတွေတက်ဖို့ အရမ်းကြာနေလို့ ပြီးတော့ Command တွေရေးဖို့ဖတ်ဖို့ဆိုရင်လည်း ကြာနေတယ်လို့ ခံစားရပါတယ်။ အဲ့လိုမဖြစ်အောင် ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - ဟုတ်ကဲ့။ ဒါဟာဘာကြောင့်လဲဆိုတော့ Facebook ကိုနေရာ မျိုးစုံကနေ Devices မျိုးစုံနဲ့ ချိတ်ဆက်အသုံးပြုလာတာတွေကြောင့် Active Session က မှတ်သားထားတာကြာလေ သုံးရတာလေးလေဖြစ်လာတာပါ။ ဒါဆိုရင်တော့ Facebook ရဲ့ Setting ထဲကိုသွားပါ။ Account Setting ထဲထပ်ဝင်ပြီး Security ထဲသွားပါ။ ပြီးရင် Active Sessions ထဲမှာရှိတဲ့ အရာတွေအားလုံးကို ဖြုတ်လိုက်ရင် Facebook ရဲ့ Status တွေက အရင်ကထက်ပိုမြန်လာမှာဖြစ်ပါတယ်။ စမ်းကြည့်လိုက်ပါ။ အဆင်ပြေပါစေ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

♪ “MPT မှ 150 Mbps အမြန်နှုန်းအထိ ရရှိနိုင်မည့် LTE+ ကွန်ရက်သစ်မိတ်ဆက်” ♫


No automatic alt text available.
MPT မှ မြန်နှုန်းနှစ်ဆတိုးမြှင့်လိုက်ပြီး 150 Mbps အမြန်နှုန်းအထိ ရရှိနိုင်မည့် LTE+ ကွန်ရက်သစ် မိတ်ဆက်လိုက်ကြောင်း သတင်း ထုတ်ပြန်ပါသည်။ ၂ ဆတိုးမြန်ဆန်သည့် မိုဘိုင်းဒေတာ အမြန်နှုန်းကို မြို့ကြီး များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရင်ဆုံးရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး နိုင်ငံအနှံ့ အပြားရှိအခြားသော မြို့များတွင်လည်း မကြာမီမိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

MPT အနေဖြင့် နောက်ဆုံးပေါ် 4x4 Multiple Input Multiple Output (MIMO) နည်းပညာ ကိုအသုံးပြုပြီး ဆောင်ရွက်ထားသဖြင့် 4G/LTE 2x2 MIMO ထက်ပိုမိုသာလွန်ကောင်းမွန်ကာ ဒေတာ အမြန်နှုန်းကို ယခင်က ထက် ၂ ဆ ပိုမိုမြန်ဆန်စွာ ပေးစွမ်းနိုင်ပြီဖြစ်ပါသည်။ 4x4 MIMO ကို အသုံးပြုထားခြင်း ကြောင့် သုံးစွဲသူ၏ မိုဘိုင်းဆက်သွယ်ရေးပစ္စည်းနှင့် ဆက်သွယ်ရေးတာဝါတိုင်မှ ထုတ်လွှင့်ဖမ်းယူသည့် Cell ပမာဏမှာ ၂ ဆအထိတိုးတက် ဖမ်းယူထုတ်လွှင့်နိုင်ခြင်းဖြစ်သည်။ ယင်းသို့သော လမ်းကြောင်း ၄ ခုကို အသုံးပြုခြင်းဖြင့် ကွန်ရက်အပေါ်မူတည်ပြီး စုပေါင်းကာ အလွန်ပင်လျင်မြန်သည့် အမြင့်ဆုံးသော ဒေတာစီး ဆင်းမှုနှုန်းကို ရရှိအသုံးပြုနိုင်မည်ဖြစ်ပါသည်။

LTE+ အင်တာနက် အမြန်နှုန်းကို ၇၅ Mbps မှ ၁၅၀ Mbps အထိ တိုးမြှင့်ရယူနိုင်စေမည်ဖြစ် သည့်အတွက် အခြားဝန်ဆောင်မှုများ ထက်သာလွန်ကောင်းမွန်သော မိုဘိုင်း အင်တာနက်သုံးစွဲမှု အတွေ့အကြုံကို MPT ၏ LTE+ ကွန်ရက် မှတစ်ဆင့် အကောင်းဆုံးရရှိခံစား အသုံးပြုနိုင် မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 

Thursday, June 22, 2017

♪ Android ထံကနေ ကော်ပီကူးထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် (၆) ခု ♫


စမတ်ဖုန်း အသုံးပြုသူများမှာ အဓိက အုပ်စု နှစ်ခု ရှိပါတယ်။ အဲဒါကတော့ Apple ရဲ့ iOS နဲ့ Android တို့ ဖြစ်ပါတယ်။ Apple က မကြာခင်က iOS 11 ကို မိတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ချက် အသစ်များဟာ Android မှာ အသုံးပြုနိုင်နေတာ နှစ်များစွာ ကြာပါပြီ။ XEETECHCARE က Android ထံမှ ကော်ပီကူးထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် (၆) ခု အကြောင်းကို YouTube မှာ ဗီဒီယိုဖြင့် နှိုင်းယှဉ် သရုပ်ပြထားပါတယ်။

Android ထံကနေ ကော်ပီကူးထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် (၆) ခု
ပထမဆုံး စွမ်းဆောင်ချက် တစ်ခုက iOS 11 ရဲ့ One-Handed Keyboard ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Samsung Phones များမှာ အသုံးပြုနိုင်တာ ကြာပါပြီ။ Bagan Keyboard မှာတောင် ဒီစွမ်းဆောင်ချက် ပါရှိပြီးသားပါ။

ဒုတိယကတော့ iOS 11 ရဲ့ Advanced Screenshot Tool ဖြစ်ပြီး Samsung Phone များမှာလို Screenshot ရဲ့ Thumbnail ကို စကရင်အောက်ခြေမှာ ပြသထားပြီး အဲဒါကို နှိပ်ရင် Editing Tools များကို အသုံးပြုနိုင်ပါတယ်။







နောက်တစ်ခုက Users များ အသုံးပြုမှု အများဆုံး Features များရဲ့ Shortcuts များကို Customize လုပ်နိုင်တဲ့ iOS 11 ရဲ့ Control Center အသစ်ပါ။ Samsung Phone များမှာ ဒီ Shortcuts များကို Quick Actions လို့ ခေါ်ပြီး ထည့်သွင်းပေးထားတာ နှစ်များစွာ ကြာပါပြီ။ iOS Users များကတော့ အခုမှ အသုံးပြုနိုင်မှာပါ။ Android ထံကနေ ပုံတူကူးချထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် နောက်တစ်ခုက Notification ဖြစ်ပါတယ်။ iOS 11 မှာ Lock Screen တွင် Notification Preview များကို ဖျောက်နိုင်ပါပြီ။ ဒီလို Settings များကို Android နဲ့ Samsung Phone များမှာ သုံးနိုင်တာ ကြာပါပြီ။

iOS 11 မှာ App တစ်ခုရဲ့ Documents နဲ့ ဒေတာများကို သိမ်းဆည်းထားပြီး မလိုအပ်တဲ့ ဒေတာများကိုသာ ရှင်းလင်းပေးတဲ့ Offload Apps အမည်ရ စွမ်းဆောင်ချက် အသစ်ပါလာပါတယ်။ ဒါဟာ Android မှ Cache များ ရှင်းလင်းတဲ့ စွမ်းဆောင်ချက်မျိုး ဖြစ်ပါတယ်။ Android မှာတော့ ဒေတာများ ရှင်းလင်းခြင်း၊ App ကို စီမံခန့်ခွဲခြင်းများကိုပါ အဲဒီကနေ ပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ iOS 11 ရဲ့ Screen Recording Tool ဖြစ်ပြီး စကရင်မှာ ဖြစ်နေတာတွေကို ဗီဒီယို ဖမ်းယူပေးတဲ့ Samsung Phone များမှ စွမ်းဆောင်ချက်နဲ့ အလွန် ဆင်တူပါတယ်။ Samsung Galaxy S8 မှာ လျှင်မြန်စွာ Screen Recording ပြုလုပ်တဲ့ စွမ်းဆောင်ချက် ပါပါတယ်။

ဒီစွမ်းဆောင်ချက်များဟာ Android ထံကနေ ကော်ပီကူးထားတာ ထင်ရှားပါတယ်။ Apple က မိတ်ဆက်ပွဲမှာ ယခင်လို ပထမဆုံး မိတ်ဆက်လိုက်တယ်ဆိုတဲ့ စကားကို မသုံးသွားဘဲ အဓိက စွမ်းဆောင်ချက်များလို့သာ ကြေညာသွားပါတယ်။



Credit to ==> DigitalTimes.com.mm
 
 


Monday, June 19, 2017

ဖုန်း Service သမားများအတွက် Service သမား လက်စွဲ - ၂



Service သမား လက်စွဲ - ၁ ကို အောင်မြင်စွာနဲ့ Service ဆရာတွေအတွက် အဆင်ပြေစွာ ထုတ်လာပြီး နောက်ပိုင်းမှာ အခုတစ်ခါ Service သမား လက်စွဲ - ၂ ထွက်ရှိလာပါပြီ။

Service သမား လက်စွဲ - ၂ မှာ ပါဝင်မဲ့အကြောင်းအရာတွေကတော့
All in One FRP Lock Solution မှာ ဆိုရင်
Huawei , Samsung , Oppo , Vivo , Sony , Lenovo , Kenbo , Gionee , HTC , LG , ZTE , MTK , Qualcomm , SPD တို့ရဲ့ FRP Solution ကို ပုံနှင့် စာတွေနဲ့ တကွ ဖော်ပြပေးထားပါသည်။
ဒီ မော်ဒယ်တွေကို လုပ်တတ်ပြီဆိုတာနဲ့ တစ်ခြားမော်ဒယ်တွေ အကုန်လုံးနီးပါးလောက် လုပ်တတ်သွားပါလိမ့်မည်။
All in One Myanmar Font မှာ ဆိုရင်
Android Version 2.3.6 ကနေ 7.1.1 အထိကို
Root မလိုဘဲ မြန်မာစာဖောင့် ထည့်နည်းများ၊ Root ဖောက်ပြီး မြန်မာစာဖောင့် ထည့်နည်းများ၊ Manually ကြိုက်သူများအတွက် Manually မြန်မာစာဖောင့် ထည့်နည်းများ ၊ One Click ကြိုက်သူများအတွက် One Click မြန်မာစာဖောင့် ထည့်နည်းများ၊ စတာတွေကိုလည်း User အနေနဲ့ရော Service ဆရာတွေ အနေနဲ့ပါ လုပ်ပေးထားပါသည်။
Premium Account များ ရယူနည်း
sammobile.com , samsung-update.com , samsung-firmware.org , pcloud များတွင်လည်း Member ၀င်စရာ မလိုဘဲ ၊ Premium Account ၀ယ်စရာ မလိုဘဲနဲ့ Resume Link များ ၊ Premium Link များ ဆွဲလို့ရအောင် အသုံးပြုလို့ ရအောင် ထည့်သွင်းပေးထားပါသည်။
Pattern , Pin , Password Lock ဖြုတ်နည်းများ
ဒီအကြောင်းမှာလည်း Qualcomm , MTK , Sasmung ဖုန်းများတွင် Pattern , Pin , Password Lock ကျနေပါက အထဲက Data တွေ မပျက်ဘဲ မိမိကိုယ်တိုင် ဖျက်လို့ရအောင်လည်း ထည့်သွင်းပေးထားပါသည်။ 
" #DVD ခွေလည်း ပါဝင်ပါသည်။ အဲ့အထဲမှာ short link.txt လေးကို ကြည့်ပြီး frp unlock လုပ်ဆောင်နိုင်ပါသည်။ "

ကဲ Service ဆရာတွေအတွက် ၀ယ်ထားသင့်တဲ့ စာအုပ်လေးဆိုရင်လည်း မမှားပါဘူးခင်ဗျာ။
ရန်ကုန် ၊ မန်းလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ မြစ်ကြီးနား ၊ သံဖြူဇရပ် ၊ တောင်ကြီး ၊ တောင်ငူ ၊ ဖြူး ၊ မိတ္ထီလာ ၊ စစ်တွေ ၊ ဘားအံ့ ၊ လွိုင့်ကော် ၊ ပုသိမ် ၊ ဖျာပုံ ၊ ဟင်္သာတ ၊ ဘိုကလေး ထိုင်း စသည်တို့မှာ ရရှိမည် ဖြစ်ပါသည်။
ရန်ကုန် ၊ မန်းလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် အနေနဲ့
ကိုပေါက်စ ( ဖြန့်ချီရေး ကိုယ်စားလှယ် ) ၊ Sky , Nice , Fone Club , Master , Net Point ( ပြင်ဦးလွင် ) ၊ iLike ( နေပြည်တော် ) ၊ B3 Mobile ( နေပြည်တော် ) စသည့်ဆိုင်များမှာ လက်လီ၊ လက္ကားများလည်း မှာယူ ရရှိနိုင်ပါသည်။
ဝယ်လို့ရမည့် မြို့နယ်များစာရင်းကို ဒီလင့်ကနေ ကြည့်ရှူနိုင်ပါသည်။
https://m.facebook.com/xiaomisamsungbasicadvance/posts/819238184900324
တစ်ချို့နယ်တွေအတွက် အပေါ်က လင့်လေးကို နှိပ်ကြည့်ပြီး ကိုပေါက်စ ၊ Sky , Nice , Fone Club , Master စသည့်တို့ကို ဖုန်းဆက်မေးပြီး မိမိတို့၏ နယ်ကို ပို့ပေးတယ်နော်.. ဟလို သာ လုပ်လိုက်ပါ။ မရောက်သေးတဲ့ နယ်တွေကို ပို့ပေးပါလိမ့်မည်။
ဒါ့အပြင် ဒီတစ်ပတ် အင်္ဂါနေ့ 20.6.2017 ရက်နေ့မှာလည်း မြေနီကုန်းမှာ နေ့လည် ၃နာရီကနေ ညနေ ၆နာရီအထိ ပညာဒါနလေး ရှိပါသေးတယ်ခင်ဗျာ။ Service သမားလက်စွဲ - ၂ T-Shirt လေးလည်း ရပါမည်။ အစားအသောက်လည်း ကျွေးအုန်းမှာပါခင်ဗျာ.. ပြီးတော့လည်း ပွဲနေ့မှာ စာအုပ်ကိုလည်း ပုံမှန် ၁၃၀၀၀ကျပ် ရောင်းချရာမှာ အဲ့နေ့မှာလည်း ၁၀၀၀၀ကျပ်နဲ့ေ၇ာင်းချပေးအုန်းမှာနော်... မည်သူမဆို လာနိုင်ပါတယ်ခင်ဗျာ...အားလုံးဘဲ ကျေးဇူးတင်ပါသည်။ ဟောပြောပွဲနဲ့ စာအုပ်မိတ်ဆက်ပွဲပြင်ပ နေရာတွေမှာတော့ " စာအုပ် တန်ဖိုး - ၁၃၀၀၀ ကျပ် " နဲ့ ဝယ်ယူရရှိနိုင်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 
 

♪ Android အတွက် အသုံးဝင်တဲ့ Tips & Tricks များ ♫


Android ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Mobile Operating System ဖြစ်တာနဲ့ အညီ စွမ်းဆောင်ချက် အသစ်များကို အစဉ်အမြဲ ထည့်သွင်းပေးနေပါတယ်။ Android မှာ စွမ်းဆောင်ချက်များစွာ ရှိတဲ့အတွက် အားလုံးကို သိနားလည်ဖို့တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ အခု Tutorial မှာတော့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်။

၁။ App Notification များကို Disable လုပ်ပါ။

သင် သိပ် အသုံးမပြုတဲ့ App မှ Notification များကို မြင်ရတာ စိတ်ရှုပ်ရင်တော့ ပိတ်ထားနိုင်ပါတယ်။ Android 4.1 နဲ့ အထက် ဖုန်းများမှာ အောက်ပါ နည်းအတိုင်း ပြုလုပ်ပါ။
• Notification Bar မှ Notification ကို ဖိထားပါ။
• ပေါ်လာတဲ့ စကရင်မှ App Info ကို နှိပ်ပြီး Show Notification ကို Off လုပ်ပါ။

၂။ မိုဘိုင်းဒေတာ အသုံးပြုမှုကို ကန့်သတ်ပါ။
သင့်ရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုကို လေ့လာစောင့်ကြည့်ပြီး ထိန်းချုပ်ထားမှသာ ငွေကြေး ကုန်ကျမှု သက်သာမှာ ဖြစ်ပါတယ်။
• Settings> Data Usage ထဲသွားပါ။
• သင် တစ်လမှာ သုံးမယ့် ဒေတာ ပမာဏကို အ၀ါရောင်လိုင်းဖြင့် သတ်မှတ်ပါ။
• သင် ရည်မှန်းထားတဲ့ လရဲ့ အစနဲ့ အဆုံးရက်များကို သတ်မှတ်ပါ။
ဒါဆိုရင် သင် သတ်မှတ်ထားတဲ့ ဒေတာ ပမာဏကို ရောက်ရှိရင် သင့်ကို သတိပေးမှာပါ။

၃။ Google အကောင့်များစွာကို ထည့်သွင်းပါ။

Android ကို သုံးဖို့အတွက် Google အကောင့်တစ်ခု ရှိရင် အဆင်ပြေပါပြီ။ ဒါပေမယ့် သင့်မှာ အကောင့်များစွာ ရှိရင်လည်း ထည့်သွင်းထားနိုင်ပါတယ်။
• Settings> Add account ထဲသွားပါ။
• Google ကို ရွေးချယ်ပြီး သင့်အကောင့်ကို ထည့်သွင်းပါ။
• ပြီးရင် Sync လုပ်ချင်တဲ့ အရာများကို ရွေးချယ်ပေးပါ။

၎။ Automatic App Update များကို ပိတ်ပါ။
သင့်ဖုန်းမှ App များဟာ အလိုအလျှောက် Update ပြုလုပ်နေရင် မိုဘိုင်းဒေတာ ကုန်ကျမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Automatic App Update များကို ပိတ်ထားသင့်ပါတယ်။
• Play Store ကို ဖွင့်ပြီး Settings ထဲသွားပါ။
• Auto-update apps ထဲသွားပါ။
• Do not auto-update apps ကို ရွေးပေးပါ။
ဝိုင်ဖိုင် ဆက်သွယ်မှုကို ရမှသာ Auto Update လုပ်ချင်ရင်လည်း အဲဒီမှာ ရွေးချယ်နိုင်ပါတယ်။

၅။ Android System Update ကို စစ်ဆေးနည်း
သင့်ဖုန်းအတွက် Android OS Update များ ရရှိပြီလားဆိုတာကို စစ်ဆေးချင်ရင် အောက်ပါ နည်းအတိုင်း ပြုလုပ်ပါ။
• Settings> About phone/tablet ထဲသွားပါ။
• System updates ကို နှိပ်ပါ။
• Check now ကို နှိပ်ပါ။

၆။ Default Apps များကို ပြောင်းလဲပါ။
ဝက်ဆိုက်များ ကြည့်ဖို့အတွက် Chrome ကို အသုံးပြုခြင်းလို အလုပ်တစ်ခုအတွက် သုံးမယ့် Default Apps များကို သင်က သတ်မှတ်ထားတယ် ဆိုပါစို့။ Default Apps များကို ပြောင်းလဲချင်ရင် အောက်ပါအတိုင်း ပြုလုပ်ပါ။
• Settings > Apps ထဲသွားပါ။
• All Tab ကို ရွေးချယ်ပါ။
• Default အဖြစ်ကနေ ဖယ်ရှားချင်တဲ့ App ကို ရွေးချယ်ပါ။
• Clear defaults ကို နှိပ်ပါ။

၇။ Animation များကို ပိတ်ပါ။
Animation များကို ပိတ်ခြင်းဖြင့် သင့်ဖုန်းကို လျှင်မြန်စေပါတယ်။ ဒီလို ပိတ်ဖို့အတွက် Settings ထဲမှ Developer Options ကို သုံးရမှာ ဖြစ်ပါတယ်။ သင့်မှာ Developer Options ကို မရသေးရင် Settings ထဲမှ About Devices ထဲမှ Build Number ကို အကြိမ်များစွာ နှိပ်ပေးရမှာ ဖြစ်ပါတယ်။ You are now developer စာသားကို မြင်ရရင်တော့ သင့်အတွက် Settings အောက်မှာ Developer Options ကို သုံးနိုင်ပါပြီ။

Developer Options ထဲမှာ Window animation scale, Transition animation scale နဲ့ Animator duration scale တို့ကို ရှာပြီး Disable လုပ်ပါ။



Credit to ==> DigitalTimes.com.mm
 
 
 

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


Image may contain: 1 person, smiling, sitting
မေး - Android Phone များ ကိုင်ဆောင်သူအတွက် လျှို့ဝှက်ကုတ်လေးတွေကို လိုချင်ပါတယ်။ စမ်းသပ်နိုင်ရန်အတွက် ရေးပေးစေလိုပါတယ်။
ဖြေ - အစ်ကိုတို့ရေ Android Phone များ ကိုင်ဆောင်သောသူများ စမ်းကြည့်ရန် လျှို့ဝှက်ကုတ်လေးများ တချို့ဖုန်းများ အဆင်ပြေသည်။ တစ်ချို့ Phone များ အဆင်မပြေပါ။ အနီးစပ်ဆုံး ရေးပေးထားပါသည်။ Test လုပ်ရန်ကုတ်များ - *#*#0588#*#*-Proximity Sensor Test, *#*#2664#*#*-Touch Screen Test, *#*#2663#*#*-Touch Screen Vesion, *#*#O*#*#*-LCD Test, *#*#0673#*#* (or) *#*#0289#*#*-Melody Test, *# *#0842#*#*-Device Test (Vibration Test and BackLight Test), *#*#3264#*#*-RAM Version, *#*#0283#*#*-Packet Loopback, *#*#232331#*#*-Bluetooth Test, *#*#232337#*# - Bluetooth Device Address ကိုပြခြင်း၊ *#*#232338 #*#*-WiFi MAC Address ကိုပြန်ချင်း၊ *#*#1472365#*#*-GPS Test, *#*#15 75#*#* - အခြား GPS Test ။

မေး - အစ်ကိုတို့ရေ မိမိဖုန်းတွင်ရှိသော Data များကို ဖျက်ချင်လျှင်လည်းကောင်း၊ သိမ်းချင်လျှင်လည်းကောင်း ကုတ်နံပါတ်လေးနဲ့ အလွယ်တကူလုပ်နည်းလေး ပြောပြပေးပါခင်ဗျာ။
ဖြေ - Reset လုပ်ခြင်း ကုတ်နံပါတ်ကတော့ *2767*3855 # - Factory Setting သို့ ပြန်လည် Rest လုပ်ပေးပါတယ်။ ထို့ကြောင့် ယင်းကုတ်ကိုအသုံးပြုလျှင် File များ၊ Setting များ ပျက်ကုန်ပါမယ်။ *#*#7780 #*# - Factory Data Reset လုပ်ခြင်းဖြစ်သည့်အတွက် ဖုန်းထဲတွင်သိမ်းဆည်းထားသော Google Account Setting များ၊ Download လုပ်ထားသော Application များ၊ System နှင့် Application Data နှင့် Setting များ ဖျက်ပစ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါကီးနှိပ်လိုက်ရင် Home Key, Back Key, Menu Key အကုန်မီးလင်းပြီး LCD မလင်းဘူး။ ဘာဖြစ်တာလဲမသိဘူး။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ပါဝါကီးနှိပ်လို့မှ အလင်းမထွက်ရင် LCD ကို လဲပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့် Samsung ဖုန်းလေး Camera ဖွင့်လို့ မရဘူး။ Camera Fail ဆိုတဲ့ စာတန်းလေးပြနေတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ ကူညီပါဦး။
ဖြေ - ဟုတ်ကဲ့။ အရင်ဆုံး Setting ထဲကိုဝင်ပြီးလျှင် Applications > All > Camera > Clear Data > Forcestop ကိုနှိပ်ပါ။ ပြီးလျှင် Reboot ချပြီး ပြန်စမ်းကြည့်ပါ။ မရသေးပါက Main Camera လဲပေးပါ။

 မေး - အစ်ကိုရေ ကျွန်တော့် Phone က အားသွင်းလိုက်ရင် Power သေသွားတယ်။ အားသွင်းကြိုးဖြုတ်၊ Battery ဖြုတ်ပြီး ပြန်ထည့်ပြီး Power နှိုးရင် ရတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က USB ခေါင်း Short ဖြစ်နေလို့ပါ။ USB ခေါင်းလဲပေးရပါမယ်။ မရသေးရင်တော့ လမ်းကြောင်းလိုက်ရမှာပါ။

 မေး - Facebook မှာ Status တွေတက်ဖို့ အရမ်းကြာနေလို့။ ပြီးတော့ Comment တွေလည်း ဖတ်ဖို့ဆိုရင် မကြာအောင် ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - Facebook ကို နေရာမျိုးစုံက Device မျိုးစုံနဲ့ ချိတ်ဆက်အသုံးပြုလာတာကြာလာလို့ လေးလံလာတာပါ။ ဒါဆိုရင် Facebook Setting ထဲသွားပါ။ Account Setting ထဲဝင်ပြီး Security ထဲသွားပါ။ ပြီးရင် Active Session ထဲမှာရှိတဲ့ အရာတွေအားလုံးဖြုတ်လိုက်ရင် အရင်ထက် ပိုမိုမြန်ဆန်လာမှာပါ။

 မေး - ဆရာ ကျွန်တော့်ဖုန်းက 730-U00 ပါ။ ရေ၀င်ထားတာပါ။ Logo တင်ရပ်နေပါတယ်။ Firmware တင်တော့လည်း Vibrate တစ်ချက်တုန်ပြီး ဘာမှတက်မလာပါဘူး။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - Firmware ပြန်တင်လို့မှ အဆင်မပြေဘဲ Logo မှာ တင်ရပ်နေရင်တော့ PWR IC ဘေးက Crystal ကို အရင်လဲလိုက်ပါ။ ပြီးမှ SW ပြန်ရေးကြည့်ပါ။ အဲဒါမှမရရင်တော့ EMMC လဲလိုက်ပါခင်ဗျာ။

 မေး - ကျွန်တော့်ဖုန်းက G610 ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။
ဖြေ - G610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover လဲလိုက်ရင်တော့ ရတတ်တာမျိုးရှိပါတယ်။ Network ငုတ်လေးတွေ ကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Saturday, June 17, 2017

Myanmar Application Centre.apk Version ထွက်ပြီ

အင်တာနက်လေး ၅ မိနစ်ဖွင့်ရုံနဲ့ 
Myanmar Developerတွေရေးသားထားတဲ့Applicationများ၊
 နည်းပညာသတင်းများကို အချိန်နှင့်တပြေးညီ ဖတ်ရှုသိရှိနိုင်တဲ့ 
Myanmar Application Centre.apk ဖြစ်ပါတယ်.. 

ဓါတ်ပုံကို အပြည့်ပေါ်စေမှာဖြစ်ပြီး သတင်းရယူချိန်မှာလည်း
 မြန်ဆန်သွက်လက်ပါတယ်.. 
နည်းပညာသတင်းရယူခြင်း၊ ဖျက်ခြင်း၊ မှတ်သားခြင်းတွေကို 
App ထဲမှာတင်ပြုလုပ်နိုင်ပါတယ်……
အလွယ်တကူကြည့်ဖို့ဒေါင်းချင်ရင်တော့အောက်ကလင့်မှာဒေါင်းယူပါ
                                                                  Download Now
 
 
 

ProShot app




ကဲ...

အခုတစ်ခါတော့ ProShot ဆိုတဲ့ App တစ်ခုနဲ့ ရင်းနှီးသွားအောင်

ကျွန်တော်ကပဲ စတင်ပြီးမိတ်ဆက်ပေးပါရစေ။

Camera နဲ့ Photo ရိုက်နေကြတာ Mobile User တော်တော်များများတွေ့ရပါတယ်။

ယခု ProShot ဆိုတဲ့ App ကတော့ ဖုန်းရဲ့ မူလပါတဲ့ Original Camera ထက်ကို

ပိုမိုပြီး ဆန်းသစ်အောင် Feature ဆန်းဆန်းလေးတွေ ထည့်သွင်းပေးထားတာကို

တွေ့ရတယ်။ သူထည့်သွင်းထားတဲ့ Feature တွေဟာလည်း

Mobile Devices တိုင်းလိုလိုမှာ အစဉ်ပြေပြေ ကြည်ကြည်လင်လင် လုပ်ဆောင်ပေးနိုင်တာကိုလည်း

တွေ့ရတယ်။

အခု အဆိုပါ App ရဲ့ ထူးခြားချက်လေးတွေကို အနည်းငယ်ပြောပြပေးပါမယ်။

အဲ့ဒါတွေကတော့ -

- ညဘက် ကင်မရာရိုက်တဲ့အခါ၊ မှောင်နေတဲ့နေရာမျိုးမှာ တစ်ခြား Camera App တွေထက်

- ပိုပြီးကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သည့်အပြင်၊ Exposure ကိုလည်း

   Limit Zero ထိ လျှော့ချပေးနိုင်တယ်။

- ကိုယ့်စိတ်ကြိုက် Mode အမျိုးမျိုးကို ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။

- ရုပ်ထွက်ကိုလည်း HD အရည်အသွေးနဲ့ ရိုက်ကူနိုင်ပါတယ်။

အစရှိသဖြင့်အများကြီးပါဝင်ပါတယ်။

အဆိုပါ App ကို အသုံးပြုချင်တယ်ဆိုရင်တော့

Android Version 4.0 မှ 5.0.4 အထိတွင် Install လုပ်ကာ အသုံးပြုနိုင်ပါသည်။

From pCloud

Mirror Link

 

 
 
 
 

Oppo ဖုန်းတွေအတွက် Firmware ကိုလွယ်လွယ်ကူကူရှာပေးနိုင်မယ့် Oppo Model Finder 1.1



Oppo ဖုန်းတွေအတွက် Firmware ကိုလွယ်လွယ်ကူကူရှာပေးနိုင်မယ့် Oppo Model Finder ဟာ Oppo တွေ Model လွဲပြီး Firmware ဒေါင်းမိတာမျိုးမဖြစ်အောင် ဖန်တီးပေးထားပါတယ်..
Model မှာ ကိုလိုချင်တဲ့ Model ကိုရွေးပြီး Download Button ကိုနှိပ်ပြီး ဒေါင်းနိုင်ပါပြီ... ကိုယ့်ကွန်ပျူတာမှာတော့ .Net Frame 4.0 နဲ့အထက်ကို တင်ထားရပါမယ်...

Credit : dhilip @ GSM Developer

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download Oppo Model Finder 1.1.rar : 749 Kb

  
 
 

ဘောလုံးချစ်သူများတွက် ဘောလုံးကီးဘုတ် (၇) မျိုး စိတ်ကြိုက်သုံးနိုင်တဲ့ Myanmar Fc Keyboard 1.2 APK


ကိုယ်အားပေးတဲ့ ဘောလုံး အသင်းတွေရဲ့ မြန်မာကီးဘုတ် ဒီဇိုင်းလန်းလန်းလေးတွေကို စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Myanmar Fc Keyboard ဖြစ်ပါတယ်။
အလွယ်တကူ အသုံးပြုနိုင်ပါပြီ။ ဘောလုံးချစ်သူများ မည်သူမဆို ရှယ်ထားနိုင်ပါတယ် ။
အောက်ကလင့်များ မှာ ဒေါင်းယူပါ
Credit: Org 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 
 
 

TTA Gapp Installer (KLMN)


TTA Gapp Installer (KLMN) ================= Google App သွင်းရခက်နေတဲ့ China ဖုန်းတွေအတွက်ပါ Root မလိုအပ်ပါဘူး Android Kitkat မှ nougat ထိရသွင်းလို့ရပါမယ်။ ၁။ မိမိဖုန်ဗားရှင်းကို အောက်မှာတခါတည်း Show ပေးထားပါတယ် မိမိ ဖုန်းဗားရှင်းအလိုက် ခလုတ်ကလေးကိုနှိပ်သွင်းပါ။ ၂။ အပေါ်ဆုံး Google Account Manager ကနေ အောက်ဆုံး Playstore ထိအစဉ်လိုက်သွင်းပေးဖို့လိုအပ်ပါမယ် အားလုံးသွင်းပြီးရင်တော့ဖုန်းကို Reboot ချပေးပါ ၄။ ပြန်တက်လာတဲ့အချိန်မှာ Playstore ကိုဖွင့်လိုက်ပါ Xiaomi ဖုန်းတွေမှာ ဆိုဖွင့်လိုက်တာနဲ့ Accept ဆိုတာပေါ်ပါမယ် အဲဒါနှိပ်ပေးလိုက်ပါ ၅။ အကောင့်ထည့်တဲ့ နေရာမရောက်သေးခင်မှာ Checking info မှာ နည်းနည်းကြာပါတယ် (အင်တာနက်ဖွင့်ထားရပါမယ် အင်တာနက်လိုင်းမကောင်းလျှင်လည်းကြာပါတယ်) အကောင့်ထည့်ပြီးလျှင်တော့ Done ပါပြီ :D (Y) #FFA #TTA #MST DL Mediafire @ http://www.mediafire.com/?qs8zeqo1aoa6lyj DL pCloud @ http://pc.cd/JHd7 Playstore @ coming soon App Sponsored by Anycall Mobile
 
 
 

Thursday, June 15, 2017

ဆောက်လုပ်ရေး အင်ဂျင်နီယာတွေအတွက် Build Code Requirements for Structural Concrete (ACI 318M-08) pdf




ဆောက်လုပ်ရေး အင်ဂျင်နီယာတွေအတွက် Build Code Requirements for Structural Concrete (ACI 318M-08) pdf ကို ပြန်လည်မျှဝေလိုက်ပါတယ်..

Credit : Ag Zaya

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download ACI 318M-08 pdf : 12.46 Mb

 
 

♪ Facebook ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများ ♫


https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Facebook-820x420.jpg?fit=800%2C450&ssl=1
Facebook ဟာ ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ရက် တစ်ခု ဖြစ်လာပါပြီ။ ဒီနေ့ခေတ်မှာ လူတိုင်း Facebook သုံးနေကြပေမယ့် လျှို့ဝှက်နက်နဲတဲ့ ဖန်ရှင်တွေကိုတော့ မသိကြပါဘူး။ အဲဒီအတွက် Facebook ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

သင် မဖတ်ရသေးတဲ့ Messages များကို ကြည့်ပါ။
သင် Facebook ကို သုံးတာကြာပေမယ့် သင် မဖတ်ရသေးတဲ့ Messages များ ရှိတဲ့ ဖိုဒါတစ်ခု ရှိမှန်း သင်သိမှာ မဟုတ်ပါဘူး။ အရင်ကတော့ Other Folder လို့ ခေါ်ပြီး အခုတော့ Message Request Folder လို့ ခေါ်ပါတယ်။ အဲဒီမှာ သင်နဲ့ သူငယ်ချင်း မဟုတ်တဲ့ လူများ သင့်ထံ ပေးပို့တဲ့ စာများကို သိမ်းထားပါတယ်။ Newsfeed ရဲ့ အပေါ်ထိပ်မှ Message Icon ကို နှိပ်ပါ။ Message Requests Tab ကို နှိပ်ပါ။ See filtered requests ကို နှိပ်ပါ။

သင့် အကောင့်ကို ခိုးသုံးသူများကို စစ်ဆေးပါ။
သင့် အကောင့်ကို ခိုးသုံးသူများကို စစ်ဆေးဖို့အတွက် Settings > Security> Where you’re logged in ကို သွားပါ။ အဲဒီမှာ သင့်အကောင့်ကို Login ၀င်ထားတဲ့ Device များကို ပြသထားပါတယ်။ အသုံးပြုတဲ့ တည်နေရာ၊ ဘရောက်စာများကိုလည်း မြင်ရမှာပါ။ သင် မသိတဲ့ Device များမှာ သင့်အကောင့်ကို Logout လုပ်ဖို့ end activity ကို နှိပ်နိုင်ပါတယ်။ ဒီနည်းလမ်းက အများသုံး ကွန်ပြူတာများမှာ သင့် အကောင့်ကို Logout လုပ်ဖို့ မေ့သွားရင်လည်း အသုံးဝင်ပါတယ်။

Secret Emoji များကို သုံးပါ။
Facebook မှာ Emoji များဟာ ရေပန်းစား နေပါတယ်။ စာမရေးချင်ဘဲ သင့်ရဲ့ ခံစားချက်ကို ဖော်ပြဖို့အတွက် သူတို့ကို သုံးနိုင်ပါတယ်။ Emoji များကို Wall Posts, Chats , Comments များမှာ သုံးနိုင်ပါတယ်။ အောက်မှာတော့ အသုံးများတဲ့ Emoji များကို ဖော်ပြထားပါတယ်။
(y) = thumbs-up ‘like’ symbol
(^^^) = a great white shark
:|] = a robot
:poop: = well, you know
<(“) = a penguin
Emoji အားလုံးကို အောက်ပါလင့်မှာ လေ့လာပါ။
http://www.symbols-n-emoticons.com/p/facebook-emoticons-list.html

သင်နဲ့ သင့်ချစ်သူရဲ့ Page ကို ကြည့်ပါ။
သင်တို့ ချစ်သူနှစ်ဦးနဲ့ ပတ်သက်တဲ့ Page ကို Facebook က ပြုလုပ်ပေးထားပါတယ်။ အဲဒီမှာ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်တရများကို ရိုမန့်တစ်ဆန်စွာ ကြည့်ရမှာပါ။ www.facebook.com/us ကနေ ကြည့်ရမှာပါ။ သင့်ရဲ့ Relationship Status မှာ သင့်ချစ်သူကို မထည့်ထားရင်တော့ အဲဒီလင့်ကို နှိပ်ရင် သင့်ရဲ့ ပရိုဖိုင်ကို ရောက်သွားမှာပါ။

နောက်မှ ဖတ်ဖို့ ပို့စ်များကို သိမ်းပါ။
Newsfeed မှ ပို့စ်များ၊ ဗီဒီယိုများကို နောက်မှ ကြည့်ဖို့ သိမ်းထားချင်ရင် ညာဘက်ထိပ်မှ မျှားကို နှိပ်ပါ။ Drop-Down Menu ပေါ်လာရင် Save link ကို နှိပ်ပါ။ သင် သိမ်းထားတဲ့ ပို့စ်များကို Newsfeed ရဲ့ ဘယ်ဘက်ရှိ Sidebar မှ Saved ထဲမှာ ကြည့်နိုင်ပါတယ်။

Newsfeed မှာ ကြည့်ချင်တဲ့ အရာများကို ရွေးချယ်ပါ။
Newsfeed မှာ သင့် အရင်းနှီးဆုံး သူငယ်ချင်းများ၊ သင် အကြိုက်ဆုံး Pages များကို ကြည့်နိုင်ဖို့ Facebook က ဖန်တီးပေးထားပါတယ်။ Newsfeed ရဲ့ ထိပ်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Newsfeed Preferences ထဲသွားပါ။ Prioritize who to see first ကို နှိပ်ပြီး သူငယ်ချင်းများ၊ Pages များကို ရွေးချယ်ပေးပါ။

သင့် သူငယ်ချင်းများရဲ့ Relationship များကို စပ်စုပါ။
သင့် သူငယ်ချင်းတစ်ယောက်က အခြား သူငယ်ချင်း တစ်ယောက်ရဲ့ Wall မှာ ပို့စ်တစ်ခု တင်ထားတယ် ဆိုပါစို့။ အဲဒီ သူငယ်ချင်း နှစ်ယောက်ရဲ့ Relationship ကို စပ်စုချင်ရင် အဲဒီ ပို့စ်ရဲ့ ညာဘက်ထိပ်မှ မျှားကို နှိပ်ပါ။ More Options ကို နှိပ်ပြီး see friendship ကို ရွေးချယ်ပေးပါ။

မြင်ချင်တဲ့ ကြော်ညာများကို ရွေးချယ်ပါ။
Facebook မှာ သင်မနှစ်သက်တဲ့ ကြော်ညာများကို မြင်နေရရင်တော့ သင့်အကြိုက်ကို Facebook က မသိသေးလို့ ဖြစ်မှာပါ။ Settings> Ads > Your Interests ထဲသွားပါ။ အဲဒီမှာ Interest များကို ပြသထားပြီး သင်မနှစ်သက်တဲ့ အရာများကို ဖျက်ပစ်ပါ။

Advertisers you’ve interacted with မှ Whose ads you’ve clicked ထဲသွားပါ။ အဲဒီမှာ သင် Click နှိပ်ထားတဲ့ ကြော်ညာရှင်များကို မြင်ရမှာ ဖြစ်ပြီး မနှစ်သက်တဲ့ Pages များကို ဖယ်ရှားနိုင်ပါတယ်။


Credit to ==>> Digital Times
 
 
 

♪ ထိုင်းနှင့်မလေးရှားသို့ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်စတင်ခေါ်ဆိုနိုင် ♫


Telenor ဖုန်း အသုံးပြုသူများအနေဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တစ်မိနစ်လျှင် ၂၅ ကျပ် နှုန်းဖြင့် ခေါ်ဆိုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်မှာ ထိုင်းနိုင်ငံရှိ dtac နှင့် မလေးရှားရှိ digi ဖုန်းများသုံးစွဲသူများအား ခေါ်ဆိုနိုင် မည်ဖြစ်ကြောင်း၊ စာတိုပေးပို့မှုအတွက် sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်ကြောင်း၊ ယင်းဝန်ဆောင်မှုအား ရက် ၃၀ သက်တမ်းအတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၂၀၀ ကျပ်ဖြင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းရန်အတွက် 500 သို့ CLIDD ဟု စာတိုပေးပို့ရယူနိုင်ကြောင်းနှင့် Prepaid အသုံးပြုသူများ အနေဖြင့် *979*2*5*1# သို့ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ထိုင်းနှင့် မလေးရှားသို့ မြန်မာနိုင်ငံတွင်းမှ Telenor ဖုန်းဖြင့် ခေါ်ဆိုပါက ပုံမှန်ကျသင့်နှုန်းထားမှာ တစ်မိနစ် ၂၀၀ ကျပ်ဖြစ်ကြောင်းသိရသည်။

“ထိုင်းနဲ့ မလေးရှားကို သွားရောက်လည်ပတ်ချိန်မှာလည်း ပြည်တွင်းကျသင့်နှုန်းနီးပါး အသံနဲ့ ဒေတာ ၀န်ဆောင်မှုတွေကို ရရှိဖို့ အစီအစဉ်ကို အစောပိုင်းကတည်းက မိတ်ဆက်ပြီး ဖြစ်ပါတယ်” ဟု Telenor Myanmar ၏ Marketing Officer ဖြစ်သူ Joslin Myrthong က ပြောကြားသည်။ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်ကြသည့် မြန်မာနိုင်ငံသားများ အတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၅၀၀ ကျပ် ကျသင့်မည့် အထူး ၀န်ဆောင်မှုတစ်ခုကို တယ်လီနောမြန်မာက ပြီးခဲ့သည့် ဒီဇင်ဘာလက မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို တစ်ကြိမ်လျှင် စတင် စာရင်းသွင်းချိန်ကစကာ ၂၄ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ရောက်ရှိနိုင်ငံ၏ မည်သည့်ပြည်တွင်း ဖုန်းနံပါတ်ကို မဆို ဖုန်းခေါ်ဆိုမှုများအား ၂၅ ကျပ်/မိနစ် နှုန်းနှင့် ပြုလုပ်နိုင်မည် ဖြစ်ပြီး (ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် dtac, True နှင့် AIS, မလေးရှားနိုင်ငံတွင် MAXIS, Celcom နှင့် digi) မြန်မာနိုင်ငံမှ မည်သည့် ဖုန်းနံပါတ်ကိုမဆို ၁၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။

မည်သည့် အဝင်ဖုန်းလက်ခံမှုကိုမဆို ၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် လက်ခံပြောဆိုနိုင်မည် ဖြစ်သည်။ စာတိုပေးပို့မှုများ အား sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်မည်ဖြစ်ပြီး အဝင်စာတို လက်ခံမှုများကိုမူ အခမဲ့လက်ခံနိုင်သည်ဟုသိရသည်။




-ထွန်းထွန်း

Credit to ==>> Internet Journal
 
 
 

♪ Neutron Music Player (Android) ♫


Neutron Music Player ဆိုတဲ့ app ဟာ professional music player app တစ်ခုဖြစ်ပါတယ်။ Audio format အတော်များများကို ထည့်သွင်းသုံးစွဲနိုင်မှာဖြစ်ပြီး lyric ဖိုင်များကိုပါထည့်သွင်းအသုံးပြုနိုင် မှာဖြစ်ပါတယ်။

Streaming audio များကိုလည်း အထောက်အပံ့ပေးနိုင်သလို အခြား feature များစွာကိုလည်း ဒီ app မှာတွေ့မြင်ရမှာဖြစ်ပါတယ်။

အဆိုပါ app ကို Play Store မှာ အခမဲ့ ရယူနိုင်မှာဖြစ်ပြီး Android version 2.1 နဲ့အထက်မှာ ထည့်သွင်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။


-သီဟ

Credit to ==>> Internet Journal
 
 

♪ မိမိဖုန်းထဲမှာအခြားသူတွေမမြင်စေချင်တာတွေကိုဖွက်ထားပေးမယ့် - Lock and Hide (Android) ♫


ကိုယ့်ဖုန်းထဲက ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ အခြား အချက်အလက်တွေကို လုံခြုံစိတ်ချစွာနဲ့ အသုံးပြုချင်သူများ ထည့်သွင်းထားသင့်တဲ့ app တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံတွေ နဲ့ ဗီဒီယိုတွေကို အခြားသူတွေ အလွယ်တကူ နဲ့ ဝင်ရောက်သုံးစွဲခြင်းမှ ကာကွယ်နိုင်စေရန်အတွက် စီစဉ်ပေးထားပါတယ်။

ဒီ app ကို Play Store မှာ အခမဲ့ သုံးစွဲခွင့်ပေးထားသော်လည်း region support မပေးတဲ့ အတွက် ဖော်ပြပါ download link ကနေ အခမဲ့ ရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 4MB ရှိမှာဖြစ်ပြီး Android version 4.0.3 နဲ့အထက်မှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။


-သီဟ

Credit to ==>> Internet Journal
 
 
 

♪ နိုင်ငံတကာငွေလဲလှယ်နှုန်းထားတွေကို ကြည့်ရှုနိုင်တဲ့ - MMK Exchange ♫


ပြည်တွင်းဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နိုင်မှု နှုန်းထားတွေကို အလွယ်တကူ ကြည့်ရှုနိုင်တဲ့ App ဖြစ်ပါတယ်။ ကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရို၊ ဟောင်ကောင်အစရှိတဲ့ ငွေကြေးလဲလှယ် မှုနှုန်းတွေကို ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေအလိုက် တစ်ချိန်တည်းမှာ နှိုင်းယှဉ်သိရှိနိုင်မှာပါ။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ် ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။


-ရဲထွဋ်ဝင်း

Credit to ==>> Internet Journal

 
 
 
 

Wednesday, June 14, 2017

ဖုန်းပေါ်ကနေ ၁၀ တန်းအောင်စာရင်းကြည့်နိုင်မယ့် Exam Result 2017 apk


Bhone Mying Myat Aung ရေးတဲ့ Android Application လေးတစ်ခုဖြစ်ပါတယ်.. 2017 ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ကြည့်ရှုနိုင်ပါမယ်.. Blog page လေးလုပ်ထားပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကဏ္ဍလေးတွေခွဲထားပါတယ်.. ဝင်ကြည့်ဖို့တော့ အင်တာနက်လိုပါမယ်..




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Exam Result 2017 apk : 1.8 Mb

 
 
 

သော့မတူရင် အသံနဲ့အချက်ပေးတဲ့ သော့ခလောက် ဆိုပဲ.


ရိုးရိုးသော့တွေက သော့မတူရင် ဖွင့်မရတာပဲရှိတယ်.. မာစတာကီးနဲ့ဆို ဂျောက်ခနဲအသံတောင်မထွက်ဘူး..

Security PAD Alarm Lock

ဒီသောခလောက်က သော့မတူဘဲ သွားမဖွင့်နဲ့၊ တူနဲ့မတူနဲ့၊ ဆောက်နဲ့ မထွင်းနဲ့၊ အပ်နဲ့မကလော်နဲ့.. သော့ခလောက်ပိုင်ရှင်မဟုတ်ကြောင်း အသံစူးစူးနဲ့ အော်ပါလိမ့်မယ်..

ကိုယ်ထည်က အမာစားသတ္တုနဲ့လုပ်ထားတယ်.. သော့တံတွေက ထူးထူးခြားခြား ပုံစံနဲ့လုပ်ထားတယ်.. မိုးရေဝင်လည်း မပျက်တော့ အပြင်ခြံဝင်းတံခါးမှာလည်း တပ်လို့ရတယ်လေ... အသံကဘာနဲ့ပေးလဲဆိုတော့ နာရီဓာတ်ခဲ  ၆ လုံးနဲ့ ပေးတာပေါ့..  အဲဒီနာရီဓာတ်ခဲ ၆ လုံးလည်း အပိုပါသေးတယ်ဗျ... သော့ပျောက်ရင်တော့ တော်တော်တိုင်ပတ်မှာဗျ.. မပူပါနဲ့ သော့ ၃ ချောင်းပါတော့ မိသားစုတစ်ယောက်တစ်ချောင်း၊ ဒါမှမဟုတ် ၃ ချောင်းကို တစ်နေရာစီမှာခွဲသိမ်းပေါ့..

 သော့ခလောက်က အပြင်ခြံဝင်းတံခါးခတ်ဖို့ ကိုင်းရှည် နဲ့ အိမ်တွင်းတံခါးတွေ၊ ဗီရိုတွေ၊ သေတ္တာတွေမှာခတ်ဖို့ ကိုင်းတို ဆိုပြီး ၂ မျိုးလာတယ်.. ကိုယ်ကြိုက်တာ ဝယ်ခတ်ပေါ့ဗျာ...
ဈေးကြီးလား..
မကြီးပါဘူး.. ကိုင်းတို 13000 ကျပ် နဲ့ ကိုင်းရှည် 18000 ကျပ်ပဲရှိပါတယ်.. ကိုယ့်တန်ဖိုးရှိပစ္စည်းတွေ လုံလုံခြုံခြုံဖြစ်ဖို့ ဒီလောက်လေးတော့ ကုန်မှာပေါ့ဗျာ.. ဘယ်မှာဝယ်ရမလဲဆိုတော့ Ph 09451689031, 09787179972, 0942038377 ကိုသာ ဆက်လိုက်ကြပါဗျို့...
 :::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
အထက်ပါပစ္စည်းမှာ 365 Online Shopping မှ ရောင်းချသော ပစ္စည်းများဖြစ်ပြီး ပစ္စည်းအရည်အသွေးနှင့် ဝန်ဆောင်မှုမှာ ရောင်းချသူနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါသည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Samsung စမတ်ဖုန်းများရဲ့ version 5 , 6 , 7 တွေကို Root မလိုအလွယ်ကူဆုံး မြန်မာစာ ထည့်သွင်းနည်း



Samsung စမတ်ဖုန်းများရဲ့ version 5, 6, 7 တွေကို Root မလိုပဲ မြန်မာစာ ထည့်သွင်းနိုင်မယ့် နည်းလမ်းတစ်ခုပါ..
အောက်ကဖိုင်ကို အရင် Download လုပ်ပါ..

ဖြည်လို့ရလာတဲ့ Folder ထဲက Run.bat ကို ဖွင့်လိုက်ပါ။ ReadMe.txt ဖိုင်ကိုဖတ်ဖို့ သတိပေးပါမယ်.. key တစ်ခုခုကို နှိပ်ပေးလိုက်ပါ.. ဖုန်းကို USB Debugging တို့ Unknown Source တို့ကို on ပေးပြီး PC နဲ့ချိတ်ဆက်ပေးလိုက်ပါ။ bat ဖိုင်လေးမှာပေါ်နေတဲ့ usb ပုံလေပျောက်သွားပြီး Key တစ်ခုခုနှိပ်ခိုင်းပါမယ်။ ကြိုက်တဲ့ Key နှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ Application ကို install ပြုလုပ်ပေးပြီး bat ဖိုင်မှာ $ ဆိုင်းလေးနဲ့ပြနေပါမယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အောက်ကစာတွေကို copy ယူပြီး bat ဖိုင်ရဲ့ဘားလေးကို Right Click နှိပ် Paste လုပ်ပြီ Enter နှိပ်ပေးလိုက်ပါ။

pm grant jp.co.c_lis.ccl.morelocale android.permission.CHANGE_CONFIGURATION

အဲဒီအဆင့်ပြီးပြီဆိုရင်တော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ Morelocal 2 ဆိုတဲ့ Application ထဲကိုဝင်ပါ။ English ( Zawgyi ) ဆိုတာကိုရွေချယ်ပေးပြီး Keyboard ထည့်သွင်းကာ မြန်မာစာ အသုံးပြုနိုင်ပါပြီ။
Remark : အလုံးတိုင်းတော့ အဆင်ပြေချင်မှ ပြေပါမယ်။

Credit : Than Toe Aung

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


 Pattern Lock ဖတ်ဖို့ ဘာတွေလိုအပ်မလဲ ? ? ?
( 1 ) Pattern Lock ကျနေသော Android Phone အတွင်းမှ gesture.key
( 2 ) Hex Editor ( Download >>> https://mh-nexus.de/en/downloads.php?product=HxD
( 3 ) Hex Code ကို Pattern Lock Number ဖတ်ပေးမဲ့ Link ( WIFI Connect )

ပထမ ဆုံး Pattern Lock ကျနေတဲ့ Phone ထဲက gesture.key ဘယ်လို Backup ဆွဲထုတ်မလဲ ? ? ?
အခုကတော့ Adb devices သိတဲ့ အခြေနေ ကနေ gesture.key ကို ဆွဲထုတ်နည်း ( Method 1 ) ကို ပြောပြပါမယ် ၊

Adb devices သိရင် Adb Command နဲ့ gesture.key ကို Backup ဆွဲထုတ်ပါ ( Need Root Access )
--------------------------------------------------------------------------------------------------------------------
adb devices
adb shell
su
dd if=/data/system/gesture.key of=/data/local/tmp/gesture.key
chmod 777 /data/local/tmp/gesture.key
exit
exit
adb pull /data/local/tmp/gesture.key

ဒါဆို gesture.key ရမည် ၊
gesture.key ကို HxD ထဲ ဖိဆွဲပြီး ဖွင့်လိုက်ပါ ၊ ဒါဆို gesture.key ရဲ့ hex Code တွေ့ရပါမယ် Copy ကူးလိုက်ပါ ၊ Space ပါနေရင် ပူးပေးလိုက်ပါ ၊

အောက်က Link ကိုသွားဖို့ Computer ကို Wifi လွှင့်ပေးလိုက်ပါ ၊ ကွက်လပ်လေး တွေ့ရပါမည် ၊ စောစောက Hex Code ကို ထည့်လိုက်
ပါ ၊

ပြီးရင် Get gesture ကို နှိပ်လိုက်ပါ ၊

Gesture ဆိုပြီး မိမိ Pattern Lock Number ကို ဂဏန်း ဖြင့်
ပြပေးပါလိမ့်မယ် ၊ Pattern ပုံစံ သိချင် ရင် Show Pattern ကို
နှိပ်ပေးလိုက်ပါ ၊

ဒါဆို Pattern Lock ဘာနံပါတ် ခတ်ထားဆိုတာ လမ်းကြောင်း
ပြပေးပါလိမ့်မယ် ။

Pattern Lock See Hex Code Link = https://barney.0x539.se/android/

Pattern Lock Structure
-----------------------------
0 1 2
3 4 5
6 7 8

Example
**********
B172E8A280DA8A7C9350006DEFC74CDAFF9A64E0 = 6 => 3 => 4 => 1 => 2 ( Pattern No က 63412 ပါတဲ့ )

ဒါကတော့ Method ( 1 ) ကို အသုံးပြုပြီး Pattern Code ကို ဖတ်တဲ့နည်းပါ .. ( အခြား Pattern ဖတ်နည်းတွေကိုတော့ ကိုစိုင်းရဲ့ Paid Group မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်.. )

Credit : Ko Sai

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
 
 
 

Saturday, June 10, 2017

MST AiO Tools 201



Adb Mode ,Fastboot Mode,9008 mode က​နေလုပ်​​ဆောင်​နိုင်​တဲ့အပြင်​ Bootloader လုပ်​ချင်​သူများအလွယ်​တကူလုပ်​နိုင်​ပါသည်​။pin/pass များအပြင်​ Frp /Mi user lock များလဲဖြုတ်​နိုင်​ပါသည်​။Apk များအလွယ်​တကူ install လုပ်​နိုင်​တဲ့အပြင်​ Xiaomi Font and Samsung 5.0 အထက်​မြန်​မာစာထည့်​သွင်းနိုင်​ပါသည်​။တစ်​ခြား​သော လုပ်​​ဆောင်​နည်းများလဲပါရှိပါသည်​​။Tool ​လေးကိုစမ်းသုံး​ပေးကြပါ။အဆင်​မ​ပြေတာ​လေးများ​ပြော​ပေးကြပါ။အားလုံးကို​ကျေးဇူးအထူးတင်​ပါတယ်​။




Credit : MST Yangon

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download MST AiO Tools 2017 : 6.19 Mb

 
Password = MST
 
 
 

Facebook မှာမြန်မာစာ မရလို့စိတ်ညစ်နေသူတွေအတွက် မြန်မာဖောင့်


 မြန်မာစာထည့်ဖို့..မိမိဖုန်းကို Root လုပ်ရတာတွေ..
အခုထွက်လာတဲ့ နောက်ဆုံး Android Version တွေမှာ
Root လုပ်လို့တောင်မှာ..font မမှန်တာတွေ...
Google Chrome စတဲ့ Mobile Browser တွေမှာ မြန်မာစာ
မမှန်တာတွေကို..မိမိဖုန်းကို Root လုပ်စရာမလိုပဲ..
င်္ဖောင့်လေး ပြောင်းလိုက်ရုံနဲ့...အားလုံးအဆင်ပြေသွားစေမယ့်..
-------------------------------
လုပ်ပုံလုပ်နည်း...
ပထမဆုံးတော့...apk ကို install လုပ်လိုက်ပါ...ပြီးရင် အောက်ပါပုံအတိုင်းတွေ့လိမ့်မယ်..
၁. ဖောင့်သွင်းမည်ကို..ကလစ်ပြီး font ကို install လုပ်ပါ
၂. ဖောင့်ပြောင်းမည်ကို ကလစ်ပြီး...Display ကနေ ဖောင့်ကိုပြောင်းလိုက်ပါ.
၃. အရာအားလုံးအဆင်ပြေသွားပါပြီ...ဗျာ..
 
 
 
 
ဝင်းလှိုင်-နည်းပညာ
 
 
 Credit:org
 
 

Cracked Box Generator Tool 2017




Crack တွေ သီးသန့်ထည့်စရာမလိုပဲ Install ပြုလုပ်ထားရုံနှင့် အမြဲ့တမ်း
အသုံးပြုနိုင်မည် Cracked Box Generator Tool 2017 လေးကို ဖန်တီးပေးလိုက်ပါတယ်။
Box မဝယ်နိုင်ကြသေးတဲ့ သူတွေအတွက်ကတော့
လုံးဝအထောက်အကူပြုလိမ့်မည်လို့ မျှော်လင့်ပါတယ်။





ပါဝင်သော Tool တွေက :


*Miracle Driver Installation Windows 7_8_10 [ 86+64]
*All In One SP Flash Tools
*All In One SPD Upgrade Tools
*All In One Odin Tools
*Miracle Eagle Eye 2.27A
*Huawei Update Extractor
*Miracle Box V2.27A
*Piranha_Box-V1.55
*Piranha V1.55 Full
*Octopus Samsung 1.6.5




CLICKံ HERE TO DOWNLOAD



Username - kolin
Password - 0853330915



Credit : Kolin


Ref: www.sunmoonstar-ngp.org