Friday, June 2, 2017

iOS 9.0.2 အား Jailbreak ပြုလုပ်ခြင်း






iOS 9.0.2 ကို Jailbreak ပြုလုပ်နိုင်မယ့် Jailbreak tool ကို Pangu မှ ၂၀၁၅ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ iPhone 4S မှ 6S , iPad mini 4,3,2,1 နှင့် iPad Air 2,1 တို့အပြင် iPod Touch 5,6 တို့မှာ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားတဲ့ Jailbreak tool တစ်ခုဖြစ်ပါတယ်။

အဆိုပါ jailbreak tool ကို အသုံးပြုမယ်ဆိုရင် iDevice တွေမှာ Find My iPhone နဲ့ iCloud တို့ကို disable ပြုလုပ်ထားရပါမယ်။ Disable ပြုလုပ်ဖို့အတွက် Settings > iCloud > Find My iPhone နေရာမှာ toggle ကို Off ပြုလုပ်ထားရပါမယ်။


နောက်တစ်ဆင့်ကတော့ Touch ID နဲ့ Passcode ကို Disable ပြုလုပ်ထားရမှာ ဖြစ်တဲ့အတွက် Settings > Touch ID & Passcode ကို သွားပါ။ ပြီးသွားရင် Turn passcode off ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။


ပြီးရင် Ari Plane Mode ကို ပြောင်းပေးထားရပါမယ်။ အဆိုပါ အဆင့်တွေအားလုံး ပြီးဆုံးသွားပြီဆိုရင် http://goo.gl/hf15fO ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပြီး Jailbreak tool ကို download လုပ်ယူလိုက်ပါ။ အခုထွက်ရှိတဲ့ Jailbreak ဟာ Windows Opeartings System အတွက်သာ ထုတ်လုပ်ဖြန့်ချိပေး ထားခြင်းဖြစ်ပါတယ်။

Jailbreak tool ကို download ပြုလုပ်ပြီးရင် ကွန်ပျူတာပေါ်မှာ Run လိုက်ပါ။ အဲ့ဒီနောက် Jailbreak ပြုလုပ်မယ့် device ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်ပြီးသွားရင် Already Backup ဆိုတာကို အမှန်ခြစ်ထည့်ပြီး Start buttonကို ကလစ်နှိပ်ပါ။



Start button ကို နှိပ်ပြီးရင် Reboot ပြုလုပ်သွားမှာဖြစ်ပြီး Airplane Mode ကို ပြန်လည်ဖွင့်ပေးရပါမယ်။ ဒါဆိုရင် Jailbreak လုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင် သွားပါလိမ့်မယ်။ Jailbreak လုပ်ဆောင် နေစဉ်အချိန်မှာ iPhone ရဲ့ Home Screen မှာ Pangu app ကို ဖွင့်ဖို့အတွက် တောင်းဆိုပါလိမ့်မယ်။ ဖွင့်ပေးလိုက်ပါ။ Pangu app ကို Run နေတဲ့အချိန်မှာ Photo Library ကို အသုံးပြုခွင့်အတွက် တောင်းခံပါလိမ့်မယ်။ accept ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ accept ကို နှိပ်လိုက်ရင် Pangu ဟာ ရှေ့ဆက် အလုပ်လုပ်ဆောင်သွားမှာဖြစ်ပြီး pop-up box တက်လာတဲ့အခါမှာ ok button ကို နှိပ်ပေးလိုက်ပါ။

အထက်ပါ အဆင့်တွေ ပြီးသွားရင် jailbreak ပြုလုပ်ထားတဲ့ device ဟာ နောက်တစ်ခါ reboot ထပ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ boot ပြန်တက်လာတဲ့အခါမှာ Airplane Mode ကို disable တစ်ခါ ပြန်လည်ပြုလုပ်ပြီး Cydia app ကို run လိုက်ရင် Jailbreak ပြုလုပ်တဲ့အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

Ref: idownloadblog
Credit  internetjournal

သီဟထိုက်
My Facebook Account Click
 
 

No comments:

Post a Comment