Friday, June 9, 2017

♪ iOS 11 ရရှိမယ့် iPhone နဲ့ iPad များ ♫


https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/ios_11_wish_list_thumb800.png?fit=800%2C450&ssl=1
Apple က World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ iOS 11 မှာ စွမ်းဆောင်ချက် အသစ်များ ပါလာပါတယ်။ ဒါပေမယ့် iOS 11 ကို iPhone, iPad အားလုံး ရရှိမှာ မဟုတ်ပါဘူး။ iOS 11 ကို ရရှိမယ့် Devices များကို အောက်ပါ ပုံမှာ ကြည့်ရှုနိုင်ပါတယ်။


Apple ရဲ့ iOS 11 ကို ဖြန့်ချီပေးမယ့် Devices များကို လေ့လာကြည့်တဲ့ အခါမှာ ၂၀၁၃ ခုနှစ် အရှေ့ပိုင်းမှာ ထုတ်လုပ်တဲ့ Devices များက လွဲပြီး နောက်ပိုင်းထုတ် Devices များအားလုံးအတွက် iOS 11 ကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။
iOS 11 ကို ရရှိမယ့် Devices များကတော့

• iPhone 5S နဲ့ နောက်ပိုင်းထုတ်များ
• iPad Air အားလုံး
• iPad Pro အားလုံး
• iPad mini 2 နဲ့ နောက်ပိုင်းထုတ်များ
• iPad (2017)
• iPad touch (6th generation)

တစ်နည်းအားဖြင့် Apple A7 Chip နဲ့ နောက်ပိုင်းထုတ် Devices အားလုံးဟာ iOS 11 ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် iPhone 5 နဲ့ iPhone 5C တို့ကတော့ iOS 11 ကို မရဘဲ iOS 10 ကိုသာ ဆက်လက် သုံးရမှာ ဖြစ်ပါတယ်။


Credit to ==> DigitalTimes.com.mm
 
 
 

No comments:

Post a Comment