Friday, June 9, 2017

♪ Hardware & Network အခြေခံသင်တန်း ထပ်မံဖွင့်လှစ်မည် ♫


ကွန်ပျူတာအသုံးပြုသူတိုင်း တတ်မြောက်ထားရမည့် System Essentials (Hardware & Network အခြေခံ) သင်တန်းသစ်အား Myanmar World Wide Web Institute (M3WI) သင်တန်း ကျောင်းမှဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကွန်ပျူတာတစ်ခုအတွင်း ပါဝင်သော စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ၏ အလုပ်လုပ်ပုံနှင့် ၎င်းတို့အားပြုပြင်ထိန်းသိမ်းနည်းများ၊ Microsoft Windows များ၏ ဆောင်ရွက်ချက်တို့အပြင် System Installation, Trouble Shooting ပြုလုပ်နည်း နှင့် Repair ပြုလုပ်ခြင်း၊ Virus Cleaning နှင့် Data Recovery ပြုလုပ်ခြင်းတို့ကို သင်ကြားပေးသွားမည် ဖြစ်သည်။ ထို့အပြင် LAN  ချိတ်ဆက်နည်း၊ Data နှင့် Device များကို LAN အတွင်း Sharing ပြုလုပ်ခြင်း၊ Network Security ပိုင်းဆိုင်ရာများအား စီမံခန့်ခွဲခြင်း စသည့် Network ဆိုင်ရာ ဘာသာရပ်များကို သင်ယူရမည့်အပြင် Wide Area Network (WAN/Internet) ၏ အဆင့်ဆင့် အလုပ်လုပ်ပုံ TCP/IP အခြေခံကိုလည်း သင်ယူရမည်ဖြစ်သည်။ မိမိ Network အား အခြားပြင်ပ အတိုက်အခံများမှ ကာကွယ်ပုံ၊ Virus နှင့် အခြားသော အနှောင့်အယှက်များမှ ခုခံပုံအဆင့်ဆင့်ကိုလည်း စနစ်တကျသင်ယူရမည် ဖြစ်သည်။

Internet Services, Mail Services များ အစရှိသောနိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသော Network Services များ၏ အလုပ် လုပ်ပုံများအကြောင်း၊ Modem, Switch, Router များအစရှိသော Networking Devices များနှင့် PC များ၏ ဆက်သွယ်အလုပ်လုပ်ပုံများအကြောင်းအသေးစိတ် လေ့လာသင်ယူရမည် ဖြစ်သည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း Assignment များ ပြုလုပ်ရခြင်း၊ Exam များ ဖြေဆိုစေခြင်းတို့ကြောင့် သင်တန်းသူ၊ သင်တန်းသားများအား စာတွေ့ရော လက်တွေ့ပါ ပိုမိုကျွမ်းကျင်တတ် မြောက်စေမှာ ဖြစ်သည်။

သင်တန်းကာလမှာ ၂ လခန့်သာ ကြာမြင့်မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် အဆောင် (၅)၊ အခန်း (၄) MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့ ဖုန်း –  ၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၀၉-၉၇၂၅၁၄၁၀၃ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။


-သန္တာ




Credit to ==> Internet Journal
 
 
 

No comments:

Post a Comment