Monday, June 19, 2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


Image may contain: 1 person, smiling, sitting
မေး - Android Phone များ ကိုင်ဆောင်သူအတွက် လျှို့ဝှက်ကုတ်လေးတွေကို လိုချင်ပါတယ်။ စမ်းသပ်နိုင်ရန်အတွက် ရေးပေးစေလိုပါတယ်။
ဖြေ - အစ်ကိုတို့ရေ Android Phone များ ကိုင်ဆောင်သောသူများ စမ်းကြည့်ရန် လျှို့ဝှက်ကုတ်လေးများ တချို့ဖုန်းများ အဆင်ပြေသည်။ တစ်ချို့ Phone များ အဆင်မပြေပါ။ အနီးစပ်ဆုံး ရေးပေးထားပါသည်။ Test လုပ်ရန်ကုတ်များ - *#*#0588#*#*-Proximity Sensor Test, *#*#2664#*#*-Touch Screen Test, *#*#2663#*#*-Touch Screen Vesion, *#*#O*#*#*-LCD Test, *#*#0673#*#* (or) *#*#0289#*#*-Melody Test, *# *#0842#*#*-Device Test (Vibration Test and BackLight Test), *#*#3264#*#*-RAM Version, *#*#0283#*#*-Packet Loopback, *#*#232331#*#*-Bluetooth Test, *#*#232337#*# - Bluetooth Device Address ကိုပြခြင်း၊ *#*#232338 #*#*-WiFi MAC Address ကိုပြန်ချင်း၊ *#*#1472365#*#*-GPS Test, *#*#15 75#*#* - အခြား GPS Test ။

မေး - အစ်ကိုတို့ရေ မိမိဖုန်းတွင်ရှိသော Data များကို ဖျက်ချင်လျှင်လည်းကောင်း၊ သိမ်းချင်လျှင်လည်းကောင်း ကုတ်နံပါတ်လေးနဲ့ အလွယ်တကူလုပ်နည်းလေး ပြောပြပေးပါခင်ဗျာ။
ဖြေ - Reset လုပ်ခြင်း ကုတ်နံပါတ်ကတော့ *2767*3855 # - Factory Setting သို့ ပြန်လည် Rest လုပ်ပေးပါတယ်။ ထို့ကြောင့် ယင်းကုတ်ကိုအသုံးပြုလျှင် File များ၊ Setting များ ပျက်ကုန်ပါမယ်။ *#*#7780 #*# - Factory Data Reset လုပ်ခြင်းဖြစ်သည့်အတွက် ဖုန်းထဲတွင်သိမ်းဆည်းထားသော Google Account Setting များ၊ Download လုပ်ထားသော Application များ၊ System နှင့် Application Data နှင့် Setting များ ဖျက်ပစ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါကီးနှိပ်လိုက်ရင် Home Key, Back Key, Menu Key အကုန်မီးလင်းပြီး LCD မလင်းဘူး။ ဘာဖြစ်တာလဲမသိဘူး။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက ပါဝါကီးနှိပ်လို့မှ အလင်းမထွက်ရင် LCD ကို လဲပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့် Samsung ဖုန်းလေး Camera ဖွင့်လို့ မရဘူး။ Camera Fail ဆိုတဲ့ စာတန်းလေးပြနေတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ ကူညီပါဦး။
ဖြေ - ဟုတ်ကဲ့။ အရင်ဆုံး Setting ထဲကိုဝင်ပြီးလျှင် Applications > All > Camera > Clear Data > Forcestop ကိုနှိပ်ပါ။ ပြီးလျှင် Reboot ချပြီး ပြန်စမ်းကြည့်ပါ။ မရသေးပါက Main Camera လဲပေးပါ။

 မေး - အစ်ကိုရေ ကျွန်တော့် Phone က အားသွင်းလိုက်ရင် Power သေသွားတယ်။ အားသွင်းကြိုးဖြုတ်၊ Battery ဖြုတ်ပြီး ပြန်ထည့်ပြီး Power နှိုးရင် ရတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က USB ခေါင်း Short ဖြစ်နေလို့ပါ။ USB ခေါင်းလဲပေးရပါမယ်။ မရသေးရင်တော့ လမ်းကြောင်းလိုက်ရမှာပါ။

 မေး - Facebook မှာ Status တွေတက်ဖို့ အရမ်းကြာနေလို့။ ပြီးတော့ Comment တွေလည်း ဖတ်ဖို့ဆိုရင် မကြာအောင် ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - Facebook ကို နေရာမျိုးစုံက Device မျိုးစုံနဲ့ ချိတ်ဆက်အသုံးပြုလာတာကြာလာလို့ လေးလံလာတာပါ။ ဒါဆိုရင် Facebook Setting ထဲသွားပါ။ Account Setting ထဲဝင်ပြီး Security ထဲသွားပါ။ ပြီးရင် Active Session ထဲမှာရှိတဲ့ အရာတွေအားလုံးဖြုတ်လိုက်ရင် အရင်ထက် ပိုမိုမြန်ဆန်လာမှာပါ။

 မေး - ဆရာ ကျွန်တော့်ဖုန်းက 730-U00 ပါ။ ရေ၀င်ထားတာပါ။ Logo တင်ရပ်နေပါတယ်။ Firmware တင်တော့လည်း Vibrate တစ်ချက်တုန်ပြီး ဘာမှတက်မလာပါဘူး။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲခင်ဗျာ။
ဖြေ - Firmware ပြန်တင်လို့မှ အဆင်မပြေဘဲ Logo မှာ တင်ရပ်နေရင်တော့ PWR IC ဘေးက Crystal ကို အရင်လဲလိုက်ပါ။ ပြီးမှ SW ပြန်ရေးကြည့်ပါ။ အဲဒါမှမရရင်တော့ EMMC လဲလိုက်ပါခင်ဗျာ။

 မေး - ကျွန်တော့်ဖုန်းက G610 ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။
ဖြေ - G610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover လဲလိုက်ရင်တော့ ရတတ်တာမျိုးရှိပါတယ်။ Network ငုတ်လေးတွေ ကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment