Wednesday, June 28, 2017

♪ " အူရီဒူးမြန်မာမှ အက်ပလီကေးရှင်းပေါင်း တစ်သိန်းကျော်ပါဝင်သည့် App Zone ကို စတင်မိတ်ဆက် " ♫


Image may contain: text
အူရီဒူးမြန်မာမှ အက်ပလီကေးရှင်းပေါင်း တစ်သိန်းကျော်ပါဝင်သည့် App Zone ကို စတင်မိတ်ဆက်ပေး ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ App Zone ကို အသုံးပြုသူများအနေဖြင့် အီးမေးလ်ဖြင့် မှတ်ပုံတင်စရာမလိုခြင်း (သို့) အသုံးပြုရန်အတွက် အချက်အလက်ဖြည့်သွင်းပြီး ဖွင့်ရခြင်းများ ပြုလုပ်စရာမလိုဘဲ App Zone ကို ဒေါင်းလုပ်ရယူရန်သာ လိုအပ်သည်။

App Zone ကို မိုဘိုင်းဖုန်းထဲသို့ ထည့်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် အက်ပလီကေးရှင်းများကို ဒေါင်းလုပ်လုပ်ပြီး စတင်ရယူနိုင်သည်။ အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သော Ms. Charity Safford မှ “ ယခု အူရီဒူးကနေ မိတ်ဆက်ပေးလိုက်တဲ့ App Zone ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ အက်ပလီကေးရှင်းပေါင်းများစွာကို ဒေါင်းလုပ်ရယူနိုင်တဲ့ ၀န်ဆောင်မှုဖြစ်တာကြောင့် ကျွန်မတို့ အူရီဒူးမြန်မာရဲ့ အောင်မြင်မှုမှတ်တိုင် တစ်ခုဖြစ်လာစေခဲ့ပါတယ်။

ယခင်က ဒေါင်းလုပ်ပြုလုပ်ခွင့်မရခဲ့တဲ့ အက်ပလီကေးရှင်းတွေကို ယခုအခါမှာတော့ App Zone ကတဆင့် ရယူနိုင်ပြီဖြစ်ပါတယ်။ အူရီဒူးမြန်မာရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံသားတွေ အင်တာနက်ချိတ်ဆက် အသုံးပြုခြင်းဖြင့် တောက်ပကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေလိုပါတယ်။ အခု မိတ်ဆက်ပေး လိုက်တဲ့ အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် အူရီဒူးမြန်မာရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူတွေဟာ ယခင်ကအသုံးပြုခွင့်မရတာတွေကို သုံးခွင့်ရတော့မှာဖြစ်တဲ့အတွက် နှစ်သက်ကျေနပ်ကြလိမ့်မယ်ဟု မျှော်လင့်မိပါတယ် ” ဟု ဆိုသည်။

အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် App Zone ကို http://zone.ooredoo.com.mm/mm/appzone.aspx မှာ ရယူနိုင်သလို *7799# သို့ ဖုန်းခေါ်ဆို၍လည်း ရယူနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment