Thursday, June 22, 2017

♪ Android ထံကနေ ကော်ပီကူးထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် (၆) ခု ♫


စမတ်ဖုန်း အသုံးပြုသူများမှာ အဓိက အုပ်စု နှစ်ခု ရှိပါတယ်။ အဲဒါကတော့ Apple ရဲ့ iOS နဲ့ Android တို့ ဖြစ်ပါတယ်။ Apple က မကြာခင်က iOS 11 ကို မိတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ချက် အသစ်များဟာ Android မှာ အသုံးပြုနိုင်နေတာ နှစ်များစွာ ကြာပါပြီ။ XEETECHCARE က Android ထံမှ ကော်ပီကူးထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် (၆) ခု အကြောင်းကို YouTube မှာ ဗီဒီယိုဖြင့် နှိုင်းယှဉ် သရုပ်ပြထားပါတယ်။

Android ထံကနေ ကော်ပီကူးထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် (၆) ခု
ပထမဆုံး စွမ်းဆောင်ချက် တစ်ခုက iOS 11 ရဲ့ One-Handed Keyboard ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Samsung Phones များမှာ အသုံးပြုနိုင်တာ ကြာပါပြီ။ Bagan Keyboard မှာတောင် ဒီစွမ်းဆောင်ချက် ပါရှိပြီးသားပါ။

ဒုတိယကတော့ iOS 11 ရဲ့ Advanced Screenshot Tool ဖြစ်ပြီး Samsung Phone များမှာလို Screenshot ရဲ့ Thumbnail ကို စကရင်အောက်ခြေမှာ ပြသထားပြီး အဲဒါကို နှိပ်ရင် Editing Tools များကို အသုံးပြုနိုင်ပါတယ်။







နောက်တစ်ခုက Users များ အသုံးပြုမှု အများဆုံး Features များရဲ့ Shortcuts များကို Customize လုပ်နိုင်တဲ့ iOS 11 ရဲ့ Control Center အသစ်ပါ။ Samsung Phone များမှာ ဒီ Shortcuts များကို Quick Actions လို့ ခေါ်ပြီး ထည့်သွင်းပေးထားတာ နှစ်များစွာ ကြာပါပြီ။ iOS Users များကတော့ အခုမှ အသုံးပြုနိုင်မှာပါ။ Android ထံကနေ ပုံတူကူးချထားတဲ့ iOS 11 ရဲ့ စွမ်းဆောင်ချက် နောက်တစ်ခုက Notification ဖြစ်ပါတယ်။ iOS 11 မှာ Lock Screen တွင် Notification Preview များကို ဖျောက်နိုင်ပါပြီ။ ဒီလို Settings များကို Android နဲ့ Samsung Phone များမှာ သုံးနိုင်တာ ကြာပါပြီ။

iOS 11 မှာ App တစ်ခုရဲ့ Documents နဲ့ ဒေတာများကို သိမ်းဆည်းထားပြီး မလိုအပ်တဲ့ ဒေတာများကိုသာ ရှင်းလင်းပေးတဲ့ Offload Apps အမည်ရ စွမ်းဆောင်ချက် အသစ်ပါလာပါတယ်။ ဒါဟာ Android မှ Cache များ ရှင်းလင်းတဲ့ စွမ်းဆောင်ချက်မျိုး ဖြစ်ပါတယ်။ Android မှာတော့ ဒေတာများ ရှင်းလင်းခြင်း၊ App ကို စီမံခန့်ခွဲခြင်းများကိုပါ အဲဒီကနေ ပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ iOS 11 ရဲ့ Screen Recording Tool ဖြစ်ပြီး စကရင်မှာ ဖြစ်နေတာတွေကို ဗီဒီယို ဖမ်းယူပေးတဲ့ Samsung Phone များမှ စွမ်းဆောင်ချက်နဲ့ အလွန် ဆင်တူပါတယ်။ Samsung Galaxy S8 မှာ လျှင်မြန်စွာ Screen Recording ပြုလုပ်တဲ့ စွမ်းဆောင်ချက် ပါပါတယ်။

ဒီစွမ်းဆောင်ချက်များဟာ Android ထံကနေ ကော်ပီကူးထားတာ ထင်ရှားပါတယ်။ Apple က မိတ်ဆက်ပွဲမှာ ယခင်လို ပထမဆုံး မိတ်ဆက်လိုက်တယ်ဆိုတဲ့ စကားကို မသုံးသွားဘဲ အဓိက စွမ်းဆောင်ချက်များလို့သာ ကြေညာသွားပါတယ်။



Credit to ==> DigitalTimes.com.mm
 
 


1 comment: