Thursday, June 15, 2017

♪ Facebook ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများ ♫


https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Facebook-820x420.jpg?fit=800%2C450&ssl=1
Facebook ဟာ ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ရက် တစ်ခု ဖြစ်လာပါပြီ။ ဒီနေ့ခေတ်မှာ လူတိုင်း Facebook သုံးနေကြပေမယ့် လျှို့ဝှက်နက်နဲတဲ့ ဖန်ရှင်တွေကိုတော့ မသိကြပါဘူး။ အဲဒီအတွက် Facebook ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

သင် မဖတ်ရသေးတဲ့ Messages များကို ကြည့်ပါ။
သင် Facebook ကို သုံးတာကြာပေမယ့် သင် မဖတ်ရသေးတဲ့ Messages များ ရှိတဲ့ ဖိုဒါတစ်ခု ရှိမှန်း သင်သိမှာ မဟုတ်ပါဘူး။ အရင်ကတော့ Other Folder လို့ ခေါ်ပြီး အခုတော့ Message Request Folder လို့ ခေါ်ပါတယ်။ အဲဒီမှာ သင်နဲ့ သူငယ်ချင်း မဟုတ်တဲ့ လူများ သင့်ထံ ပေးပို့တဲ့ စာများကို သိမ်းထားပါတယ်။ Newsfeed ရဲ့ အပေါ်ထိပ်မှ Message Icon ကို နှိပ်ပါ။ Message Requests Tab ကို နှိပ်ပါ။ See filtered requests ကို နှိပ်ပါ။

သင့် အကောင့်ကို ခိုးသုံးသူများကို စစ်ဆေးပါ။
သင့် အကောင့်ကို ခိုးသုံးသူများကို စစ်ဆေးဖို့အတွက် Settings > Security> Where you’re logged in ကို သွားပါ။ အဲဒီမှာ သင့်အကောင့်ကို Login ၀င်ထားတဲ့ Device များကို ပြသထားပါတယ်။ အသုံးပြုတဲ့ တည်နေရာ၊ ဘရောက်စာများကိုလည်း မြင်ရမှာပါ။ သင် မသိတဲ့ Device များမှာ သင့်အကောင့်ကို Logout လုပ်ဖို့ end activity ကို နှိပ်နိုင်ပါတယ်။ ဒီနည်းလမ်းက အများသုံး ကွန်ပြူတာများမှာ သင့် အကောင့်ကို Logout လုပ်ဖို့ မေ့သွားရင်လည်း အသုံးဝင်ပါတယ်။

Secret Emoji များကို သုံးပါ။
Facebook မှာ Emoji များဟာ ရေပန်းစား နေပါတယ်။ စာမရေးချင်ဘဲ သင့်ရဲ့ ခံစားချက်ကို ဖော်ပြဖို့အတွက် သူတို့ကို သုံးနိုင်ပါတယ်။ Emoji များကို Wall Posts, Chats , Comments များမှာ သုံးနိုင်ပါတယ်။ အောက်မှာတော့ အသုံးများတဲ့ Emoji များကို ဖော်ပြထားပါတယ်။
(y) = thumbs-up ‘like’ symbol
(^^^) = a great white shark
:|] = a robot
:poop: = well, you know
<(“) = a penguin
Emoji အားလုံးကို အောက်ပါလင့်မှာ လေ့လာပါ။
http://www.symbols-n-emoticons.com/p/facebook-emoticons-list.html

သင်နဲ့ သင့်ချစ်သူရဲ့ Page ကို ကြည့်ပါ။
သင်တို့ ချစ်သူနှစ်ဦးနဲ့ ပတ်သက်တဲ့ Page ကို Facebook က ပြုလုပ်ပေးထားပါတယ်။ အဲဒီမှာ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်တရများကို ရိုမန့်တစ်ဆန်စွာ ကြည့်ရမှာပါ။ www.facebook.com/us ကနေ ကြည့်ရမှာပါ။ သင့်ရဲ့ Relationship Status မှာ သင့်ချစ်သူကို မထည့်ထားရင်တော့ အဲဒီလင့်ကို နှိပ်ရင် သင့်ရဲ့ ပရိုဖိုင်ကို ရောက်သွားမှာပါ။

နောက်မှ ဖတ်ဖို့ ပို့စ်များကို သိမ်းပါ။
Newsfeed မှ ပို့စ်များ၊ ဗီဒီယိုများကို နောက်မှ ကြည့်ဖို့ သိမ်းထားချင်ရင် ညာဘက်ထိပ်မှ မျှားကို နှိပ်ပါ။ Drop-Down Menu ပေါ်လာရင် Save link ကို နှိပ်ပါ။ သင် သိမ်းထားတဲ့ ပို့စ်များကို Newsfeed ရဲ့ ဘယ်ဘက်ရှိ Sidebar မှ Saved ထဲမှာ ကြည့်နိုင်ပါတယ်။

Newsfeed မှာ ကြည့်ချင်တဲ့ အရာများကို ရွေးချယ်ပါ။
Newsfeed မှာ သင့် အရင်းနှီးဆုံး သူငယ်ချင်းများ၊ သင် အကြိုက်ဆုံး Pages များကို ကြည့်နိုင်ဖို့ Facebook က ဖန်တီးပေးထားပါတယ်။ Newsfeed ရဲ့ ထိပ်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Newsfeed Preferences ထဲသွားပါ။ Prioritize who to see first ကို နှိပ်ပြီး သူငယ်ချင်းများ၊ Pages များကို ရွေးချယ်ပေးပါ။

သင့် သူငယ်ချင်းများရဲ့ Relationship များကို စပ်စုပါ။
သင့် သူငယ်ချင်းတစ်ယောက်က အခြား သူငယ်ချင်း တစ်ယောက်ရဲ့ Wall မှာ ပို့စ်တစ်ခု တင်ထားတယ် ဆိုပါစို့။ အဲဒီ သူငယ်ချင်း နှစ်ယောက်ရဲ့ Relationship ကို စပ်စုချင်ရင် အဲဒီ ပို့စ်ရဲ့ ညာဘက်ထိပ်မှ မျှားကို နှိပ်ပါ။ More Options ကို နှိပ်ပြီး see friendship ကို ရွေးချယ်ပေးပါ။

မြင်ချင်တဲ့ ကြော်ညာများကို ရွေးချယ်ပါ။
Facebook မှာ သင်မနှစ်သက်တဲ့ ကြော်ညာများကို မြင်နေရရင်တော့ သင့်အကြိုက်ကို Facebook က မသိသေးလို့ ဖြစ်မှာပါ။ Settings> Ads > Your Interests ထဲသွားပါ။ အဲဒီမှာ Interest များကို ပြသထားပြီး သင်မနှစ်သက်တဲ့ အရာများကို ဖျက်ပစ်ပါ။

Advertisers you’ve interacted with မှ Whose ads you’ve clicked ထဲသွားပါ။ အဲဒီမှာ သင် Click နှိပ်ထားတဲ့ ကြော်ညာရှင်များကို မြင်ရမှာ ဖြစ်ပြီး မနှစ်သက်တဲ့ Pages များကို ဖယ်ရှားနိုင်ပါတယ်။


Credit to ==>> Digital Times
 
 
 

No comments:

Post a Comment