Wednesday, June 7, 2017

♪ " စာသားတွေနဲ့ Check-in တွေကိုပါ Album နဲ့ သိမ်းခွင့်ရှိလာတဲ့ Facebook " ♫


No automatic alt text available.
Facebook အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံတွေသာမကပဲ စာသားတွေနဲ့ check-in တွေ၊ video တွေကိုပါ album ပြုလုပ်သိမ်းဆည်းခွင့် ရရှိနိုင်ပြီလို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ကို web နဲ့ နောက်ဆုံးထွက် Android app ကနေ အသုံးပြုသူတွေ ရရှိနိုင်မှာဖြစ်ပြီး iOS အတွက် မကြာခင် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

ကိုယ်က ကွန်မန့်ရေးထားတဲ့ album ဒါမှမဟုတ် follow လုပ်ထားတဲ့ page က album တွေ update လုပ်တိုင်းမှာလည်း နိုတီလာပေါ်ပေးမှာပါ။ သင့်ရဲ့ ပရိုဖိုင်မှာ နှစ်သက်ရာတွေ စုစည်းနိုင်မယ့် featured album တွေ ပြုလုပ်နိုင်ပြီး စာရေးသူတွေအတွက် ပုံနဲ့တွဲသိမ်းနေစရာမလိုဘဲ ရိုးရှင်းတဲ့စာသား album တွေ ပြုလုပ်နိုင်လာမှာပါ။ အကယ်၍ သင်ခရီးတစ်ခု စသွားပြီဆိုရင် နေရာတွေကို check-in ပြုလုပ်ထားသမျှနဲ့ လမ်းတလျှောက် ဓာတ်ပုံတွေ ၊ video တွေကို album တစ်ခုတည်းမှာပဲ စုစည်းထားနိုင်မှာဖြစ်ပါတယ်

Google ရဲ့လုပ်ဆောင်မှုနဲ့ အနည်းငယ်ဆင်တူလာပေမယ့် facebook ဘက်ကတော့ ဒါဟာ တစ်ခြားဟာတွေနဲ့ ကွဲပြားမယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ Google မှာဆိုရင် ပုံတွေ အခမဲ့သိမ်းဆည်းခွင့်ရှိပြီး ဒီပုံတွေကို တစ်ခြားသူတွေ အခမဲ့ယူသုံးတာမျိုး ၊ print ထုတ်ယူနိုင်တာမျိုး၊ photo book တွေကို အရောင်းအဝယ်ပြုလုပ်နိုင်တဲ့အထိ ခွင့်ပြုထားပါတယ်။ Google က ပုံတွေကို keyword နဲ့ ရိုက်ပြီးရှာဖွေနိုင်သလိုမျိုး facebook ရဲ့ photo sharing app မှာ မကြာခင်ရရှိလာပါလိမ့်မယ်။ 

လုပ်ဆောင်ချက်အသစ်တွေပါဝင်လာတဲ့ facebook မှာ ကိုယ်ရေးသားထား၊ မှတ်သားထားတာတွေ အားလုံးပါဝင်တဲ့ Digital scrapbook တစ်ခု ဖန်တီးနိုင်လာပြီပဲ ဖြစ်ပါတယ်။ Facebook က Google မှာ လုပ်တဲ့နည်းလမ်းအတိုင်း photo book တွေကို ဝယ်တာ၊ ပရင့်ထုတ်တာ၊ ဖန်တီးတာ စတာတွေကို ခွင့်ပြုလာမလားဆိုတဲ့ မေးခွန်းတွေလည်း မြင့်တက်လာနေပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment