Tuesday, January 31, 2017

အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းထဲကို ဒေတာတွေ လွယ်လွယ်ကူကူ လွှဲပြောင်းနိုင်ဖို့


ဂူးဂဲလ်ပလေးစတိုးရဲ့ တရားဝင် အိုင် အိုအက်စ်အက်ပ်ကနေ အလိုအလျောက် လွှဲပြောင်းနိုင်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၂၂ - အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းကို လွယ်လွယ်ကူကူနဲ့ ဒေတာဖိုင်တွေကို အိုင်ကျွန်းမလိုဘဲ တိုက်ရိုက်လွှဲပြောင်းနိုင်ပါတယ်။ အိုင်အိုအက်စ် (official) ကနေ ဂူးဂဲလ် ပလေးစတိုးနဲ့ချိတ် ဆက်ပြီး လုပ်ဆောင်ရ မှာ ဖြစ်ပါတယ်။
သည်နည်းလမ်းတွေကို ပြည်တွင်းဆော့ဖ်ဝဲ နည်းပညာရှင်တွေက ရှင်းပြထားတာ ဖြစ်ပါတယ်။
အချို့နည်းလမ်းတွေကတော့ Apple ဝက်ဘ်ဆိုက်နဲ့ နိုင်ငံခြားအိုင်တီဝက်ဘ် ဆိုက် Gadgets ကနေ ကိုးကားထားတာ ဖြစ်ပါတယ်။
ဂူးဂဲလ်ပလေးစတိုးရဲ့တရားဝင်အိုင် အိုအက်စ်အက်ပ်ကနေ အလိုအလျောက် လွှဲပြောင်းနိုင်ပါတယ်။ ဖုန်း contacts ၊ မက်ဆေ့ခ်ျ၊ ဓာတ်ပုံနဲ့ဗီဒီယို၊ web bookmarks (ဝက်ဘ်ဆိုက်မှာမှတ်ထားတာတွေ) မေးလ်အကောင့်စတာတွေကို တစ်ကြိမ်ထဲနဲ့လွှဲပြောင်းနိုင်ပါတယ်။

မလွှဲပြောင်းခင်သိထားရမှာ

နောက်ပြီး အက်ပဲလ်ရဲ့တရားဝင် ဝက်ဘ်ဆိုက်ရဲ့အဆိုအရ အက်ပဲလ်စတိုး ရဲ့လုပ်သားတွေက အန်းဒရွိုက်ဖုန်းကနေ အိုင်ဖုန်းကို ဒေတာတွေ လွှဲပြောင်းဖို့ အခမဲ့လုပ်ဆောင်ပေးမှာဖြစ်တာကြောင့် ဝက်ဘ်ဆိုက်ထဲမှာ အကူအညီသွား တောင်းနိုင်ပါတယ်။
ဖိုင်ဒေတာတွေကို မလွှဲပြောင်းခင် ကိုယ့်ဆီမှာ ဟာ့ဒ်ဝဲနဲ့ပတ်သက်တာ အစုံအလင်ရှိရပါမယ်။ အိုင်အိုအက်စ်အတွက် ထုတ်ထားတဲ့ဂူးဂဲလ်အက်ပ်တွေကို ဒေါင်းလုပ်ဒ်ဆွဲထားရမှာ ဖြစ်တယ်။ Google drive storage ရှိရပါမယ်။

လိုအပ်တာတွေက

ဖိုင်ဒေတာအလွှဲအပြောင်းဖြစ်စေ၊ အက်ပ်အလွှဲအပြောင်းဖြစ်စေ အန်းဒရွိုက်ကနေ အက်ပဲလ်ကို လွှဲမှာဖြစ်တာကြောင့် လုံခြုံရေးအရ အက်ပဲလ်အိုင်ဒီ (Apple ID)ကနေ ဖြတ်သွားရမှာဖြစ်တာကြောင့် အိုင်ဒီအကောင့် လိုအပ်ပါတယ်။ တကယ် လို့မိမိရဲ့အိုင်ဖုန်းက အလုံးအသစ်ဖြစ်နေ တယ်ဆိုရင်တော့ အိုင်ဒီအကောင့်အသစ် လုပ်ပါ။
နောက်တစ်ချက်က လွှဲပြောင်းမယ့် ဖုန်းနှစ်လုံးစလုံးမှာ ချိတ်ဆက်ဖို့ အင်တာ နက်ဒေတာ ဒါမှမဟုတ် ဝိုင်ဖိုင် (wifi) ကော်နက်ရှင် လိုအပ်ပါတယ်။ နောက်ပြီး လွှဲပြောင်းမယ့်အိုင်ဖုန်းက အလုံးအသစ် ဒါမှမဟုတ် factory reset ချထားဖို့လိုပါ တယ်။
ပထမအချက်အနေနဲ့ အရင်ဆုံးဖိုင်တွေကို ပြောင်းထည့်မယ့်အန်းဒရွိုက်ဖုန်းထဲမှာ iOS app (တရားဝင်) ကို ဒေါင်းလုပ်ဒ်ဆွဲပါ။ ဒေါင်းလုပ်ဒ်ဆွဲပြီးတာနဲ့ဒေတာဖိုင်တွေကို အချိန်မဆွဲဘဲ ချက်ချင်းပြောင်းထည့်ရမှာဖြစ်ပါတယ်။ ပြီးရင် အဲ သည်အက်ပ်ထဲဝင်လိုက်တာနဲ့ ကုတ်နံပါတ်တောင်းပါလိမ့်မယ်။  အဲသည်ကုတ်က လွှဲပြောင်းမယ့်အိုင်ဖုန်းထဲကနေရယူရမှာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ လွှဲပြောင်းမယ့်အိုင်ဖုန်းကိုဖွင့်ပါ။ အဲသည်အိုင်ဖုန်းမှာ Hello ဆိုတဲ့စာတိုမက်ဆေ့ခ်ျဘောက်စ် ကို ပြပါလိမ့်မယ်။ မက်ဆေ့ခ်ျထဲဝင်ပြီးရင် Move Data from Android ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။
ပြီးရင်သူပြောတဲ့အတိုင်း အဆင့်ဆင့် ဆက်လက်လုပ်ဆောင်သွားပါ။ အိုင်ဖုန်းမှာ ကုတ်နံပါတ်ပြလာခဲ့ရင် ကုတ်ကို ခုနက အန်းဒရွိုက်ဖုန်းမှာ တောင်းထားတဲ့ ကုတ်နံပါတ်ဘောက်စ်မှာ ရိုက်ထည့်ပါ။
ကုတ်နံပါတ်တစ်ကြိမ်ပဲ ရိုက်ထည့်ခွင့်ရှိတာကြောင့် မမှားအောင် သေချာရိုက်ပါ။ ကုတ်နံပါတ်ထည့်ပြီးရင် ဖုန်းနှစ်လုံးကြားဖိုင်အလွှဲအပြောင်းလုံခြုံမှုရှိအောင် အိုင် ဖုန်းထဲမှာ သီးသန့်ကိုယ်ပိုင်ဝိုင်ဖိုင် (wifi) ကော်နက်ရှင်ကို ဖန်တီးပေးရမှာ ဖြစ်ပါ တယ်။
ဝိုင်ဖိုင်ကို ချိတ်ပြီးလိုက်တာနဲ့ မိမိ ပြောင်းထည့်ချင်တဲ့ဖိုင်ဒေတာတွေကို ဘယ်ဟာတွေလဲဆိုတာ မေးပါလိမ့်မယ်။ အဲသည်မှာ ဓာတ်ပုံဆိုရင် camera roll ၊ သီချင်းဆိုရင် music စတာတွေကို အမှန် ခြစ်လုပ်ပြီး ရွေးကာ တရာ transfer data ကို နှိပ် ရမှာဖြစ်ပါတယ်။ ဖိုင်ဒေတာတွေ လွှဲပြောင်း ပြီးရင် အခြေအနေကို မိနစ်အနည်းငယ်စောင့်ပါ။  လွှဲပြောင်းတာ အောင်မြင်သွားပြီဆိုရင် အိုင်ဖုန်းမှာမေးမယ့်မေးခွန်းတွေကို ဖြေဆိုဖို့အဖြေတွေရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က အိုင်ဖုန်းထဲမှာရှိ တဲ့အက်ပ်တွေကို ပြန်ဖျက်ပြီး အစကနေ ဒေါင်းလုပ်ဒ်ဆွဲရင် ပိုကောင်းပါတယ်။ ပြီးရင် အိုင်ဖုန်း (သို့) အက်ပဲလ်ဝက်ဘ်ဆိုက် မှာရှိတဲ့အန်းဒရွိုက် free app ကို အပ်ဒိတ်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့ အန်းဒရွိုက်ကနေ အိုင်ဖုန်းဆီ ဖိုင်ဒေတာတွေကို အချိန်မရွေး လွှဲပြောင်းလို့ရအောင် ဖြစ်ပါတယ်။

အီးမေးလ်အကောင့်နဲ့ ဖုန်းနံပါတ်

အီးမေးလ်လိပ်စာအကောင့်နဲ့ ဖုန်းနံပါတ်ဒေတာတွေပြောင်းဖို့အတွက်က ကွန်ရက်သက်သက်ဖြစ်တဲ့အတ∑က် လွှဲပြောင်း ရာမှာ ကြားခံချိတ်ဆက်ဖို့ ဂူးဂဲလ်ဆာဗာကနေ သွားရမှာ ဖြစ်ပါတယ်။ ဂူးဂဲလ် မေးလ်ကနေတစ်ဆင့် အီးမေးလ်လိပ်စာ အကောင့်နဲ့ ဖုန်းနံပါတ်တွေကို တစ်ပြိုင်တည်း လွှဲပြောင်းရမှာ ဖြစ်ပါတယ်။
တချို့အန်းဒရွိုက်ဖုန်းတွေက ပြည်တွင်း local အပိုင်းထဲက ဆင်းမ်ကတ်တွေနဲ့ သုံးတာဖြစ်တာကြောင့် ဂူးဂဲလ် contacts နဲ့  ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။ ဥပမာ ဂူးဂဲလ်ပလေးစတိုး၊ ဂျီမေးလ်စတာတွေသုံးတဲ့သူဆို မလိုအပ်ပါဘူး။ ရှောင်းမီ ဖုန်းတွေက Mi account  နဲ့ သီးသန့် သုံးစွဲသူများတာကြောင့် ဂူးဂဲလ်နဲ့ချိတ်ဆက်ပါ။
သိမ်းထားတဲ့ဖုန်းနံပါတ်တွေ လွှဲပြောင်းဖို့  အန်းဒရွိုက်ဖုန်းထဲကဖုန်း contacts ထဲဝင်ပြီး Menu နှိပ်ပါ။ Import/ export ဆိုတာကို ရှာပါ။ ဆင်းမ်ကတ်ထဲသိမ်းဖို့ Import from SIM card ရွေးပါ။ ဂူးဂဲလ်အကောင့်နဲ့ သိမ်းထားမလားမေးရင် save ကိုရွေးပြီး အီးမေးလ်လိပ်စာရိုက် ရပါမယ်။ လွှဲပြောင်းမှာဖြစ်တာကြောင့် export ကို ရွေးပါ။ ပြီးသွားရင် စင်ခရိုနိုက်စ် Syn လုပ်ရုံပါပဲ။

အန်းဒရွိုက်အက်ပ်အချို့ကိုပါ လွှဲနိုင်

ဒါ့အပြင်  အန်းဒရွိုက်အတွက် ထုတ် လုပ်ထားတဲ့အိုင်အိုအက်စ် (တရားဝင်) iOS free app အက်ပ်ထဲကနေလည်း အန်းဒရွိုက်အက်ပ်တွေကို အက်ပဲလ်စတိုး ဆီ အပြောင်းအရွှေ့လုပ်နိုင်ကြောင်း သိရပါတယ်။
Author မေဘယ်လ်
Credit: kumudranews.com
 
 

ဖုန်းအဟောင်းပြန်ရောင်းမယ်ဆိုရင် သိထားရမယ့် အချက် (၅) ချက်

ဖုန်းအဟောင်းပြန်ရောင်းမယ်ဆိုရင် သိထားရမယ့် အချက် (၅) ချက်

ပစ္စည်း ဘယ်လောက်ဟောင်းဟောင်း အဓိက မဟုတ်ပါ။ အထူးသဖြင့် စမတ်ဖုန်းနဲ့ တက်ဘ်လက် ပတ်သက်ရင် အင်တာနက်ပေါ်မှာ လိုချင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိပါတယ်။ ဒါ့ကြောင့် မိမိဘက်က အကောင်းဆုံး လုပ်နိုင်တာက မိမိပစ္စည်းဟောင်းများကို eBay၊ OLX သို့မဟုတ် Facebook စတဲ့ အွန်လိုင်းဈေးကွက်တွေမှာ ရောင်းချရန် ဖြစ်ပါတယ်။ မိမိစမတ်ဖုန်းအဟောင်းများကို Flipkart, Amazon စတဲ့ အရောင်းအဝယ် လုပ်သူတွေထံလည်း ပြန်ရောင်းနိုင်ပါတယ်။
စမတ်ဖုန်း သို့မဟုတ် တက်ဘ်လက်ရောင်းတဲ့အခါ သတိထားရမယ့်အချက် (၅) ချက်ရှိပါတယ်။  
၁။ တတ်နိုင်သလောက်အကောင်းဆုံးအနေအထားမှာ ထိန်းသိမ်းထားပါ
စခရင်ခြစ်ရာပါတဲ့ ပစ္စည်းထက်စာရင် ခြစ်ရာလုံးဝမရှိတဲ့ စမတ်ဖုန်းက ဈေးပိုရပါတယ်။ ဒီတော့ ဖုန်းကာဗာ သို့မဟုတ် အိတ်လေး သုံးပေးသင့်ပါတယ်။
၂။ မူရင်းဘူးခွံနဲ့ တွဲဖက်ပစ္စည်းတွေ သိမ်းထားပါ
တွဲဖက်ပါလာတဲ့ USB ပါဝါခေါင်းနဲ့ အားသွင်းကြိုးတွေအစား တခြားအပြင်ကဟာတွေ သုံးပါ။ မူရင်းဘူးခွံနဲ့ တွဲဖက်ပစ္စည်းများ အထူးသဖြင့် မသုံးရသေးဘူးဆိုရင် လူတွေ ဈေးပိုပေးချင်ပါလိမ့်မယ်။
၃။ ဓာတ်ပုံသေချာရိုက်ထားပါ
ပစ္စည်းက အသစ်နီးပါး ဖြစ်နေသေးပါက ထောင့်စုံကနေ ဓာတ်ပုံရိုက်ထားပါ။ အဲဒီလိုလုပ်ပေးပါက အကောင်းတိုင်းရှိသေးတဲ့ ပစ္စည်းဆိုရင် အလားအလားရှိတဲ့ ဝယ်သူတွေ သဘောကျကြပါတယ်။ ဓာတ်ပုံ အရည်အသွေးကောင်းကောင်းဖြင့် လုပ်ပေးခြင်းက ဝယ်သူတွေ စိတ်ဝင်စားမှုပိုရစေပြီး ဝယ်ချင်စိတ်ဖြစ်ပါလိမ့်မယ်။
၎။ တခြား ဖုန်းအရောင်းအဝယ်ဈေးကွက်တွေ လိုက်လေ့လာပါ
အထူးသဖြင့် ပစ္စည်းက သိပ်အခြေအနေမကောင်းတော့ပါက မရောင်းခင် လိုက်လေ့လာကြည့်ပါ။ eBay ထက် တခြားအရောင်းအဝယ်ဆိုဒ်တစ်ခုခုကနေ ပိုက်ဆံပိုရမရဆိုတာ သင်မသိနိုင်ပါ။
၅။ နောက်ဆုံး မော်ဒယ်မထုတ်ခင် မိမိပစ္စည်းကို အမြန်ရောင်းထုတ်ပါ
မော်ဒယ်လ်သစ်ထွက်လာလို့ အရမ်း ဒိတ်အောက်မသွားခင် ရောင်းချပါက ပိုက်ဆံပိုရပါတယ်။ နောက်ထပ် မော်ဒယ်လ်သစ်ထွက်ရှိဖို့ ရက်စွဲကို နားစွင့်ကြည့်ပါ။ 
Source: TOI 

ဖုန်း Lock ပိတ်ထားရင် နာရီလေးလိုပြပေးနေမယ့် Always On AMOLED v0.9.4 Apk


ဒီဆော့ဝဲလေး ဖုန်းကို နာရီတစ်လုံးအနေဖြင့်လည်း သုံးလို့ပါတယ်။ Root မလိုပါဘူး ဖုန်း Lock ပိတ်ထားလိုက်ရင် နာရီမှာပေါ်နေသလို အချိန်ကို ပြသနေနေမှာဖြစ်ပြီး ဖုန်းဘတ်ထရီအားတွက် အနည်းငယ်သာကုန်လို့ စိတ်မပူရပါဘူး။
အသုံးပြုနည်းက မခက်ခဲပါဘူး ဆော့ဝဲလေးထဲဝင်ပြီး အဆင့် ၂ဆင့်ကျော်လိုက်ရင် အော်တိုသုံးလို့ရသွားပါပြီ။ Lock ပိတ်ကြည့်လိုက်ပါ.. နာရီလေးလို အချိန်တိုင်း ပြသနေပါလိမ့်မယ်။
မိမိဖုန်းကို နာရီလေးတစ်လုံးလို လန်းချင်ရင် ဆော့ဝဲလေးကို အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ
နှစ်သက်ရာလင့်မှာဒေါင်းယူနိုင်ပါတယ်။
   
   

သော့ခတ်ထားတဲ့ မိမိဖုန်းကို မိမိအသံဖြင့် Lock ဖွင့်နည်း


စမ်းသပ်ပြီးလို့ အဆင်ပြေလို့ တင်ပေးလိုက်ပါတယ်။
တော်တော်လေးကိုအသုံးဝင်တဲ့ App တစ်ခုပါ။
မိမိတို့ဖုန်းရဲ့ Screen Lock ကို ကိုယ့်အသံဖြင့်လည်းကောင်း၊ PassCode 4 လုံးဖြင့်လည်းကောင်း ဖွင့်နိုင်ပါတယ်။
မိမိဖုန်းကို အခြားသူတွေဝင်ကလိလို့မရအောင် ဒီနည်းကအထောကအကူပြုပါလိမ့်မယ်။
ဆော့ဖ်ဝဲလ်ကိုတော့ အောက်မှာဒေါင်းယူလိုက်ပါ။
 
 
 
 
အသုံးပြုနည်းကိုဖတ်ကြည့်ပါအုံး
ဆော့ဖ်ဝဲကိုဖွင့်ပါ။
Set Password ကိုနှိပ်ပါ။
အသံဖိုင်ထည့်ပေးရမှာဖြစ်လို့ Voice Icon လေးကိုဖိပြီး English လို့စကားတစ်ခုကိုပြောပြီး Ok နှိပါပါ။
နောက်တစ်ဆင့်ကိုရောက်သွားပါက PassCode 4လုံး သင်နှစ်သက်ရာကိုထည့်ပြီး Ok နှိပ်ပါ။
ပြီးရင် ဆော့ဖ်ဝဲရဲ့အပြင်ကိုထွက်ပြီး Screen ကိုပိတ်ပြီး ပြနပွင့်ကြည့်လိုက်ပါ။
အသံဖိုင်ကိုတောင်ပါလိမ့်မယ်။ Voice Iocn လေးကိုဖိနှိပ်ပြီး ခဏက သူငယ်ချင်းတို့ ထည့်လိုက်တဲ့ English လို့ပြောထားတဲ့စကားအတိုင်းပြောလိုက်ပါ Screen Lock ပွင့်သွားပါလိမ့်မယ်။
တကယ်လို့ အသံသွင်းထားတာ မသေချာလို့ ဖွင့်မရဖြစ်ခဲ့ရင် Lock Screen အပေါ်ထောင့်နားလေးမှ သော့ပုံလေးကိုနှိပ်ပြီး သူငယ်ချင်းတို့ ပေါ်မှာထည့်ခဲ့တဲ့ PassCode 4 လုံးကိုထည့်ပြီး ဖွင့်လို့ ရပါတယ်။
နှစ်မျိုးအသုံးပြုနိုင်ပါတယ်။နောက်ထပ်ပါဝင်တာတွေက နောက်ခံကာလာတို့ချိန်းနိုင်ပါတယ်။


အလွယ်တကူ ဓမ္မတရားတော်များ လေ့လာဖတ်ရူ့နိုင်မည့် Buddhan 1.2 APK


အလွယ်တကူ ဓမ္မတရားတော်များ လေ့လာဖတ်ရူ့နိုင်မှာဖြစ်ပြီး ဗုဒ္ဓံ  App အား ဘုရား၊ တရား၊ သံဃာ၊ 
 
မိဘ၊ ဆရာ အနန္တော အနန္တ (၅) ပါးအား ဦးထိပ်ထား၍ အခမဲ့ ရေးသားပူဇော်နိုင်မှာဖြစ်ပါတယ်။ ဤ app 
 
တွင် Unicode နှင့် Zawgyi အား Converter များ အသုံးပြု၍ ရေးသားထားသောကြောင့် မြန်မာစာမှားမှာ 
 
စိတ်ပူစရာ မလိုတော့ပါဘူး ဓမ္မတရားပရိတ်သတ်များ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
 
 



တောင်ကိုရီးယားသို့ နိုင်ငံခြားသား အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင် လိုသူများ လေ့လာထားနိုင်မည့် App


တောင်ကိုရီးယားသို့ နိုင်ငံခြားသား အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင် လိုသူများ ဖြေဆိုရမည့် EPS-TOPIK စာမေးပွဲ အထောက်အကူ App ကလေး ဖြစ်ပါတယ်။ ဒီ App ကလေးကို အခန်းပေါင်း ၃၀ ဖြင့် ဖွဲ့စည်းထားပါတယ်။ အခန်းအလိုက် စကားပြော၊ ဝေါဟာရ၊ သဒ္ဒါ လေ့ကျင့်ခန်း၊ Tip၊ လက်တွေ့ လေ့ကျင့်ရန် အခန်း၊ ယဉ်ကျေးမှု၊ ဖတ်ရန်နှင့် နားထောင်ရန် စသည့်ဖြင့် မူရင်း စာအုပ်ကို ဘာသာပြန် တည်းဖြတ်ပြီး ကိုယ့်ရဲ့ ဖုန်းထဲတွင် လေ့ကျင့် မှတ်သားနိုင်ရန် စီစဉ်ထားတာပါ။
အခန်း ၆ အထိ Free လေ့လာ မှတ်သားနိုင်မှာ ဖြစ်ပြီး ကျန်ရှိသည့် အခန်းများ အားလုံးကို လေ့လာလိုပါက ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူအားပေးနိုင်ပါတယ်။ ဝယ်ယူရန် လမ်းညွှန်ကို App ထဲတွင် ကြည့်ရှုနိုင်ပါတယ်။ App ကလေး အရွယ် အစားသည် 45 Mb လောက်ရှိပြီး အသံဖိုင်များကိုလည်း App ကလေး အသုံးပြု၍ အင်တာနက်မှ ဒေါင်းယူနိုင်ရန် စီစဉ် ထားပါတယ်။ အသံဖိုင်း အားလုံး အရွယ်အစား 66 Mb လောက်ရှိပါတယ်။ ဒီ App ကလေးကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်စာဖြင့် လေ့လာနိုင်ရန် ထည့်သွင်း ပေးထား ပါသေးတယ်။



သီချင်းဆိုတာ ဝါသနာပါတဲ့ သူတွေအတွက် မိမိတို့ရဲ့ ဖုန်းမှာ ကာရာအိုကေဆိုလို့ရတဲ့ Sing! Karaoke 4.2.1 APK (နောက်ဆုံးထွက်)

ဟိုတစ်နေ့က အကိုတစ်ယောက်တောင်းဆိုလာတဲ့  ဖုန်းမှာ ကာရာအိုကေဆိုလို့ရတဲ့ Apk လေးများရှိရင်  တင်ပေးပါဦးဆိုလို့ ဒီကောင်လေးကိုတင်ပေးလိုက်ပါတယ်။   ဒီဆော့ဝဲလေးကတော့ Official ဆိုက်မှာ Popular အဖြစ်ဆုံးပါ   သီချင်းဆိုတာ ဝါသနာပါတဲ့ သူတွေအတွက် မိမိတို့ရဲ့ ဖုန်းမှာ   နာမည်ကြီးသီချင်များကို ကာရာအိုကေဆိုလို့ရတဲ့ အပြင်  တစ်ခြားဘော်ဒါတွေနဲ့ ပူးပေါင်းပြီးတော့လည်း ဆိုလိုရပါတယ်။   မြန်မာသီချင်းတွေအတွက်တော့ Agreement ဖြစ်ကို သီချင်းဆိုနိုင်ပါတယ်။ အောက်မှာတော့ဒေါင်းသွားနိုင်ပါတယ် size 30.MB ဖြစ်ပါတယ်။
 
 
ဝင်းလှိုင်-နည်းပညာ 
 
 

♪ “Android 7.1 ဆီက ဘာတွေရမလဲ” ♫


Image may contain: text
Android ကို နှစ်စဉ် update လုပ်လာလိုက်တာ ၂၀၁၆ ခုနှစ်ကုန်မှာ Android 7 ထွက်လာပါတယ်။ ဒါပေမယ့် စမတ်ဖုန်းနဲ့ တက်ဘလက်ထုတ်လုပ်သူတွေက Android ကို Google ကထုတ်ပေးတဲ့ပုံစံ အတိုင်းမသုံးဘဲ ကိုယ့်ကုမ္ပဏီရဲ့ မူပိုင်ဟန် တွေပါထည့်ပြီး ထုတ်လုပ်ကြတာကြောင့် ၂၀၁၆ခုနှစ်အကုန် ၂၀ ထဲမှာ Android 7.1 သုံးတဲ့စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို မတွေ့သ လောက်ပါပဲ။ ၂၀၁၇ ခုနှစ် နွေရာသီထဲမှာဖြင့် မိုဘိုင်းဖုန်းကုမ္ပဏီ အသီးသီးက ကိုယ်ပိုင်အပြင်အဆင်နဲ့ မွမ်းမံဆင်ယင်ထားတဲ့ Android 7.0 သုံးစမတ်ဖုန်းနဲ့ တက်ဘလက်တွေထုတ်လုပ်ကြပါတော့မယ်။ Android version အသစ် ထွက်တာ နှစ်လသုံးလကြာသွားပြီမို့ Version update လည်း လုပ်လာပါတယ်။ စမတ်ဖုန်းတွေပေါ်မှာမြင်ရမယ့် Android က 7.1.1 ပါ။ Android 7.0 က Android 6.0 ထက် အားသာချက်ရှိတာအမှန်ပါပဲ။ Android 7.1 ဆီက ဘယ်လိုအသုံးတည့်တာတွေရမှာလဲ

အခြေခံပိုင်းကိုကြည့်ရင် Android version အားလုံးနီးပါးမှာ Easter Egg game ကပါတာချည်းပါပဲ။ အသုံးမတည့်လို့ ဖွင့်မကြည့်ကြတာလည်းပါတယ်။ Android ဖုန်းသုံးသူအတော်များများဆိုရင် အဲဒါကြီးကို ရှိမှန်းတောင် မသိကြ ပါဘူး။ Android 7.1 မှာပါလာတာက Feline version Easter Egg ပါ။ သူ့ကိုရှာရတာ Pokemon Go ကစားရသလိုပါပဲ။ Setting>About Phone ကိုဖွင့် Android version ဖော်ပြထားတဲ့နေရာမှာ လက်နဲ့တစ်ချက်ပြီး တစ်ချက် နှိပ်ပါ။ လက်နဲ့သုံးလေးချက် ဆက်တိုက် နှိပ်ပြီးရင် ကြာကြာလေး နှိပ်ပါ။ Android N Logo တန်ခိုးပြပါလိမ့်မယ်။ ဘာတွေမြင်ရမလဲ ကြည့်လိုက်ပါ။Android 7.1 မှာ ထူးခြားလာတာက Folder နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ အရင်ကဆိုရင် Folder လုပ်ဆောင်ချက်တွေ ပြည့်ပြည့်စုံစုံသုံးချင်ရင် Third Party APK တွေကိုအားကိုးခဲ့ရပါတယ်။ ဒါပေမယ့် Android ဖုန်းသုံးသူ အတော်များများက ဖုန်းကို အရှိအတိုင်းသုံး တာများပြီး ကိုယ့်စိတ်ကြိုက်ပြုပြင်တဲ့ Customigation လုပ်လေ့မရှိတာ ကြောင့် folder လုပ်ဆောင်ချက် မပြည့်စုံတာကို သတိတောင်မထားမိပါဘူး။

Android 7.1 ရဲ့တိုးတက်လာတဲ့ folder လုပ်ဆောင်ချက်ကို စမ်းသပ်ဖို့ Home screen ရဲ့ အောက်ခြေမှာရှိတဲ့ Five app icons ကို အလှည့်အပြောင်းလေး တွေလုပ်ကြည့်ကြပါမယ်။ ဂိမ်းသမားဆိုရင် ကိုယ်အမြဲကစားတဲ့ဂိမ်းတွေကို Drag ဆွဲလာ ပြီး စုစည်းမယ့် Folder တစ်ခုကို ဖန်တီးပါမယ်။ ပြီးရင်အဲဒီ Folder ကို ကြာကြာလေးဖိထားပြီး Home Screen အောက်ခြေက icon bar နေရာကိုဆွဲယူလာပြီး လွှတ်ချလိုက်ပါမယ်။ ဂိမ်းတွေကို တစ်နေရာစီ လိုက်ရှာ စရာမလိုဘဲ Home screen ကနေ အလွယ်တကူဖွင့်ပြီး ကစားလို့ ရတာပေါ့။

ဖုန်းကိုအမြန်ဆုံးဖွင့်ပြီး ဓာတ်ပုံရိုက်နိုင်စေမယ့် စွမ်းဆောင်ချက်ဟာ Android 7.1 မှာထူးထူးခြားခြားပါလာပါတယ်။ အရင်ကဆို ဒီစွမ်းဆောင်ချက်ကို သက်ဆိုင်ရာဖုန်းကုမ္ပဏီက ဖန်တီးပြီးထည့်ပေးရတာပါ။ ပါဝါဖွင့် ပြီးတာနဲ့ ကင်မရာဆီ တန်းဝင် နိုင်စွမ်းမရှိတဲ့စမတ်ဖုန်းတွေဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ပုံကောင်းလေးတွေရိုက်ဖို့ လက်လွှတ်တတ်ပါတယ်။ Android 7.1 မှာဆိုရင် ပါဝါခလုတ်ကို နှစ်ချက်ဆက်ပြီး နှိပ်လိုက်ပါ။ Camera app ထဲ တန်းရောက် သွားပါမယ်။ ကင်မရာအဖွင့်အပိတ်ကို Power ခလုတ်ကနေပြီး အဖွင့်အပိတ် လုပ်ချင်ရင် Setting>moves ထဲကနေ ၀င်ပြီးသတ်မှတ်ချက်ပေးထား ရပါမယ်။

ဖုန်းသုံးစွဲသူတွေမှာ App တွေပေးတဲ့ Notification တွေကြောင့် မကြာခဏ စိတ်ကသိအအောက်ဖြစ်တာကို Google ကသိထားပါတယ်။ ဒါကြောင့် Android 7.1 မှာ App တွေကပေးတဲ့ Message ကိုအလွယ်တကူ ရှင်းပစ်ဖို့ လုပ်ထားပါတယ်။ တကယ်အသုံးကျတဲ့ App တွေကပေးတဲ့ Message တွေက အသက်သွေးကြောတမျှ အရေးပါပါတယ်။ ဒါပေမယ့် ဂိမ်းတွေက Version မြှင့်ဖို့ပေးတဲ့ Message တွေကအသုံးမတည့်ပါဘူး။ စိတ်ကသိကအောက် ဖြစ်စရာ App တွေပေးတဲ့ Message တွေကို ပိတ်ဆို့ရတာ Android 7.1 မှာ ပိုပြီးလွယ်လာပါတယ်။ ပေါ်လာတဲ့ Notification ပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Notification ကို အသံမမြည်အောင် Silent လုပ်ထားနိုင်သလို လုံးဝမပေါ်အောင် Block လည်းလုပ်နိုင်ပါတယ်။ Android 7.1 ဟာ Playlist တွေကိုလည်း ချက်ချင်းဖော်ပြပေးလာနိုင်ပါတယ်။ အခုအချိန်မှာ iPhone ရဲ့ 3D Touch gesture လောက်ကို Android မမှုတော့ပါဘူး။ အပိုဆောင်း Hardware တွေထပ်ထည့်စရာမလိုဘဲ 3D Touch စွမ်းဆောင်ရည် ကို ထည့်ပေးလာနိုင်ပါတယ်။ Playlist ကိုပြပေးနိုင်ဖို့အတွက် Play Music icon ပေါ်မှာ လက်နဲ့ကြာကြာလေးဖိထားလိုက်ပါ။ Play List တစ်ခုကို ကြုံသလို ကောက်ဖွင့်နိုင်ဖို့ကိစ္စဟာ လက်နဲ့တစ်ချက်ထောက်ရုံနဲ့ ကိစ္စပြီးပါတယ်။ Android 7.1 မှာ သိသိသာသာ သတိထားမိမှာက Help စနစ်ဖြစ်ပါတယ်။

အရင်ကဆို Android ဖုန်းမှာ ပြဿနာပေါ် ရင် နည်းပညာကျွမ်းကျင် တဲ့သူငယ်ချင်း၊ ဒါမှမဟုတ် Service Center ကိုအားကိုးရပါတယ်။ ကိုယ့် ဘာသာကြိုးစားချင်ရင် အင် တာနက်ဖိုရမ်ထဲ ၀င်မွှေပေါ့။ အခုအချိန်မှာ Android 7.1 ထဲဝင်ပြီး Help ကိုရှာနိုင်ပါပြီ။ Setting ထဲမှာ Support အနေနဲ့ပါပါ တယ်။ အင်တာနက်ချိတ်ပြီး Google က ပညာရှင်တစ်ယောက် ယောက်နဲ့ Live Chat လုပ်နိုင်တယ်။ သိချင်တာမေးနိုင်ပါတယ်။ အင်တာနက်ခ ကုန်ပေမယ့် မေးခတော့ကုန်ကျမှာမဟုတ်ပါဘူး။

ဘက်ထရီကို အထိရောက်ဆုံးသုံးအောင် လုပ်ပေးတာကိုဖြင့် Android ဖုန်းသုံးသူတွေ သဘောကျမှာပါ။ အရင်ကဆိုရင် ဒီစွမ်းရည်ဟာ Android နဲ့အတူ တစ်ပါတည်းမပါပါဘူး။ သက်ဆိုင်ရာ ဖုန်းကုမ္ပဏီကထည့်ပေးမှ ရတာပါ။ တစ်ခါတစ်ခါ Third Party App တွေရဲ့ အကူအညီယူရတာမျိုးလည်း ရှိပါတယ်။ အခုဆိုရင် ဘက်ထရီလက်ကျန် ၅% ပဲရှိတော့တာ နဲ့ Battery saver mode ကိုနှိပ်ထားနိုင်ပါတယ်။ အနည်းဆုံးနေ့တစ်ဝက်စာလောက် Standby နေနိုင်ပြီး ဖုန်းလေးငါးမိနစ်စာလောက် ပြောနိုင်ပါမယ်။

ဘက်ထရီ စားတဲ့အထဲမှာ Facebook က အဆိုးဆုံးပါ။ ရေပိုက်က ရေလွှတ်ချ လိုက်သလို ဘက်ထရီပါဝါကို တရဟော စားပါတယ်။ မိုဘိုင်း Data ကို ကန့်သတ်ပြီး Facebook ကိုအတိုင်းအတာနဲ့ အလုပ်လုပ်အောင် ထိန်းနိုင် ပါတယ်။ Setting> Apps>Facebook>data usage ကတစ်ဆင့်ဝင်ပြီး ထိန်းပေးရပါမယ်။ ဘယ်လိုပဲထိန်းထိန်း ဘက်ထရီအရမ်း အားနည်းလာပြီး ထိန်းသုံးရတော့မယ်ဆိုရင် ကိုယ့်ဘက်ထရီ အချိန်ဘယ်လောက်လက်ခံ နိုင်မယ်ဆိုတာ သိဖို့လိုလာပါတယ်။ ဒီကိစ္စအတွက် Notification drop-down ဘားက battery icon နေရာမှာ တစ်ချက်ခေါက်ရပါမယ်။

နောက်ထပ်အချိန်ဘယ်လောက်ကြာရင် ဘက်ထရီအား ကုန်နိုင်တယ် ဆိုတာကို Graph နဲ့တကွပြသပေးပါမယ်။ Android 7.1 ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်က တစ်ပြိုင်တည်းမှာ App နှစ်ခုသုံးနိုင်တာဖြစ်ပါတယ်။ App နှစ်ခု တစ်ပြိုင်တည်းသုံးနိုင်သလို Website နှစ်ခုကိုလည်းတစ်ပြိုင်တည်း သုံးနိုင်ပါမယ်။ App နှစ်ခု သုံးဖို့အတွက် ပထမဆုံးသုံးမယ့် App တစ်ခုကို ခေါ်တင်ပါ။ ပြီးရင်မြင်နေရတဲ့လေးထောင့်ကွက်လေးပေါ်မှာ ကြာကြာ ဖိထားလိုက်ပါ။ ပြီးရင်ဒုတိယသုံးမယ့် App ကို icon နှိပ်ပြီးရွေးပေးပါ။ Screen မျက်နှာပြင်ထက်ဝက်စီကို အဲဒီ App နှစ်ခုကမျှပြီး နေရာယူပါမယ်။ Website နှစ်ခုကိုကြည့်ဖို့ Browser ကိုဖွင့်ပြီး Webpage တစ်ခုကိုခေါ်တင်ထားလိုက်ပါ။ ပြီးရင် မြင်နေရတဲ့လေးထောင့်ကွက်ကို ကြာကြာဖိထားပါ။ ပြီးရင် (Chrome ဆိုပါစို့) Browser ရဲ့အပေါ်ညာဘက်ထောင့်မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပါ။ ကျလာတဲ့အကွက်ထဲကနေ Move to other Window ကိုရွေးပေးလိုက်ပါ။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Friday, January 27, 2017

ဖုန်း ပိုမိုလျင်မြန်စွာ အားပြည့်စေမယ့် နည်းလမ်း (၄) ခု


ဖုန်း အမြန်အားသွင်းဖို့ လိုအပ်ပြီး ဖုန်းကလည်း မိမိစိတ်တိုင်းကျ အလုပ်မလုပ်တဲ့အခါ ဘယ်လောက်ဒုက္ခရောက်ရကြောင်း ကျွန်ုပ်တို့အားလုံး သိကြပါတယ်။ ဖုန်း အမြန်အားသွင်းဖို့အတွက် နည်းလမ်းရှိရမယ် ဟုတ်။ ရှိပါတယ်။ ဒီအချက်တွေကမ သင့်ဖုန်းကို အားအမြန်ပြည့်စေမယ့် အချက်လေးတွေ ဖြစ်ပါတယ်။
Airplane mode
ဖုန်းကို airplane mode မှာ ထားပါ။ ဒါက ဖုန်းကို ဒေတာလက်ခံခြင်း၊ ပေးပို့ခြင်း ရပ်ဆိုင်းစေပြီး service နဲ့ data ရှာဖွေမှု ရပ်နားစေပါလိမ့်မယ်။ ဒီနည်းက ဖုန်းအားသွင်းမှုတစ်ခုတည်းကိုပဲ အသားပေးလုပ်ဆောင်စေလိမ့်မယ်။ 
ကာဗာဖြုတ်ပါ
အပူချိန်ပိုနည်းတဲ့ အခြေအနေမှာ အားပိုဝင်ပါတယ်။ ဖုန်းကာဗာက မလိုလားအပ်တဲ့အပူတွေ ထပ်မံဖြစ်ပွားစေနိုင်တယ်လို့ Apple ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဒီတော့ ဖုန်းကာဗာကို ခေတ္တဖြုတ်ယူပြီး ဖုန်းရဲ့ အံ့မခန်းလုပ်ဆောင်ချက်ကို စောင့်ကြည့်ပါ။
iPad အားသွင်းကြိုး အသုံးပြုပါ
iPhone မှာ ပါလာတဲ့ အားသွင်းကြိုးထက်စာလျှင် iPad နဲ့တွဲလျက် ပါရှိတဲ့ ပိုကြီးတဲ့အားသွင်းကြိုး အသုံးပြုတဲ့အခါ iPhone အားပိုပြည့်မြန်တာ တွေ့ရပါတယ်။
အားသွင်းနေစဉ် ဖုန်းကို ထိ၊ ကိုင်ခြင်းမပြုနဲ့
ဖုန်းကို လုံးဝ သွားမထိပါနဲ့။ ကျွန်ုပ်တို့ သွားသွားထိချင်ကြတယ်။ စာဘယ်နှစောင်ရောက်နေလဲ၊ Snapchats ကနေ မေ့ဆေ့ခ်ျဘယ်လောက်ဝင်ပြီလဲ သိချင်ကြပါတယ်။ ဒါပေမယ့် ဖုန်းကို သွားမကိုင်ပါနဲ့ဦး။ Home screen လင်းတာက ဘက်ထရီကုန်ဆုံးစေတာပါ။ အမြန်အားပြန်ပြည့်ချင်ရင် ဖုန်းကို ဒီတိုင်းလေးသာ ထားပါ။ ဘက်ထရီလည်း အနားပေးဖို့ လိုအပ်ပါတယ်။ 
Ref: trend.com.mm
 
 

အရေးကြီးအချက်အလက်များအတွက် Android pattern lock မသုံးရန် သုတေသီများ သတိပေး


ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ငါးကြိမ်အတွင်း Android pattern lock ၉၅ ရာခိုင်နှုန်း ချိုးဖောက်နိုင်တဲ့ တိုက်ခိုက်မှုတစ်ခုကို သုတေသီများက သရုပ်ပြသခဲ့ပါတယ်။
တရုတ်နဲ့ ယူကေက သုတေသီများ တီထွင်ဖန်တီးခဲ့တဲ့ side-channel attack ဟာ Android ရဲ့ geometric lock pattern တွေကို ချိုးဖောက်ဖို့အတွက် စမတ်ဖုန်းတစ်ခုရဲ့ ကင်မရာက ဗီဒီယိုနဲ့ computer vision algorithm တစ်ခုကို အသုံးပြုပါတယ်။ Lock pattern တွေဟာ PIN တွေနဲ့ password တွေနေရာမှာ အစားထိုး သုံးစွဲတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သုတေသီများရဲ့အဆိုအရ အဲ့ဒီ တိုက်ခိုက်မှုလုပ်ငန်းစဉ်က သုံးစွဲသူရဲ့လက်လှုပ်ရှားမှုကို ခြေရာခံပြီး lock pattern ပြန်လည်တည်ဆောက် ပေးတယ်လို့ သိရပါတယ်။ အဆိုပါနည်းလမ်းကို သုတေသီများက သုံးစွဲသူ ၂၁၅ ယောက်ရဲ့ pattern ၁၂၀ ပေါ်မှာ စမ်းသပ်ခဲ့ရာ ခွင့်ပြုထားတဲ့ ငါးကြိမ်အတွင်း pattern ၉၅ ရာခိုင်နှုန်းကို ချိုးဖောက်နိုင်ခဲ့ပါတယ်။
“Pattern Lock ဟာ Android ထုတ်ကုန်တွေအတွက် အရမ်းကို နာမည်ကျော်တဲ့ ကာကွယ်မှု နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ ဒီနည်းလမ်းကို လုံခြုံစိတ်ချရတဲ့ စနစ်တစ်ခုအနေနဲ့ ယုံကြည်ထားတာကြောင့် ထုတ်ကုန်တွေကို lock လုပ်ဖို့အတွက် သာမကဘဲ အွန်လိုင်းဘဏ် လုပ်ငန်းနဲ့ ဈေးအရောင်းအဝယ်လိုမျိုး ငွေရေးကြေးရေး လုပ်ငန်းကိစ္စတွေမှာပါ အသုံးပြုကြပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ကာကွယ်ဖို့အတွက် Pattern Lock ကို အသုံးပြုတာဟာ အရမ်းကို အန္တရာယ်များပါတယ်” လို့ လန်ကတ်စတာ တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာကျန်းဝမ်က ပြောကြားခဲ့ပါတယ်။
Ref: ZDNet
Credit: internetjournal.media/
 
 
 

ကွေးနိုင်ဆန့်နိုင်တဲ့ စမတ်ဖုန်း display များကို Japan Display တည်ဆောက်မည်


Apple ထုတ်ကုန်အတွက် display တွေ ထောက်ပံ့ပေးနေတဲ့ Japan Display က ကွေးနိုင်ဆန့်နိုင်တဲ့ screen တွေကို ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီလို့ အတည်ပြုပြောကြား လိုက်ပါတယ်။
Japan Display ဟာ FULL ACTIVE FLEX LCD display ကို မိတ်ဆက်ကြေညာ ပေးခဲ့ပါတယ်။ ကနဦး မော်ဒယ်ဖြစ်တဲ့ ၅.၅ လက်မ LCD panel ကို full HD resolution နဲ့ သုံးနိုင်ပြီး ကွေးနိုင်ဆန့်နိုင်တာကြောင့် Galaxy S7 edge လိုမျိုး curved glass screen ဒီဇိုင်းတွေအတိုင်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Japan Display ဟာ Apple ထုတ်ကုန်အတွက် display တွေကို ထောက်ပံ့ပေးနေတာကြောင့် ဒီအပြောင်းအလဲက အနာဂတ် iPhone တွေမှာ ကွေးနိုင်ဆန့်နိုင်တဲ့ OLED တွေနဲ့ ယှဉ်ပြိုင်မယ့် display တစ်မျိုးကို တွေ့မြင်ရဖွယ် ရှိပါတယ်။
FULL ACTIVE FLEX ကို ၂၀၁၈ မှာ အလုံးအရင်း ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: PocketNow
Credit: internetjournal.media.com
 
 

အသစ်ထွက်တဲ့ English to Myanmar Dictionary Application


အသစ်ထွက်တဲ့ English to Myanmar Dictionary App ဖြစ်ပါတယ်..မိမိသိလိုတဲ့စကားလုံးကို search box မှာရိုက်ထည့်ပြီးရှာလိုက်ရုံပါပဲ...တစ်ချို့သော စကားစုတွေကိုပါထည့်ထားတာကိုလည်းတွေ့ရပါတယ်..
ဒီဇိုင်းလေဒကလည်းအရမ်းလန်းတော့သုံးရသူတွေအကြိုက်တွေ့စေမှာသေချာပဲထင်ပါတယ်..
အောက်မှာ ဒေါင်းယူနိုင်ပါသည်။
 
 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 
 

Android Virus အားလုံးကို သတ်နိုင်သည့် Mobile Ant-Virus Easy Team Tool အသစ်(Free Version)







မင်္ဂလာပါ... Android ဖုန်းတွေမှာ Virus တွေမကြာခဏတတ်ကြပါတယ် Virus ဆိုတာ Unwanted Program or
မိမိအသုံးပြုတဲ့ System မှာမကိုက်တဲ့ Software ကိုဆိုလို့ပါတယ် ။ မိမိတို့သုံးပြုနေတဲ့ Electronic ပစွည်းမှာ
ထို သို့ဝင်ရောက်နေပါက Mobile apk Version နဲ့သတ်လို့ရသလို PC Version နဲ့သတ်လို့ရပါတယ် ။PC ဆိုတဲ့
အတိုင်း Connect(ချိတ်ဆက်မူဖြစ်ရန်) ဖြစ်ဖို့အတွက် သက်ဆိုင်ရာ Driver(ဂျိတ်) လေးတွေတော့လိုပါတယ်။ဒီ
တော့ Computer မှာသွင်းပေးရပါတယ် ။Driver ဆိုလို့တစ်ခုတည်းလို့မဆိုပါနဲ့ သက်ဆိုင်ရာနဲ့အမျိုးအစားကွဲပါတယ် အခုထည့်ထားရမှာပါ ADB Driver လေးသွင်းပေးထားပါ USB(Universal Serial Bus) Driver လေးသွင်းပေးထားပါ ။ထို့နောက် ဖုန်းကို လည်း USB Deubbing ချိတ်ဆက်ပါ ။ချိတ်ဆက်မူကို Computer မှာ သိရန် CMD ဖွင့်ပါ (Win+R) ကိုဖွင့်ပါ ထို့နောက် cmd လို့စာအတို
ကောက်ရေးပါ(commend box) လို့သုံးပါတယ် ။ထို့သို့ရိုက်ထည့်ပြီး Ender ခေါက်ပါ ထို့နောက် adb devices လို့
ရိုက်ထည့်ပါ adb att.... ပေါ်မယ် အောက်မှာ ဂဏန်းလေးတွေနဲ့ပြရင် သိပါပြီ ။ထိုစဉ် Program က Virus Function ကိုနှိပ်ပြီး Start ကိုနှိပ်ပါ Reboot ကျပြီးပြန်တတ်လာရင်အဆင်ပြေပါလိမ့်မယ် ။Factory Reset ချလိုက်ပါအုံး ။Virus ရှိမရှိကိုတော့ Application တစ်ခုကို install လုပ်ပါ Open and Done မပေါ်ဘဲ ချက်ခြင်းပွင့်သွားခဲ့ရင်ဒါဟာ Virus ရှိပါသေးတယ်လို့ လွယ်လွယ်သတ်မှတ်လို့ရပါတယ်။
လိုအပ်ချက်ရှိမှာပါ ကျွန်တော်ရေးသားမူမှာ ဟုတ်ပါတယ် ကြိုးစားနေပါတယ် ။ ဖတ်ရူ့မူအတွက်ကျေးဇူးတင်ပါတယ်။ အောက်မှာဒေါင်းလိုက်ပါအုံး။







သီဟထိုက်
 ဆွေသဟာ Mobile(မြောက်ဒဂုံ) 
 
 

Rooted ဖြစ်ပြီးသား Android phone တွေကို CMD ကနေ Virus သတ်မည်။


မင်္ဂလာပါ ဒီနည်းလေးကတော့ Rooted ဖြစ်ပြီးသားဖြစ်ရမယ် ။USD Deubbing လုပ်ထားရမယ်။ဒါဆိုရပြီ
အောက်မှာ လုပ်ပုံလုပ်နည်းကိုပုံနှင့်တကွ စာနဲ့အတူရေးပေးထားပါတယ်။
Adb Driver Download မရှိသေးရင် Download လုပ်ပါ


ADB Driver ကို ဒေါင်းပြီးနောက် Folder တစ်ခုထဲတွင် ဖြည်လိုက်ပါ Extract လုပ်တယ်လို့ခေါ်ပါတယ်။
Shick Key နဲ့ Mouse က Right Click ကိုနှိပ်ပေးပါ Commend Box ပွင့်လာပါလိမ့်မယ် ဖုန်းကို PC နဲ့ချိတ်ဆတ်
လိုက်ပါ ပြီးရင် Commend box မှာ adb devices လို့ရိုက်ခေါက်လိုက်ပါ
Code:
adb devices
 အောက်ကအတိုင်းပေါ်ရင် detected သိရင်အောက်ကအတိုင်းပေါ်ပါမည်။





Code:
 adb shell su -c ls /data/data/ > data.txt
 adb shell su -c ls /data/app/ > app.txt
 adb shell su -c ls /data/app-private/ > priv.txt
 adb shell su -c ls /system/app/ > systemapp.txt
 adb shell su -c ls /system/priv-app/ > systempriv.txt

အပေါ်က Common ကိုရိုက်ခေါက်ကြည့်ပါ ။ ရိုက်ထည့်ပြီးရင် ကျွန်တော်ပြောတဲ့ Adb Folder ထဲမှာ
အောက်က ပုံထဲက .txt file တွေတွေ့လားတစ်ချက်ကြည့်ပေးပါ။


တွေ့ပါ သလားအပေါ်က  အတိုင်းတွေ့ရင်တော့ပထမနည်းပြောပေးပါ့မယ်။
အနီရောင်နဲ့ဝိုင်းထားတဲ့ 4 txt file ကို Notepad ဖြင့် ဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်းထွက်လာသလား
ကြည့်ပါ။



အပေါ်က Application name list များကိုတစ်ချက်သေချာကြည့်ပါ။ ထိုထဲမှာ suspicious app ကိုတွေ့ပါသလား
တွေ့ရင် အောက်မှာထပ်ပေးထားမည့် Common ထဲမှာ ထို Application name ကိုထည့်ပြီး Delete လုပ်ပါ

Apk file ကို Delete လုပ်ဖို့အောက်က common ကိုရိုက်ပြီး delete လုပ်ပါ။
Code:
adb shell su -c rm /system/app/AllshareMediaShare.apk
 
Code:
adb shell su -c rm -rf /system/app/AssistantMenu_M
ကဲ ထိုအတိုင်း list မှ name များကို delete လုပ်ပါ ။ Reboot ချလိုက်ပါ ကဲ Virus မရှိတော့ပါဘူး။
ကျေးဇူးတင်ပါတယ်နောက်တစ်နည်းကိုအခါသင့်ရင်တင်ပေးပါအုံးမည်။
သီဟထိုက်
ဆွေသဟာMobile(မြောက်ဒဂုံ)

Samsung FRP တွေကို ဖြုတ်နိုင်မည့် Tool တစ်ခု (Easy Way)Samsung All Model support All android OS FRP Remove




 ယခု process အားဆင်နွဲရန် .Net Framework လိုအပ်ပါတယ်။


Tool Download Link

ထိုထဲတွင် license key အဟောင်းကိုဖြုတ်ပြီးအောက် download ဆွဲထားတဲ့ New license key ကိုထည့်ပါ။
Download

Password::: FRPhunter


 Tutorial
======
-FRP ဖြုတ်မည့် ဖုန်းထဲသို့ လက်ရှိအသုံးပြုနေသော SIM တစ်ကဒ်ထည့်ပါ။
-ဖုန်းကို WIfi ဖြင့်ချိတ်ဆက်ပါ
-samsung modem com port သိမသိ Device Manager သို့သွားပါ(Start-Computerပေါ် Right Click နှိပ် Manage ကိုနှိပ်ပါ)
-Downlaod ဆွဲထားသော FRP Remove Tool ကိုဖွင့်ပါ။
-Makecall Buttom ကိုမနှိပ်မှီ +959 ရှေ့မှာ မိမိထည့်ထားသော ဖုန်းနံပါတ်ကိုထည့်လိုက်ပါ။
-SMS box မှာ www.google.com ကို ရိုက်ပြီး Send SMS နှိပ်လိုက်ပါ။
-Web Browser ပွင့်လာရင် rootjunkysdl.com ကိုဖွင့်လိုက်ပါ။
-အပေါ်က Address ကိုဖွင့်ပြီး app ကိုinstall တင်ပြီးရင်တော့ မိမိ gamil acc ကို  login လုပ်ပါ။
-Restart ချလိုက်ပါ ကဲ မိမိ FRP ပြုတ်ပါပြီ။


သီဟထိုက်
ဆွေသဟာMobile(မြောက်ဒဂုံ)
 
 
 

Thursday, January 26, 2017

မိမိဓာတ်ပုံတွေကို စိတ်ကြိုက် ပုံဖော်ဖန်တီးနိုင်မယ့် app လေး




၂၀၁၇ နှစ်အတွင်း လူတိုင်း ဒေါင်းလုဒ်ရယူပြီး အရူးအမူးဖြစ်နေကြတဲ့ app လေးအကြောင်းပြောပြချင်ပါတယ်။ Meitu လို့ခေါ်တဲ့ ဒီ app ဟာ အခြားလူသိများတဲ့ app များကဲ့သို့ပဲ မိမိဓာတ်ပုံတွေ edit လုပ်၊ ဖြတ်ညှပ်ကပ်လုပ်ပြီး မိမိဆယ်ဖီပုံတွေကို စိတ်ကြိုက် ပုံဖော်ဖန်တီးပေးနိုင်ပါတယ်။
အခမဲ့ iOS နဲ့ Android app လေးတစ်ခု ဖြစ်တဲ့ Meitu ဟာ သင့်ဆယ်ဖီပုံတွေကို ပန်းချီဆွဲထားတဲ့ အရုပ်မျိုးဖြစ်အောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။ သုံးပုံသုံးနည်းတွေက အင်မတန်ရိုးရှင်းပါတယ်။ အရှေ့ဘက် မျက်နှာမူထားတဲ့ ပုံလေးတစ်ပုံကိုသုံးပြီး ဆံပင်ဟာ နားရွက်အောက်နားထိ ဖုံးနေရပါမယ်။ ဆယ်ဖီအသစ်ရိုက်နိုင်သလို၊ ရှိပြီးသား မိမိပုံဟောင်းလေးတစ်ခုခုကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပြီးတာနဲ့ edit စလုပ်ရပါမယ်။
ပင်မစာမျက်နှာ (main page) မှာ Edit ၊ Retouch ၊ Hand-Draw နဲ့ Collage စတဲ့ ရွေးချယ်စရာလေးတွေ တွေ့ရပါမယ်။ Retouch option ထဲမှာ ဓာတ်ပုံတစ်ပုံရိုက်၊ Beauty သို့မဟုတ် Effects lens ရွေးပြီး ဖလင်ကွက်၊ အလင်းအမှောင် စတာတွေ ပြောင်းပေးမယ့် filter အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်ပေ့ခ်ျတစ်ခုရောက်သွားပြီး အောက်ပါပုံအတိုင်း အသားအရေပြောင်ချော၊ မျက်နှာသွယ်သွယ်လေးဖြစ်စေပြီး အမည်းစက်တွေ ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ ဒီနေရာ ကနေဒေါင်းယူနိုင်ပါတယ်။
Ref: Popsugar
Credit: trend.com.mm

အသစ်ထွက်တဲ့ English to Myanmar Dictionary Application


အသစ်ထွက်တဲ့ English to Myanmar Dictionary App ဖြစ်ပါတယ်..မိမိသိလိုတဲ့စကားလုံးကို search box မှာရိုက်ထည့်ပြီးရှာလိုက်ရုံပါပဲ...တစ်ချို့သော စကားစုတွေကိုပါထည့်ထားတာကိုလည်းတွေ့ရပါတယ်..
ဒီဇိုင်းလေဒကလည်းအရမ်းလန်းတော့သုံးရသူတွေအကြိုက်တွေ့စေမှာသေချာပဲထင်ပါတယ်..
အောက်မှာ ဒေါင်းယူနိုင်ပါသည်။
 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


Image may contain: phone and text
မေး - iPhone 5S မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်လိုက်တဲ့အခါမှာ Fix Application Notcompatiable ဆိုတဲ့ Error ပဲပြနေတယ်။ ရှေ့ဆက်သုံးလို့လည်းမရဘူး။ ဘာဖြစ်လို့ပါလဲ။
ဖြေ - Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်ပေးလိုက်ပါ။

မေး - ကိုယ်သုံးခဲ့ဖူးတဲ့နေရာမျိုးစုံကနေ Facebook အကောင့်ကို ဘယ်လိုမျိုးလှမ်းပြီး Logout လုပ်လို့ရပါသလဲ။ လုံခြုံရေးစိတ်မချလို့ပါ။
ဖြေ - ပထမဆုံးအနေနဲ့ Facebook Setting ထဲသွားပါ။ Security ထဲက Where You're Logged In ထဲဝင်ပါ။ အဲ့ဒီမှာအသုံးပြုခဲ့ဖူးတဲ့ ကိရိယာမျိုးစုံ တွေ့ရပါလိမ့်မယ်။ ဒါတွေက တည်နေရာ၊ Browser စသဖြင့် သတင်းအချက်အလက် ပံ့ပိုးပေးထားပါတယ်။ Logout လှမ်းထွက်နိုင်ပါတယ်။ Logout ထွက်ဖို့အတွက် End Activity End All Activity (သို့) ကြက်ခြေခတ်ကိုနှိပ်ပြီး အသုံးပြုခဲ့ဖူးတဲ့ကိရိယာတွေကနေ Facebook အကောင့်ကို Logout လှမ်းလုပ်နိုင်ပါတယ်။

မေး - အစ်ကိုရေ Huawei T8620 လေး 3G မတက်တော့ဘူး။ ပြင်ရင် ဘယ်လောက်ကျမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ ပြင်မယ်ဆိုရင်တော့ ၁၀၀၀၀ လောက်တော့ ကျမယ်ဗျ။ PA IC လဲရမယ့်အခြေအနေ များပါတယ်။ Software ပိုင်းနဲ့ လုပ်ရင်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ရဖို့ရာခိုင်နှုန်းနည်းပါတယ်

မေး - အစ်ကိုရေ ကျွန်တော့် Phone က Speaker မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က Speaker မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Speaker Way မှာသုံးထားတဲ့ Compoments တွေ မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Speaker Way ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေပါစေ။

မေး - အစ်ကို ကျွန်တော့် Phone က Mie, Speaker, Earpiece ၃ မျိုးလုံး မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က Software ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Software နဲ့ရှင်းလို့မရရင်တော့ Hardware နဲ့လုပ်မယ်ဆို Power IC လဲရမယ်ခင်ဗျာ။ အဆင်ပြေပါစေ။

မေး - Computer Virus ရှိလား၊ မရှိလား ဘယ်လိုစစ်လို့ရပါသလဲ။
ဖြေ - Window + R ကိုနှိပ်ပါ။ ပေါ်လာတဲ့အကွက်ထဲမှာ Cam လို့ရိုက်ပါ။ Enter ခေါက်ပါ။ 4cd\ လို့ကပ်ရေးပြီး Enter ခေါက်ပါ။ Setup ဆိုပြီး ထပ်ရေးပြီး Enter ခေါက်ပါ။ It not regonized as internet and erternal commad operable program (or) 6 is not regonized as on internet and ext. ဆိုတဲ့ စာသားများပေါ်လျှင် Virus ရှိနေပါပြီ။ ဒါမှမဟုတ် Please go to the install ဆိုတဲ့စာသားပေါ်နေရင်တော့ ကွန်ပျူတာမှာ Virus မရှိပါ။

မေး - iPad နဲ့ iPhone တွေကို Power Off ထားတဲ့အချိန် Model ဘယ်လိုခွဲရမလဲ။
ဖြေ - iPhone တွေမှာတော့ ခွဲခြားရလွယ်ကူပါတယ်။ ထွက်ရှိထားတဲ့ iPhone တိုင်းမှာ ဆင်တူတာတွေရှိပေမယ့် အပြင်ပန်းအရကြည့်ရုံနဲ့ပဲ Model ကို ခွဲခြားသိရှိနိုင်ပါတယ်။ iPad တွေမှာတော့ အနည်းငယ်ခွဲခြားရ ခက်ခဲနေပါလိမ့်မယ်။ ဘာကြောင့်ခက်ခဲရလဲဆိုတော့ iPad က ကျွန်တော်တို့နိုင်ငံမှာ တော်တော်အသုံးပြုမှု နည်းနေသေးတယ်လို့ ပြောရမှာပါ။ ပြီးတော့ iPad တွေရဲ့ Series တွေကလည်း တကယ့်ကို များပါတယ်။ ဒီလိုများလွန်းလို့ ခွဲခြားရတာစိတ်မပျက်ပါနဲ့။ iPad ရဲ့ နောက်ကျောမှာရေးထားတဲ့ စာကြောင်းတွေကို ရှာပါ။ Model ဆိုတဲ့ စာကြောင်းကို ရှာရမှာပါ။ အဲဒီ Model ရဲ့ဘေးက A... ဆိုတဲ့နံပါတ်က i-Device ရဲ့ ID ကို ရည်ညွှန်းပါတယ်။ ဥပမာ - A1395, A1396, A1397 တို့ဟာ iPad 2 ကို ရည်ညွှန်းတာဖြစ်ပါတယ်။ iPad ရဲ့Storage ကိုတော့ သူ့ရဲ့နောက်ကျောမှာဘဲ 16, 32, 64 စသည်ဖြင့် ရေးထားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y-511 Huawei အမျိုးအစားပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condenser, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse ၃ လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

Wednesday, January 25, 2017

စမတ်ဖုန်းနဲ့ စာဖတ်လို့ ပိုမိုအဆင်ပြေအောင် Font Size ပြောင်းနည်း


အီးမေးလ်းတွေ ပိုမိုလွယ်ကူစွာ ဖတ်ရှုနိုင်အောင် စမတ်ဖုန်းက text တွေ ပိုကြီးအောင် လုပ်နိုင်ပါသလား။ အဓိကသုံးစမတ်ဖုန်းပလက်ဖောင်းတွေမှာ text size ပိုကြီးလိုသူတွေအတွက် လွယ်ကူရိုးစင်းစွာ ပြုလုပ်နိုင်တဲ့ settings တွေ ပါဝင်ပါတယ်။ Zoom ချုံ့၊ချဲ့လုပ်နိုင်တယ်၊ အလင်းအမှောင်ချိန်ညှိမှု၊ အသံအနေအထားနဲ့ ဇာတ်ကြောင်းပြန်ခြင်းစတာတွေ touch screen အကူအညီနဲ့ လုပ်ဆောင်နိုင်ပါတယ်။ Android နဲ့ iOS system တွေရဲ့ မကြာသေးမီက ဗားရှင်းတွေမှာ ဒီလိုထိန်းကွပ်မှုတွေကို Accessibility settings ထဲမှာ ပါရှိပါတယ်။
iPhone မောင်းနှင်လည်ပတ်တဲ့ iOS မှာဆိုရင် Settings icon ကို ဖွင့် General ကို ရွေးပြီးနောက် Accessibility ကို ရွေးချယ်ပါ။ အဲဒီ settings ထဲမှာ Larger Text ဘေးက ခလုတ်ကို On လုပ်ထားရပါမယ်။ နောက် Larger Accessibility Sizes ကို On လုပ်ပြီး မိမိနဲ့ အဆင်ပြေတဲ့ ပုံစံကို slider နဲ့ ရွေ့လျားချိန်ညှိပေးပါ။
တချို့ app တွေမှာ text size ပြောင်းချင်မှပြောင်းလိမ့်မယ်။ ဒါပေမယ့် Mail ၊ Messages ၊ Contacts နဲ့ Calendar စတဲ့ မူလ iOS app တွေမှာ text size ပြောင်းတာတွေ့ ရပါလိမ့်မယ်။ iOS system font ဟာ အေးအေးလူလူ စာဖတ်ဖို့ ရိုးစင်းလွန်းတယ်လို့ ယူဆပါက Accessibility settings ကနေ Bold Text option စီစဉ်ပေးထားပါတယ်။
Android 7.0 စက်တွေမှာ Settings icon ကို ဖွင့်ပြီး Accessibility ကို ရွေးချယ်ရပါမယ်။ Font Size ကို နှိပ်ပြီး မိမိနှစ်သက်ရာအရွယ်အစားရွေးဖို့ slider လေး အသုံးပြုပါ။ Accessibility ထဲက Display Size controls က screen က အရွယ်အစားအတိုင်း တထေရာတည်း ချိန်ညှိနိုင်စေပါတယ်။ 
Ref: trend.com.mm