Tuesday, January 3, 2017

စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံကနေ... Text (စာသားနဲ့) ပုံဖော်ပေးနိုင်မယ့်နည်းလမ်းလေး



နည်းပညာနဲ့ပတ်သတ်တာကို ချမ်းမြေ့ Online ပေါ်မတင်ဖြစ်တာတော်တော်ကြာနေပြီ...။
ဒီနေ့တော့ စိတ်ကူးပေါက်လို့  မိတ်ဆွေတို့အတွက်လည်း အမြင်ဆန်းဆန်းလေးနဲ့ ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီး
စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံကနေ... Text (စာသားနဲ့) ပုံဖော်ပေးနိုင်မယ့်နည်းလမ်းလေးကို
ယခု ချမ်းမြေ့တင်ပေးမယ့် Installer Setup လေးတစ်ခုနဲ့ စမ်းသပ်ရှင်းလင်းပြပါမယ်...။
စိတ်ဝင်စားမယ်ဆိုရင်တော့... အောက်ကအဆင့်လေးတွေကို မပျင်းဘဲ... လိုက်ဖတ်ကြည့်ကြပေါ့နော်...

ကဲ... စလိုက်ကြရအောင်

လိုအပ်ချက် - .NET FrameWork 2 နှင့်အထက် တပ်ဆင်ထားပြီးသားဖြစ်ရပါမယ်။
(စက်အများစုကတော့ ဒီ Version လောက်ကတော့တပ်ဆင်ထားပြီးသားများပါတယ်)။

၁။ အရင်ဦးဆုံး ချမ်းမြေ့ပေးတဲ့ Go to download ဆိုတဲ့ Link ကနေ Software ကိုသွားရောက်ရယူလိုက်ပါ။

၂။ Setup File ပမာဏက အရမ်းကြီးတယ်နော်... 8.17 MB တဲ့... :P (ပိစိကွေးလေးပါ)

၃။ Downloaded ဖြစ်ပြီးတဲ့ File လေးကို တကူးတစ်က Install မလုပ်ရလေအောင်
 One Click လေးလုပ်ပေးထားတာကြောင့်
အလွယ်တကူပဲ မိတ်ဆွေရဲ့ Desktop ကိုသာ ကူးတင်ထားပြီး Double Click (နှစ်ချက်နှိပ်လိုက်ယုံ) ဖြင့် App ကပွင့်လာမှာပါ...
အရမ်းခက်သွားလား...? :P

၎။  အောက်ကပြထားတဲ့ ပုံလေးတွေကိုကြည့်ပါ။
ပုံ(၁)က App စစဖွင့်ချင်းမြင်ရမဲ့မြင်ကွင်းပါ။






၅။ ပုံ (၂) မှာကျတော့ Tool လေးရဲ့ ဘယ်ဘက်အပေါ်ဆုံးထောင့်နားက File ဆိုတဲ့ Tap လေးကိုနှိပ်လိုက်ရင် Load image... ဆိုတာလေးမြင်ရမှာပါ။
ဟုတ်ပြီ... အဲ့ဒါကိုနှိပ်လိုက်ပေါ့ဗျာ။




၆။ ခုနက Load image ဆိုတာလေးကို နှိပ်လိုက်ရင် မိတ်ဆွေကြိုက်နှစ်သက်မယ့် ဓာတ်ပုံရှိတဲ့ နေရာ (File Location) ကိုသွားပြီးပုံတစ်ပုံကိုရွေးချယ်လိုက်ပါ...။

၇။ ချမ်းမြေ့ရွေးချယ်ထားတဲ့ပုံကတော့ ကိုအာလာ ဝက်ဝံလေး (Panda Koala) ပါ။ အခုဆိုရင် ရွေးချယ်ထားခဲ့တဲ့ပုံလေးကတော့
ယခု App ထဲကိုရောက်ရှိလို့သွားပါပြီခင်ဗျာ...။





၈။ ကဲ...အဲ့ထဲက ပုံလေးကို သိမ်းဆည်းမယ် (Save) မယ်ဆိုရင်တော့
 မိတ်ဆွေရဲ့ Keyboard ကနေ Ctrl+S ကိုပြိုင်တူနှိပ်ပြီး
ကိုယ်သွားသိမ်းမယ့်နေရာလေးကို ရွေးချယ်လိုက်ပါ။ ချမ်းမြေ့ကတော့ Testing အပိုင်းကို ပြတာဆိုတော့ Desktop ပေါ်မှာပဲ... လွယ်လွယ်သိမ်းလိုက်ပါတယ်။

၉။ မေ့နေလို့... ခုနက Ctrl+S ကိုနှိပ်လိုက်ရင် ပေါ်လာမယ့်မြင်ကွင်းကတော့ အောက်ကအတိုင်းပဲဖြစ်ပါတယ်။
 လေးထောင့်ကွက်ထဲက Image ဆိုတာလေးပဲနှိပ်ပေးလိုက်ပါ။




၁ဝ။ အခုလိုပေါ်လာရင်လည်း ဘာမှမပြင်နဲ့တော့နော်...
သူရဲ့ Default ( နဂို ) Setting အတိုင်းပဲထားပြီး OK သာပေးလိုက်ပါ။



၁၂။ ကဲနောက်ဆုံးအဆင့်ပါနော်... စာဖတ်မပျင်းသွားနဲ့နော်.... ဆက်ပြီးရှုစားတော်မူလိုက်ပါအုန်း... ချမ်းမြေ့နဲ့ အတူတူ မိတ်ဆွေတို့ဖန်တီးထားတဲ့ပုံလေး ရောက်ရှိလို့လာပါပြီခင်ဗျာ... :)
ရှုစားတော်မူလိုက်ကြပါအုန်း။




***** Downloaded က Rar ဖိုင်နဲ့တင်ပေးထားတာဆိုတော့ Rar ဖြည်ဖို့တော့မမေ့နဲ့ဦးနော်! *****


File Password - www.chanmyaemaung.net ( မမေ့ကျေးနော် ) ပြီးမှခဏခဏလာပြန်မမေးနဲ့နော် :p






( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )

ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။

No comments:

Post a Comment