Tuesday, January 31, 2017

♪ “Android 7.1 ဆီက ဘာတွေရမလဲ” ♫


Image may contain: text
Android ကို နှစ်စဉ် update လုပ်လာလိုက်တာ ၂၀၁၆ ခုနှစ်ကုန်မှာ Android 7 ထွက်လာပါတယ်။ ဒါပေမယ့် စမတ်ဖုန်းနဲ့ တက်ဘလက်ထုတ်လုပ်သူတွေက Android ကို Google ကထုတ်ပေးတဲ့ပုံစံ အတိုင်းမသုံးဘဲ ကိုယ့်ကုမ္ပဏီရဲ့ မူပိုင်ဟန် တွေပါထည့်ပြီး ထုတ်လုပ်ကြတာကြောင့် ၂၀၁၆ခုနှစ်အကုန် ၂၀ ထဲမှာ Android 7.1 သုံးတဲ့စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို မတွေ့သ လောက်ပါပဲ။ ၂၀၁၇ ခုနှစ် နွေရာသီထဲမှာဖြင့် မိုဘိုင်းဖုန်းကုမ္ပဏီ အသီးသီးက ကိုယ်ပိုင်အပြင်အဆင်နဲ့ မွမ်းမံဆင်ယင်ထားတဲ့ Android 7.0 သုံးစမတ်ဖုန်းနဲ့ တက်ဘလက်တွေထုတ်လုပ်ကြပါတော့မယ်။ Android version အသစ် ထွက်တာ နှစ်လသုံးလကြာသွားပြီမို့ Version update လည်း လုပ်လာပါတယ်။ စမတ်ဖုန်းတွေပေါ်မှာမြင်ရမယ့် Android က 7.1.1 ပါ။ Android 7.0 က Android 6.0 ထက် အားသာချက်ရှိတာအမှန်ပါပဲ။ Android 7.1 ဆီက ဘယ်လိုအသုံးတည့်တာတွေရမှာလဲ

အခြေခံပိုင်းကိုကြည့်ရင် Android version အားလုံးနီးပါးမှာ Easter Egg game ကပါတာချည်းပါပဲ။ အသုံးမတည့်လို့ ဖွင့်မကြည့်ကြတာလည်းပါတယ်။ Android ဖုန်းသုံးသူအတော်များများဆိုရင် အဲဒါကြီးကို ရှိမှန်းတောင် မသိကြ ပါဘူး။ Android 7.1 မှာပါလာတာက Feline version Easter Egg ပါ။ သူ့ကိုရှာရတာ Pokemon Go ကစားရသလိုပါပဲ။ Setting>About Phone ကိုဖွင့် Android version ဖော်ပြထားတဲ့နေရာမှာ လက်နဲ့တစ်ချက်ပြီး တစ်ချက် နှိပ်ပါ။ လက်နဲ့သုံးလေးချက် ဆက်တိုက် နှိပ်ပြီးရင် ကြာကြာလေး နှိပ်ပါ။ Android N Logo တန်ခိုးပြပါလိမ့်မယ်။ ဘာတွေမြင်ရမလဲ ကြည့်လိုက်ပါ။Android 7.1 မှာ ထူးခြားလာတာက Folder နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ အရင်ကဆိုရင် Folder လုပ်ဆောင်ချက်တွေ ပြည့်ပြည့်စုံစုံသုံးချင်ရင် Third Party APK တွေကိုအားကိုးခဲ့ရပါတယ်။ ဒါပေမယ့် Android ဖုန်းသုံးသူ အတော်များများက ဖုန်းကို အရှိအတိုင်းသုံး တာများပြီး ကိုယ့်စိတ်ကြိုက်ပြုပြင်တဲ့ Customigation လုပ်လေ့မရှိတာ ကြောင့် folder လုပ်ဆောင်ချက် မပြည့်စုံတာကို သတိတောင်မထားမိပါဘူး။

Android 7.1 ရဲ့တိုးတက်လာတဲ့ folder လုပ်ဆောင်ချက်ကို စမ်းသပ်ဖို့ Home screen ရဲ့ အောက်ခြေမှာရှိတဲ့ Five app icons ကို အလှည့်အပြောင်းလေး တွေလုပ်ကြည့်ကြပါမယ်။ ဂိမ်းသမားဆိုရင် ကိုယ်အမြဲကစားတဲ့ဂိမ်းတွေကို Drag ဆွဲလာ ပြီး စုစည်းမယ့် Folder တစ်ခုကို ဖန်တီးပါမယ်။ ပြီးရင်အဲဒီ Folder ကို ကြာကြာလေးဖိထားပြီး Home Screen အောက်ခြေက icon bar နေရာကိုဆွဲယူလာပြီး လွှတ်ချလိုက်ပါမယ်။ ဂိမ်းတွေကို တစ်နေရာစီ လိုက်ရှာ စရာမလိုဘဲ Home screen ကနေ အလွယ်တကူဖွင့်ပြီး ကစားလို့ ရတာပေါ့။

ဖုန်းကိုအမြန်ဆုံးဖွင့်ပြီး ဓာတ်ပုံရိုက်နိုင်စေမယ့် စွမ်းဆောင်ချက်ဟာ Android 7.1 မှာထူးထူးခြားခြားပါလာပါတယ်။ အရင်ကဆို ဒီစွမ်းဆောင်ချက်ကို သက်ဆိုင်ရာဖုန်းကုမ္ပဏီက ဖန်တီးပြီးထည့်ပေးရတာပါ။ ပါဝါဖွင့် ပြီးတာနဲ့ ကင်မရာဆီ တန်းဝင် နိုင်စွမ်းမရှိတဲ့စမတ်ဖုန်းတွေဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ပုံကောင်းလေးတွေရိုက်ဖို့ လက်လွှတ်တတ်ပါတယ်။ Android 7.1 မှာဆိုရင် ပါဝါခလုတ်ကို နှစ်ချက်ဆက်ပြီး နှိပ်လိုက်ပါ။ Camera app ထဲ တန်းရောက် သွားပါမယ်။ ကင်မရာအဖွင့်အပိတ်ကို Power ခလုတ်ကနေပြီး အဖွင့်အပိတ် လုပ်ချင်ရင် Setting>moves ထဲကနေ ၀င်ပြီးသတ်မှတ်ချက်ပေးထား ရပါမယ်။

ဖုန်းသုံးစွဲသူတွေမှာ App တွေပေးတဲ့ Notification တွေကြောင့် မကြာခဏ စိတ်ကသိအအောက်ဖြစ်တာကို Google ကသိထားပါတယ်။ ဒါကြောင့် Android 7.1 မှာ App တွေကပေးတဲ့ Message ကိုအလွယ်တကူ ရှင်းပစ်ဖို့ လုပ်ထားပါတယ်။ တကယ်အသုံးကျတဲ့ App တွေကပေးတဲ့ Message တွေက အသက်သွေးကြောတမျှ အရေးပါပါတယ်။ ဒါပေမယ့် ဂိမ်းတွေက Version မြှင့်ဖို့ပေးတဲ့ Message တွေကအသုံးမတည့်ပါဘူး။ စိတ်ကသိကအောက် ဖြစ်စရာ App တွေပေးတဲ့ Message တွေကို ပိတ်ဆို့ရတာ Android 7.1 မှာ ပိုပြီးလွယ်လာပါတယ်။ ပေါ်လာတဲ့ Notification ပေါ်မှာ ကြာကြာလေး ဖိထားလိုက်ပါ။ Notification ကို အသံမမြည်အောင် Silent လုပ်ထားနိုင်သလို လုံးဝမပေါ်အောင် Block လည်းလုပ်နိုင်ပါတယ်။ Android 7.1 ဟာ Playlist တွေကိုလည်း ချက်ချင်းဖော်ပြပေးလာနိုင်ပါတယ်။ အခုအချိန်မှာ iPhone ရဲ့ 3D Touch gesture လောက်ကို Android မမှုတော့ပါဘူး။ အပိုဆောင်း Hardware တွေထပ်ထည့်စရာမလိုဘဲ 3D Touch စွမ်းဆောင်ရည် ကို ထည့်ပေးလာနိုင်ပါတယ်။ Playlist ကိုပြပေးနိုင်ဖို့အတွက် Play Music icon ပေါ်မှာ လက်နဲ့ကြာကြာလေးဖိထားလိုက်ပါ။ Play List တစ်ခုကို ကြုံသလို ကောက်ဖွင့်နိုင်ဖို့ကိစ္စဟာ လက်နဲ့တစ်ချက်ထောက်ရုံနဲ့ ကိစ္စပြီးပါတယ်။ Android 7.1 မှာ သိသိသာသာ သတိထားမိမှာက Help စနစ်ဖြစ်ပါတယ်။

အရင်ကဆို Android ဖုန်းမှာ ပြဿနာပေါ် ရင် နည်းပညာကျွမ်းကျင် တဲ့သူငယ်ချင်း၊ ဒါမှမဟုတ် Service Center ကိုအားကိုးရပါတယ်။ ကိုယ့် ဘာသာကြိုးစားချင်ရင် အင် တာနက်ဖိုရမ်ထဲ ၀င်မွှေပေါ့။ အခုအချိန်မှာ Android 7.1 ထဲဝင်ပြီး Help ကိုရှာနိုင်ပါပြီ။ Setting ထဲမှာ Support အနေနဲ့ပါပါ တယ်။ အင်တာနက်ချိတ်ပြီး Google က ပညာရှင်တစ်ယောက် ယောက်နဲ့ Live Chat လုပ်နိုင်တယ်။ သိချင်တာမေးနိုင်ပါတယ်။ အင်တာနက်ခ ကုန်ပေမယ့် မေးခတော့ကုန်ကျမှာမဟုတ်ပါဘူး။

ဘက်ထရီကို အထိရောက်ဆုံးသုံးအောင် လုပ်ပေးတာကိုဖြင့် Android ဖုန်းသုံးသူတွေ သဘောကျမှာပါ။ အရင်ကဆိုရင် ဒီစွမ်းရည်ဟာ Android နဲ့အတူ တစ်ပါတည်းမပါပါဘူး။ သက်ဆိုင်ရာ ဖုန်းကုမ္ပဏီကထည့်ပေးမှ ရတာပါ။ တစ်ခါတစ်ခါ Third Party App တွေရဲ့ အကူအညီယူရတာမျိုးလည်း ရှိပါတယ်။ အခုဆိုရင် ဘက်ထရီလက်ကျန် ၅% ပဲရှိတော့တာ နဲ့ Battery saver mode ကိုနှိပ်ထားနိုင်ပါတယ်။ အနည်းဆုံးနေ့တစ်ဝက်စာလောက် Standby နေနိုင်ပြီး ဖုန်းလေးငါးမိနစ်စာလောက် ပြောနိုင်ပါမယ်။

ဘက်ထရီ စားတဲ့အထဲမှာ Facebook က အဆိုးဆုံးပါ။ ရေပိုက်က ရေလွှတ်ချ လိုက်သလို ဘက်ထရီပါဝါကို တရဟော စားပါတယ်။ မိုဘိုင်း Data ကို ကန့်သတ်ပြီး Facebook ကိုအတိုင်းအတာနဲ့ အလုပ်လုပ်အောင် ထိန်းနိုင် ပါတယ်။ Setting> Apps>Facebook>data usage ကတစ်ဆင့်ဝင်ပြီး ထိန်းပေးရပါမယ်။ ဘယ်လိုပဲထိန်းထိန်း ဘက်ထရီအရမ်း အားနည်းလာပြီး ထိန်းသုံးရတော့မယ်ဆိုရင် ကိုယ့်ဘက်ထရီ အချိန်ဘယ်လောက်လက်ခံ နိုင်မယ်ဆိုတာ သိဖို့လိုလာပါတယ်။ ဒီကိစ္စအတွက် Notification drop-down ဘားက battery icon နေရာမှာ တစ်ချက်ခေါက်ရပါမယ်။

နောက်ထပ်အချိန်ဘယ်လောက်ကြာရင် ဘက်ထရီအား ကုန်နိုင်တယ် ဆိုတာကို Graph နဲ့တကွပြသပေးပါမယ်။ Android 7.1 ရဲ့ အထူးခြားဆုံး စွမ်းဆောင်ရည်က တစ်ပြိုင်တည်းမှာ App နှစ်ခုသုံးနိုင်တာဖြစ်ပါတယ်။ App နှစ်ခု တစ်ပြိုင်တည်းသုံးနိုင်သလို Website နှစ်ခုကိုလည်းတစ်ပြိုင်တည်း သုံးနိုင်ပါမယ်။ App နှစ်ခု သုံးဖို့အတွက် ပထမဆုံးသုံးမယ့် App တစ်ခုကို ခေါ်တင်ပါ။ ပြီးရင်မြင်နေရတဲ့လေးထောင့်ကွက်လေးပေါ်မှာ ကြာကြာ ဖိထားလိုက်ပါ။ ပြီးရင်ဒုတိယသုံးမယ့် App ကို icon နှိပ်ပြီးရွေးပေးပါ။ Screen မျက်နှာပြင်ထက်ဝက်စီကို အဲဒီ App နှစ်ခုကမျှပြီး နေရာယူပါမယ်။ Website နှစ်ခုကိုကြည့်ဖို့ Browser ကိုဖွင့်ပြီး Webpage တစ်ခုကိုခေါ်တင်ထားလိုက်ပါ။ ပြီးရင် မြင်နေရတဲ့လေးထောင့်ကွက်ကို ကြာကြာဖိထားပါ။ ပြီးရင် (Chrome ဆိုပါစို့) Browser ရဲ့အပေါ်ညာဘက်ထောင့်မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပါ။ ကျလာတဲ့အကွက်ထဲကနေ Move to other Window ကိုရွေးပေးလိုက်ပါ။

နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment