Wednesday, January 25, 2017

♪ " ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားစီး ခရီးသွားပြည်သူတွေကို အကူအညီပေးမယ့် Mobile App (သို့) Yangon Bus Service Official App " ♫


No automatic alt text available.
ယခုတစ်ပတ်မှာတော့ NetGuide Journal ကို အပတ်စဉ် အားပေးကြတဲ့ စာဖတ်ပရိသတ်တွေနဲ့ ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားစီး ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေဖို့အတွက် တစ်ဖက်တစ်လမ်း က အထောက်အကြူုဖစ်စေမယ့် Android Mobile Application တစ်ခုအကြောင်းကို ရေးသားဖော်ပြပေး လိုက်ပါတယ်။ Yangon Bus Service Official App ကို Android Devices တွေမှာအဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာပါ။

File Size ကတော့ (4)MB သာရှိကာ 1Mobile Market, Google PlayStore နဲ့ http://bit.ly/ybs-bus-app တို့မှာ အခမဲ့ Download ရယူနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ရန်ကုန်ဘတ်စ်ဆားဗစ်-YBS Facebook Page မှာလည်း Download Link ကိုဖော်ပြပေးထားပါတယ်။ ဒီ App ကို လက်ရှိမှာ မြန်မာဘာသာနဲ့ ဖော်ပြပေးထားပြီး App ထဲကိုဝင်လိုက်တာနဲ့ ဘယ်ဘက်အပေါ်ထောင့်နား မှာတော့ လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း (၆၁) လိုင်းကို ထည့်သွင်းဖော်ပြပေးထားပါတယ်

မိမိကြိုက်နှစ်သက်ရာ ယာဉ်လိုင်းကိုနှိပ်လိုက်ရင် ခရီးစဉ်ကိုလည်း မြေပုံနဲ့တကွဖော်ပြပေးထားမှာပါ။ နောက်ပြီးတော့ GPS စနစ်ကိုအခြေခံပြီးလည်း အသုံးပြုနိုင်သလို မိမိသွားလိုတဲ့ခရီးစဉ်ရှာတဲ့အခါမှာ GPS နဲ့ရှာမှာလား၊ ဒါမှမဟုတ် မြို့နယ်နဲ့ရှာမှာလားဆိုပြီး ရွေးချယ်ခွင့်ပေးထားပါလိမ့်မယ်။ စထွက်မယ့်နေရာနဲ့ သွားလိုတဲ့နေရာကို မှတ်တိုင်တွေသတ်မှတ်ပြီးရင် “ လမ်းကြောင်းဆွဲပါ " ကို နှိပ် လိုက်တာနဲ့ စီးနင်းရမယ့်ယာဉ်လိုင်းနံပါတ်၊ မှတ်တိုင်အရေအတွက်၊ နောက်ထပ်ပြောင်းစီး ရမယ့်ယာဉ် လိုင်းနံပါတ်၊ လမ်းကြောင်းမြေပုံစတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

GPS စနစ်ကိုအခြေခံပြီး သုံးမယ်ဆိုရင်တော့ မိမိသုံးမယ့်ဖုန်းမှာ GPS Setting ကို “ On ” ထားပေးရမှာပါ။ တကယ်လို့ ဒီအတိုင်း Offline သုံးမယ်ဆိုရင်လည်း လွယ်ကူစွာအသုံးပြုနိုင် ပါလိမ့်မယ်။ နောက်ပြီးတော့ မိမိရောက်ရှိနေတဲ့ တည်နေရာကိုလည်း အလွယ်တကူကြည့်ရှုလို့ ရမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


No comments:

Post a Comment