Wednesday, January 25, 2017

စမတ်ဖုန်းနဲ့ စာဖတ်လို့ ပိုမိုအဆင်ပြေအောင် Font Size ပြောင်းနည်း


အီးမေးလ်းတွေ ပိုမိုလွယ်ကူစွာ ဖတ်ရှုနိုင်အောင် စမတ်ဖုန်းက text တွေ ပိုကြီးအောင် လုပ်နိုင်ပါသလား။ အဓိကသုံးစမတ်ဖုန်းပလက်ဖောင်းတွေမှာ text size ပိုကြီးလိုသူတွေအတွက် လွယ်ကူရိုးစင်းစွာ ပြုလုပ်နိုင်တဲ့ settings တွေ ပါဝင်ပါတယ်။ Zoom ချုံ့၊ချဲ့လုပ်နိုင်တယ်၊ အလင်းအမှောင်ချိန်ညှိမှု၊ အသံအနေအထားနဲ့ ဇာတ်ကြောင်းပြန်ခြင်းစတာတွေ touch screen အကူအညီနဲ့ လုပ်ဆောင်နိုင်ပါတယ်။ Android နဲ့ iOS system တွေရဲ့ မကြာသေးမီက ဗားရှင်းတွေမှာ ဒီလိုထိန်းကွပ်မှုတွေကို Accessibility settings ထဲမှာ ပါရှိပါတယ်။
iPhone မောင်းနှင်လည်ပတ်တဲ့ iOS မှာဆိုရင် Settings icon ကို ဖွင့် General ကို ရွေးပြီးနောက် Accessibility ကို ရွေးချယ်ပါ။ အဲဒီ settings ထဲမှာ Larger Text ဘေးက ခလုတ်ကို On လုပ်ထားရပါမယ်။ နောက် Larger Accessibility Sizes ကို On လုပ်ပြီး မိမိနဲ့ အဆင်ပြေတဲ့ ပုံစံကို slider နဲ့ ရွေ့လျားချိန်ညှိပေးပါ။
တချို့ app တွေမှာ text size ပြောင်းချင်မှပြောင်းလိမ့်မယ်။ ဒါပေမယ့် Mail ၊ Messages ၊ Contacts နဲ့ Calendar စတဲ့ မူလ iOS app တွေမှာ text size ပြောင်းတာတွေ့ ရပါလိမ့်မယ်။ iOS system font ဟာ အေးအေးလူလူ စာဖတ်ဖို့ ရိုးစင်းလွန်းတယ်လို့ ယူဆပါက Accessibility settings ကနေ Bold Text option စီစဉ်ပေးထားပါတယ်။
Android 7.0 စက်တွေမှာ Settings icon ကို ဖွင့်ပြီး Accessibility ကို ရွေးချယ်ရပါမယ်။ Font Size ကို နှိပ်ပြီး မိမိနှစ်သက်ရာအရွယ်အစားရွေးဖို့ slider လေး အသုံးပြုပါ။ Accessibility ထဲက Display Size controls က screen က အရွယ်အစားအတိုင်း တထေရာတည်း ချိန်ညှိနိုင်စေပါတယ်။ 
Ref: trend.com.mm
 
 

No comments:

Post a Comment