Monday, January 23, 2017

အော်ရီဒူး ဖုန်းဘေလ် တစ်ခါ ဖြည့်ရုံနဲ့ ဖေ့စ်ဘုတ် အခမဲ့ သုံးနိုင်တော့မည်


Before Content Placement
ထူးခြားတဲ့ ကမ်းလှမ်းချက်တစ်ခု အနေနဲ့ အူရီဒူးမြန်မာ က အော်ရီဒူးကဒ် သုံးစွဲကြသူတွေအားလုံးကို ဖြည့်တင်းပေးခဲ့လိုက်ပြီ ဖြစ်တယ် လို့ သိရပါတယ်။
အဲဒီကမ်းလှမ်းချက်ကတော့ သုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်တာကို တစ်ကြိမ်၊ တစ်ခါပြုလုပ်လိုက်တာနဲ့ တခြား ၀န်န်ဆောင်မှုအများအပြားကို အခမဲ့ အသုံးပြုခွင့်ရမယ့် အခမဲ့ Facebook, Viber , Beetalk နဲ့ အူရီဒူးအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်တို့ကို ရရှိနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။
အဲဒီ ကမ်းလှမ်းချက် ဟာ အူရီဒူးသုံးစွဲသူတွေကို မြန်မာပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းရှိ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပါ အခမဲ့ဆက်သွယ်ခွင့် ရရှိစေသွားမယ့် အခွင့်အရေးဖြစ်တယ် လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဖုန်းငွေမဖြည့်သွင်းခင် *4444# ကို ခေါ်ဆိုစာရင်းသွင်းရမှာဖြစ်ပြီး ဖုန်းငွေဖြည့်ပြီးနောက်မှာ Facebook, Viber, Beetalk နှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခွင့် စတာတွေကို အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ ဖုန်းငွေဖြည့်သွင်းတဲ့ ပမာဏပေါ်မှာ မူတည်ပြီး အခမဲ့ သုံးစွဲခွင့် သက်တမ်းတွေလည်း ပိုမိုရရှိသွားမှာ ဖြစ်ပါတယ်။

ကမ်းလှမ်းချက်မှာ ဖေ့စ်ဘုတ် အခမဲ့ အသုံးပြုခွင့်ကို တစ်ရက်စီအတွက် 500 MB အထိ တိုးပေးထားခြင်း နဲ့ Viber Calling ကိုအသုံးပြုပြီး သုံးစွဲသူတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာတစ်ဝှမ်းနဲ့ပါ ဆက်သွယ်နိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အူရီဒူးမြန်မာရဲ့ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “အူရီဒူးမြန်မာအနေနဲ့ Facebook ရဲ့ အရေးပါပုံကိုလည်းနားလည်ပါတယ်။ အဲဒီအပြင် သုံးစွဲသူတွေအတွက် Facebook တစ်ခုတည်းကပဲ အရေးပါတာမဟုတ်ဘူးလို့လည်း နားလည်ထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook နဲ့သာမက ဖုန်းခေါ်ခြင်းဖြင့်လည်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားပြောပြီး ဆက်သွယ်လိုသလို  စာရိုက်ပြီး ဆက်သွယ်ချင်တဲ့ ဆန္ဒတွေ ရှိတဲ့အတွက် အခု အစီအစဉ်ကို လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref: digitaltimes.com.mm
 
 
 

No comments:

Post a Comment