Friday, January 20, 2017

♪ “MPT 4U Application ဖြင့် Sim Card မှတ်ပုံတင်ခြင်းကိုလွယ်ကူစွာ ပြုလုပ်နိုင်မည်” ♫


Image may contain: phone and text
မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ MPT4U အက်ပလီကေးရှင်းကိုအသုံးပြု၍ သုံးစွဲသူများကိုယ်တိုင်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအက်ပလီကေးရှင်းကို Android သုံးစွဲသူများ အနေဖြင့် Google Play Store, iOS သုံးစွဲသူ များအနေဖြင့် Apple App Store တို့မှတစ်ဆင့် download ရယူနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် MPT4U မှတစ်ဆင့်မိမိတို့၏ MPT အကောင့်ကို စီမံခန့်ခွဲနိုင်မည်ဟုလည်းသိရသည်။ MPT4U အက်ပလီကေးရှင်းကို ၂ဝ၁၆ ခုနှစ်မတ်လ ၁၆ ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပြီး သုံးစွဲသူများသည် ဝယ်ယူထားသည့် ပက်ကေ့ခ်ျ အလိုက် သုံးစွဲနိုင်မည့် ဒေတာပမာဏမည်မျှကျန်ရှိသေးသည်။

ဖုန်းခေါ်ဆိုရန် မိနစ်မည်မျှကျန်ရှိသေးသည်၊ လက်ကျန်ဖုန်းဘေပမာဏမည်မျှ ကျန်ရှိသေး သည် စသည်တို့ကိုသိရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT ၏ အခြားသော ဝန်ဆောင်မှုများဖြစ်သည့်ဖုန်းငွေလွှဲပြောင်းခြင်း၊ ငွေဖြည့်ခြင်းနှင့် အသစ်သစ် သော ပရိုမိုရှင်းများအားလုံး ကိုလည်း MPT4U ပေါ်မှတစ်ဆင့် ရယူနိုင်မည် ဖြစ်ပါသည်။ အဆိုပါအက်ပလီကေးရှင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် သုံးစွဲသူများသည် မိမိတို့၏အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းရန်လိုအပ်ပြီး အမည်၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်နှင့် မှတ်ပုံတင်ကတ်ပြား၏ ဓာတ်ပုံတို့ကိုလိုအပ်မည်ဖြစ်ကာ နိုင်ငံခြားသား များသည်နိုင်ငံကူးလက်မှတ်ဖြင့် ဆင်းကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင် မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ''သတ်မှတ်ရက်အတွင်း ဆင်းကတ်မှတ်ပုံတင်ခြင်း အချိန်မီပြီးစီးနိုင်ဖို့နီးကပ်လာပါပြီ။ ကျွန်တော်တို့ MPT ရဲ့ လက်ရှိမှတ်ပုံတင် ပြုလုပ် နိုင်တဲ့နေရာထောင်ပေါင်းများစွာအပြင် MPT အမှတ်တံဆိပ်ဆိုင်များ၊ အွန်လိုင်းကတစ်ဆင့် မှတ်ပုံတင်နိုင်တာ တွေအပြင် အခုအက်ပလီကေးရှင်း ကလည်း ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို လွယ်ကူစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုဖြစ်သလို သုံးစွဲသူတွေ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး မိမိတို့ရဲ့ MPT အကောင့်အချက်အလက် တွေကိုလည်း တစ်နေရာတည်းမှာရှာဖွေနိုင် မှာဖြစ်ပါတယ်''ဟုပြောသည်။ 

အဆိုပါ app ကိုရယူလိုသူများအနေဖြင့် Android အသုံးပြုသူများသည် https://play.google.com/store/apps/de tails?id= mm.com.mptvas တွင် ရယူနိုင်မည်ဖြစ်ကာ iOS အသုံးပြုသူ များသည် http://fir.im/gdtm တွင် download ရယူနိုင်မည်ဖြစ်သည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
 
 
 
 

No comments:

Post a Comment