Friday, January 27, 2017

ကွေးနိုင်ဆန့်နိုင်တဲ့ စမတ်ဖုန်း display များကို Japan Display တည်ဆောက်မည်


Apple ထုတ်ကုန်အတွက် display တွေ ထောက်ပံ့ပေးနေတဲ့ Japan Display က ကွေးနိုင်ဆန့်နိုင်တဲ့ screen တွေကို ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီလို့ အတည်ပြုပြောကြား လိုက်ပါတယ်။
Japan Display ဟာ FULL ACTIVE FLEX LCD display ကို မိတ်ဆက်ကြေညာ ပေးခဲ့ပါတယ်။ ကနဦး မော်ဒယ်ဖြစ်တဲ့ ၅.၅ လက်မ LCD panel ကို full HD resolution နဲ့ သုံးနိုင်ပြီး ကွေးနိုင်ဆန့်နိုင်တာကြောင့် Galaxy S7 edge လိုမျိုး curved glass screen ဒီဇိုင်းတွေအတိုင်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Japan Display ဟာ Apple ထုတ်ကုန်အတွက် display တွေကို ထောက်ပံ့ပေးနေတာကြောင့် ဒီအပြောင်းအလဲက အနာဂတ် iPhone တွေမှာ ကွေးနိုင်ဆန့်နိုင်တဲ့ OLED တွေနဲ့ ယှဉ်ပြိုင်မယ့် display တစ်မျိုးကို တွေ့မြင်ရဖွယ် ရှိပါတယ်။
FULL ACTIVE FLEX ကို ၂၀၁၈ မှာ အလုံးအရင်း ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: PocketNow
Credit: internetjournal.media.com
 
 

No comments:

Post a Comment