Monday, January 9, 2017

ဧရာဝတီဘဏ်တွင် MPT ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန် စီစဉ်


 
ဧရာဝတီဘဏ်တွင် MPT ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန်ဆောင်ရွက်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့မှစတင်ကာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ဧရာဝတီဘဏ်ခွဲပေါင်း ၁၀၀ တွင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် မတ်လနောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်သည့်အတွက် MPT အနေဖြင့် မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် KBZ ဘဏ်၊ CB ဘဏ် အစရှိသော ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အခြားသော နည်းလမ်းများဖြင့်လည်း ဆင်းမ်ကတ်မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆိုသည်။

သုံးစွဲသူများ၏ ဆင်းမ်ကတ်များကို သတ်မှတ်ရက်မတိုင်မီ မှတ်ပုံတင်နိုင်ရန်အတွက် ဧရာဝတီဘဏ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်းမ်ကတ်များ မှတ်ပုံတင်နိုင်ရန်အတွက် MPT သုံးစွဲသူများသည် ၎င်းတို့မှတ်ပုံတင်မည့် လက်ရှိဆင်းမ်ကတ်နှင့် နိုင်ငံသား မှတ်ပုံတင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အစရှိသည့် အထောက်အထားတစ်ခုခု လိုအပ်မည်ဖြစ်ပြီး နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလတ်မှတ်တို့ကို ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။

Credit Internetjournal
သီဟထိုက်


No comments:

Post a Comment