Friday, January 27, 2017

ဖုန်း ပိုမိုလျင်မြန်စွာ အားပြည့်စေမယ့် နည်းလမ်း (၄) ခု


ဖုန်း အမြန်အားသွင်းဖို့ လိုအပ်ပြီး ဖုန်းကလည်း မိမိစိတ်တိုင်းကျ အလုပ်မလုပ်တဲ့အခါ ဘယ်လောက်ဒုက္ခရောက်ရကြောင်း ကျွန်ုပ်တို့အားလုံး သိကြပါတယ်။ ဖုန်း အမြန်အားသွင်းဖို့အတွက် နည်းလမ်းရှိရမယ် ဟုတ်။ ရှိပါတယ်။ ဒီအချက်တွေကမ သင့်ဖုန်းကို အားအမြန်ပြည့်စေမယ့် အချက်လေးတွေ ဖြစ်ပါတယ်။
Airplane mode
ဖုန်းကို airplane mode မှာ ထားပါ။ ဒါက ဖုန်းကို ဒေတာလက်ခံခြင်း၊ ပေးပို့ခြင်း ရပ်ဆိုင်းစေပြီး service နဲ့ data ရှာဖွေမှု ရပ်နားစေပါလိမ့်မယ်။ ဒီနည်းက ဖုန်းအားသွင်းမှုတစ်ခုတည်းကိုပဲ အသားပေးလုပ်ဆောင်စေလိမ့်မယ်။ 
ကာဗာဖြုတ်ပါ
အပူချိန်ပိုနည်းတဲ့ အခြေအနေမှာ အားပိုဝင်ပါတယ်။ ဖုန်းကာဗာက မလိုလားအပ်တဲ့အပူတွေ ထပ်မံဖြစ်ပွားစေနိုင်တယ်လို့ Apple ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဒီတော့ ဖုန်းကာဗာကို ခေတ္တဖြုတ်ယူပြီး ဖုန်းရဲ့ အံ့မခန်းလုပ်ဆောင်ချက်ကို စောင့်ကြည့်ပါ။
iPad အားသွင်းကြိုး အသုံးပြုပါ
iPhone မှာ ပါလာတဲ့ အားသွင်းကြိုးထက်စာလျှင် iPad နဲ့တွဲလျက် ပါရှိတဲ့ ပိုကြီးတဲ့အားသွင်းကြိုး အသုံးပြုတဲ့အခါ iPhone အားပိုပြည့်မြန်တာ တွေ့ရပါတယ်။
အားသွင်းနေစဉ် ဖုန်းကို ထိ၊ ကိုင်ခြင်းမပြုနဲ့
ဖုန်းကို လုံးဝ သွားမထိပါနဲ့။ ကျွန်ုပ်တို့ သွားသွားထိချင်ကြတယ်။ စာဘယ်နှစောင်ရောက်နေလဲ၊ Snapchats ကနေ မေ့ဆေ့ခ်ျဘယ်လောက်ဝင်ပြီလဲ သိချင်ကြပါတယ်။ ဒါပေမယ့် ဖုန်းကို သွားမကိုင်ပါနဲ့ဦး။ Home screen လင်းတာက ဘက်ထရီကုန်ဆုံးစေတာပါ။ အမြန်အားပြန်ပြည့်ချင်ရင် ဖုန်းကို ဒီတိုင်းလေးသာ ထားပါ။ ဘက်ထရီလည်း အနားပေးဖို့ လိုအပ်ပါတယ်။ 
Ref: trend.com.mm
 
 

No comments:

Post a Comment