Thursday, January 5, 2017

iOS Device ပေါ်ကနေ facebook video တွေကို download လုပ်ကြမယ်

iOS အသုံးပြုထားတဲ့ iPhone, iPad အစရှိတာတွေပေါ်ကနေ facebook video တွေကို download ပြုလုပ်ချင်သူများအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
facebook video ဖိုင်တွေကို download ပြုလုပ်ဖို့အတွက် My Media ဆိုတဲ့ app ကို download လုပ်ယူလိုက်ပါ။
Install ပြုလုပ်ပြီးရင် download ပြုလုပ်ချင်တဲ့ facebook video file ကို facebook app ကနေရွေးချယ်ပြီး Share button ကို နှိပ်ကာ Copy Link ဆိုတာကို ရွေးပေးရပါမယ်။
Copy Link ကိုရွေးပြီးရင် My Media ဆိုတဲ့ app ကိုဖွင့်ပြီး Browser ဆိုတဲ့ tab ကိုရွေးချယ်ပေးရပါမယ်။ ရွေးပြီးသွားရင် http://en.savefrom.net ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်လိုက်ပါ။
Enter URL ဆိုတဲ့နေရာမှာ Facebook ကနေ copy ပြုလုပ်ထားတဲ့ link ကို paste ကိုပြုလုပ်ပြီး ဘေးနားက ဖော်ပြထားတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Download the file ဆိုတာကို နှိပ်ပြီး စတင် download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်တွေကို Camera Roll ထဲ ထည့်သွင်းထားချင်တယ်ဆိုရင် Media ဆိုတဲ့ Tab ကို နှိပ်ပါ။ Camera Roll ထဲ ထည့်သွင်းချင်တဲ့ ဗီဒီယိုဖိုင်ကို ရွေးချယ်ပြီး Save to Camera Roll ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် iOS device တွေပေါ်ကနေ facebook video ကို အလွယ်တကူ download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
Ref: Internetjournal.media


No comments:

Post a Comment