Friday, January 27, 2017

အရေးကြီးအချက်အလက်များအတွက် Android pattern lock မသုံးရန် သုတေသီများ သတိပေး


ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ငါးကြိမ်အတွင်း Android pattern lock ၉၅ ရာခိုင်နှုန်း ချိုးဖောက်နိုင်တဲ့ တိုက်ခိုက်မှုတစ်ခုကို သုတေသီများက သရုပ်ပြသခဲ့ပါတယ်။
တရုတ်နဲ့ ယူကေက သုတေသီများ တီထွင်ဖန်တီးခဲ့တဲ့ side-channel attack ဟာ Android ရဲ့ geometric lock pattern တွေကို ချိုးဖောက်ဖို့အတွက် စမတ်ဖုန်းတစ်ခုရဲ့ ကင်မရာက ဗီဒီယိုနဲ့ computer vision algorithm တစ်ခုကို အသုံးပြုပါတယ်။ Lock pattern တွေဟာ PIN တွေနဲ့ password တွေနေရာမှာ အစားထိုး သုံးစွဲတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
သုတေသီများရဲ့အဆိုအရ အဲ့ဒီ တိုက်ခိုက်မှုလုပ်ငန်းစဉ်က သုံးစွဲသူရဲ့လက်လှုပ်ရှားမှုကို ခြေရာခံပြီး lock pattern ပြန်လည်တည်ဆောက် ပေးတယ်လို့ သိရပါတယ်။ အဆိုပါနည်းလမ်းကို သုတေသီများက သုံးစွဲသူ ၂၁၅ ယောက်ရဲ့ pattern ၁၂၀ ပေါ်မှာ စမ်းသပ်ခဲ့ရာ ခွင့်ပြုထားတဲ့ ငါးကြိမ်အတွင်း pattern ၉၅ ရာခိုင်နှုန်းကို ချိုးဖောက်နိုင်ခဲ့ပါတယ်။
“Pattern Lock ဟာ Android ထုတ်ကုန်တွေအတွက် အရမ်းကို နာမည်ကျော်တဲ့ ကာကွယ်မှု နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ ဒီနည်းလမ်းကို လုံခြုံစိတ်ချရတဲ့ စနစ်တစ်ခုအနေနဲ့ ယုံကြည်ထားတာကြောင့် ထုတ်ကုန်တွေကို lock လုပ်ဖို့အတွက် သာမကဘဲ အွန်လိုင်းဘဏ် လုပ်ငန်းနဲ့ ဈေးအရောင်းအဝယ်လိုမျိုး ငွေရေးကြေးရေး လုပ်ငန်းကိစ္စတွေမှာပါ အသုံးပြုကြပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ကာကွယ်ဖို့အတွက် Pattern Lock ကို အသုံးပြုတာဟာ အရမ်းကို အန္တရာယ်များပါတယ်” လို့ လန်ကတ်စတာ တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ ဒေါက်တာကျန်းဝမ်က ပြောကြားခဲ့ပါတယ်။
Ref: ZDNet
Credit: internetjournal.media/
 
 
 

No comments:

Post a Comment