Thursday, January 26, 2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


Image may contain: phone and text
မေး - iPhone 5S မှာ Apple Store ကိုအသုံးပြုပြီး App တစ်ခုကို Install လုပ်လိုက်တဲ့အခါမှာ Fix Application Notcompatiable ဆိုတဲ့ Error ပဲပြနေတယ်။ ရှေ့ဆက်သုံးလို့လည်းမရဘူး။ ဘာဖြစ်လို့ပါလဲ။
ဖြေ - Install လုပ်မယ့် App က Install လုပ်ဖို့ Supporting လုပ်တဲ့ iOS Version နဲ့ ဖုန်းမှာအသုံးပြုတဲ့ iOS Version မကိုက်လို့ပါ။ Supporting လုပ်တဲ့ Version နဲ့မကိုက်ရင် မိမိအသုံးပြုနေတဲ့ iOS Version ကို Update လုပ်ပေးလိုက်ပါ။

မေး - ကိုယ်သုံးခဲ့ဖူးတဲ့နေရာမျိုးစုံကနေ Facebook အကောင့်ကို ဘယ်လိုမျိုးလှမ်းပြီး Logout လုပ်လို့ရပါသလဲ။ လုံခြုံရေးစိတ်မချလို့ပါ။
ဖြေ - ပထမဆုံးအနေနဲ့ Facebook Setting ထဲသွားပါ။ Security ထဲက Where You're Logged In ထဲဝင်ပါ။ အဲ့ဒီမှာအသုံးပြုခဲ့ဖူးတဲ့ ကိရိယာမျိုးစုံ တွေ့ရပါလိမ့်မယ်။ ဒါတွေက တည်နေရာ၊ Browser စသဖြင့် သတင်းအချက်အလက် ပံ့ပိုးပေးထားပါတယ်။ Logout လှမ်းထွက်နိုင်ပါတယ်။ Logout ထွက်ဖို့အတွက် End Activity End All Activity (သို့) ကြက်ခြေခတ်ကိုနှိပ်ပြီး အသုံးပြုခဲ့ဖူးတဲ့ကိရိယာတွေကနေ Facebook အကောင့်ကို Logout လှမ်းလုပ်နိုင်ပါတယ်။

မေး - အစ်ကိုရေ Huawei T8620 လေး 3G မတက်တော့ဘူး။ ပြင်ရင် ဘယ်လောက်ကျမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ ပြင်မယ်ဆိုရင်တော့ ၁၀၀၀၀ လောက်တော့ ကျမယ်ဗျ။ PA IC လဲရမယ့်အခြေအနေ များပါတယ်။ Software ပိုင်းနဲ့ လုပ်ရင်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ရဖို့ရာခိုင်နှုန်းနည်းပါတယ်

မေး - အစ်ကိုရေ ကျွန်တော့် Phone က Speaker မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က Speaker မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Speaker Way မှာသုံးထားတဲ့ Compoments တွေ မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Speaker Way ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေပါစေ။

မေး - အစ်ကို ကျွန်တော့် Phone က Mie, Speaker, Earpiece ၃ မျိုးလုံး မကြားရဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကို့ Phone က Software ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Software နဲ့ရှင်းလို့မရရင်တော့ Hardware နဲ့လုပ်မယ်ဆို Power IC လဲရမယ်ခင်ဗျာ။ အဆင်ပြေပါစေ။

မေး - Computer Virus ရှိလား၊ မရှိလား ဘယ်လိုစစ်လို့ရပါသလဲ။
ဖြေ - Window + R ကိုနှိပ်ပါ။ ပေါ်လာတဲ့အကွက်ထဲမှာ Cam လို့ရိုက်ပါ။ Enter ခေါက်ပါ။ 4cd\ လို့ကပ်ရေးပြီး Enter ခေါက်ပါ။ Setup ဆိုပြီး ထပ်ရေးပြီး Enter ခေါက်ပါ။ It not regonized as internet and erternal commad operable program (or) 6 is not regonized as on internet and ext. ဆိုတဲ့ စာသားများပေါ်လျှင် Virus ရှိနေပါပြီ။ ဒါမှမဟုတ် Please go to the install ဆိုတဲ့စာသားပေါ်နေရင်တော့ ကွန်ပျူတာမှာ Virus မရှိပါ။

မေး - iPad နဲ့ iPhone တွေကို Power Off ထားတဲ့အချိန် Model ဘယ်လိုခွဲရမလဲ။
ဖြေ - iPhone တွေမှာတော့ ခွဲခြားရလွယ်ကူပါတယ်။ ထွက်ရှိထားတဲ့ iPhone တိုင်းမှာ ဆင်တူတာတွေရှိပေမယ့် အပြင်ပန်းအရကြည့်ရုံနဲ့ပဲ Model ကို ခွဲခြားသိရှိနိုင်ပါတယ်။ iPad တွေမှာတော့ အနည်းငယ်ခွဲခြားရ ခက်ခဲနေပါလိမ့်မယ်။ ဘာကြောင့်ခက်ခဲရလဲဆိုတော့ iPad က ကျွန်တော်တို့နိုင်ငံမှာ တော်တော်အသုံးပြုမှု နည်းနေသေးတယ်လို့ ပြောရမှာပါ။ ပြီးတော့ iPad တွေရဲ့ Series တွေကလည်း တကယ့်ကို များပါတယ်။ ဒီလိုများလွန်းလို့ ခွဲခြားရတာစိတ်မပျက်ပါနဲ့။ iPad ရဲ့ နောက်ကျောမှာရေးထားတဲ့ စာကြောင်းတွေကို ရှာပါ။ Model ဆိုတဲ့ စာကြောင်းကို ရှာရမှာပါ။ အဲဒီ Model ရဲ့ဘေးက A... ဆိုတဲ့နံပါတ်က i-Device ရဲ့ ID ကို ရည်ညွှန်းပါတယ်။ ဥပမာ - A1395, A1396, A1397 တို့ဟာ iPad 2 ကို ရည်ညွှန်းတာဖြစ်ပါတယ်။ iPad ရဲ့Storage ကိုတော့ သူ့ရဲ့နောက်ကျောမှာဘဲ 16, 32, 64 စသည်ဖြင့် ရေးထားပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Y-511 Huawei အမျိုးအစားပါဗျာ။ ရုပ်ထွက်မလာဘူးဗျ။ LCD က ဖွေးနေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Y-511 တွေမှာဆိုရင် Coil, Condenser, Diocle တို့က Backlight ပိုင်းမှာ အဓိကလုပ်ဆောင်ပါတယ်။ အခုလို LCD ဖွေးနေတာကတော့ LCD Connector နားက Fuse ၃ လုံးကြောင့်ဖြစ်ပါတယ်။ အဲ့ဒီ Fuse လေးတွေကို သေချာလဲလှယ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment