Saturday, January 7, 2017

♪ စမတ်ဖုန်းကနေ ဘာသာစကားအသစ်များ သင်ကြားနိုင်မယ့် ၀န်ဆောင်မှု ၅ ခု ♫


စမတ်ဖုန်းများဟာ စွမ်းရည်မြင့်မားလာကြပြီး အိတ်ဆောင် ကွန်ပြူတာငယ်လေးများ ဖြစ်လာကြပါပြီ။ စွမ်းဆောင်ရည်မြင့်တဲ့ App များ၊ YouTube Channels များနဲ့ ၀က်ဆိုက်များစွာက သင့်ကို အချိန်တိုတိုအတွင်းမှာ ဘာသာစကားအသစ်များကို သင်ကြားပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ ၀န်ဆောင်မှု ၅ ခုကတော့ အရိုးရှင်းဆုံးနဲ့ ဈေးအသက်သာဆုံး ဘာသာစကားသင်ကြားပေးတဲ့ ၀န်ဆောင်မှုများ ဖြစ်ပါ တယ်။

၁။ Duolingo
1

ဈေးနှုန်း။ ။ အခမဲ့ (iOS/Android)
Duolingo ကို Mobile App များနဲ့ ၀က်ဆိုက်အတွက် ပြုလုပ်ပေးထားပြီး ကမ္ဘာအ၀န်းမှ အသုံးပြုသူ သန်း ၁၁၀ ကျော်ရှိနေပါပြီ။ ရေပန်းအစားဆုံး ဘာသာစကားသင်ကြားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။ သင်ခန်းစာတိုင်းမှာ စကားစု အသစ်များ၊ Vocabulary အသစ်များကို သင်ကြားပေးပါတယ်။ ရုပ်ပုံများဖြင့်လည်း မှတ်မိလွယ်အောင် သင်ကြားပေးပါတယ်။ မိုက်ကရိုဖုန်းကနေ လိုက်ရွတ်ဆိုခြင်းဖြင့် အသံထွက်မှန်အောင် လေ့ကျင့်နိုင်ပါတယ်။ အရေး၊ အဖတ်၊ အပြော ၃ ခုကို အဓိက ဦးစားပေးထားပါတယ်။

၂။ Easy Languages
2

Easy Languages ရဲ့ YouTube Channel က Native Speaker များဖြင့် သင်ကြားပေးတဲ့အတွက် အလွန် ထိရောက်ပါတယ်။ ဘာသာစကားသင်ကြားနိုင်သလို အဲဒီလူမျိုးများရဲ့ အမူအကျင့်များကိုပါ လေ့လာနိုင်ပါတယ်။ ဘာသာစကား အသစ်ကို သင်ကြားနေစဉ်မှာ Subtitle ကို ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် English Subtitle ကိုလည်း ပြောင်းနိုင်ပါတယ်။ အပတ်စဉ်တိုင်းမှာ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလိပ် ဘာသာစကားများအတွက် ဗီဒီယို အသစ်များကို လွှင့်တင်ပေးပါတယ်။ သဒ္ဒါ၊ ကြိယာ သင်ခန်းစာများနဲ့ Vocabulary လေ့ကျင့်ခန်းများ ပါပါတယ်။

၃။ Babbel
3

ဈေးနှုန်း။ ။ အခမဲ့ ( iOS/Android ) ( အခပေး သင်ခန်းစာများအတွက် တစ်လလျှင် စတင်လင်ပေါင် ၇.၉၉ သတ်မှတ်ထားပါတယ်။ )
Babbel ကလည်း Native Speaker များဖြင့် သင်ကြားပေးတဲ့ ၀န်ဆောင်မှုပါ။ စပိန်၊ ဂျာမနီ၊ ရုရှား၊ အင်ဒိုနီးရှား အပါအ၀င် လက်ရှိမှာ ဘာသာစကား ၁၄ ခုကို လေ့လာနိုင်ပါတယ်။ သင်ခန်းစာတစ်ခုဟာ ၁၅ မိနစ်ကြာမြင့်တဲ့အတွက် အလုပ်မအားတဲ့ လူများအတွက် အဆင်ပြေပါတယ်။ အသံ၊ ရုပ်ပုံများဖြင့် မှတ်မိလွယ်အောင် ဖန်တီးထားပါတယ်။

၎။ Memrise
4

ဈေးနှုန်း။ ။ အခမဲ့ ( iOS/Android ) ( အခပေး သင်ခန်းစာများအတွက် တစ်လလျှင် စတာလင်ပေါင် ၆.၉၉ သတ်မှတ်ထားပါတယ်။ )
Memrise ရဲ့ သင်ကြားမှု နည်းလမ်းများက ရိုးရှင်းပြီး ဘာသာစကားများစွာကို ထောက်ပံ့ပေးပါတယ်။ သူ့ရဲ့ ထူးခြားချက်က ဇာတ်လမ်းဆန်ဆန် ဖန်တီးထားတာ ဖြစ်ပြီး သင်ဟာ အမှုလိုက်ဖို့အတွက် လိုအပ်တဲ့ ဘာသာစကားအသစ်များကို သင်ကြားရတဲ့ စုံထောက်တစ်ဦးအဖြစ် ပါဝင်ရမှာပါ။ သူ့မှာ Offline Mode ပါတဲ့အတွက် ခရီးထွက်တဲ့ အချိန်နဲ့ အင်တာနက် မရတဲ့ နေရာများအတွက် အဆင်ပြေပါတယ်။

၅။ Rosetta Stone
5

ဈေးနှုန်း။ ။ စတာလင်ပေါင် ၂၄၀ ( iOS/Android )
Rosetta Stone ဟာ အတွေ့အကြုံရင့် ဘာသာစကား သင်ကြားတဲ့ ၀န်ဆောင်မှု ဖြစ်ပါတယ်။ သူက သမားရိုးကျ ဘာသာစကား သင်ကြားတဲ့ နည်းလမ်းများကို မသုံးဘဲ Flashcards များဖြင့် မှတ်မိလွယ်အောင် သင်ကြားပေးတာက ထူးခြားပါတယ်။ နှုတ်ခွန်းဆက်ခြင်း၊ ဈေးဝယ်ပစ္စည်း အသုံးအနှုန်းများ၊ အသုံးဝင်တဲ့ စကားစုများ စသဖြင့် ကဏ္ဍများခွဲခြားပေးထားတဲ့အတွက် သင် တတ်ကျွမ်းချင်တဲ့ ကဏ္ဍကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။ သူ့မှာ Speech Recognition နည်းပညာပါတဲ့အတွက် စကားပြောလေ့ကျင့်မှုများကို တိကျစေပါတယ်။


Credit to ==> Digital Times
 
 
 

No comments:

Post a Comment