Monday, March 31, 2014

iPhone Pattern & Password ဖြည်နည်း

iPhone Pattern & Password ဖြည်နည်း



 မေးထားလို့ ပြန်လည်မျှဝေလိုက်ပါတယ်....။


 iPhone Pattern & Password ဖြည်နည်း

နည်းလမ်း(၁)

1. ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

2. iFunBox အသုံးပြုပြီး "Raw File System" (File mgr.) ထဲ ဝင်ပါ။

3. /Library/MobileSubstrate/DynamicLibraries ထဲဝင်ပြီး AndroidLock နာမည်နဲ့အစပြုတဲ့ ဖိုင်နှစ်ခုကို Delete လုပ်ပါ။

4. iDevice ကို ပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။

5. မြင်နေကျ "Slide to Unlock" ဆိုတဲ့ screen ကို တွေ့ရပါလိမ့်မယ်။Done!


နည်းလမ်း(၂)

ကွန်ပျူတာနဲ့ချိတ်ဆက်ပါ။

iFunbox ကို ဖွင့်ပါ။ ပြီးလျှင် /var/mobile/Library/Preferences ကို သွားပါ။

com.zmaster.AndroidLock.plist ဆိုတဲ့ File Text Editor တစ်ခုခုနဲ့ ဖွင့်ပါ။

<key>Password</key>

<string>123456 </string> ကြားက နံပါတ်များသည် Password ဖြစ်ပါတယ်။


အဆင်ပြေပါစေ..


Download : 
 


Credit to : http://www.mm-mpxteam.net

Sunday, March 30, 2014

မိမိတို့ဖုန်းကို နေရောင်ခြည်နဲ့အားသွင်းမယ်Solar Charger Faster


 
Android ဖုန်းကိုင်ဆောင်ကျတဲ့သူငယ်ချင်ဒများအတွက် နေရောင်ခြည်နဲ့ ဖုန်း Battery သွင်းလို့
 
ရမဲ့ Solar Charger Faster Apk လေးတင်ပေးလိုက်ပါတယ်။
 
Play Store မှာတော့ လူကြိုက်များပြီး နာမည်ရတဲ့ Apk လေးတစ်ခုဖြစ်ပါတယ်။
 
လမ်းသွားလမ်းလာ Battery ကုန်မှာမကြောက်ရတော့ဘူးပေါ့ဗျာ။
 
Android Version 2.2 အထက်မှာအသုံးပြုနိုင်ပါတယ်။
 
အဆင်မပြေရင်ပြောခဲ့ပါခင်ဗျာ။
 
                                               အိုင်တီိအိမ်မက်
            
 



Saturday, March 29, 2014

Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်




Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်
Samsung တို့ ကိုယ်တိုင်ဖန်တီးကြိုးစားထားတဲ့ Tizen OS နဲ့ စမတ်ဖုန်း ထွက်ရှိမယ်ဆိုတာ ၂၀၁၃ နှစ်ကုန် လောက်ကတည်းက ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းသတင်းကို သေချာအောင် ယခုတော့ ဖုန်းကိုပါ အလုံးလိုက်အထည်လိုက် မြင်နေရပြီ ဖြစ်ပါတယ်။ Samsung က တရားဝင်ကြောညာခြင်း မဟုတ်ပေမယ့် တောင်ကိုရီးယားအခြေဆိုက် နည်းပညာ သတင်းဌာနများက ဖော်ပြခြင်း ဖြစ်ပါတယ်။

Android OS အစားထိုးမယ့် Samsung ရဲ့  ကိုယ်ပိုင် Tizen OS ဟာ ထူးခြားပါတယ်။ Android အသွင်အပြင်၊ Windows Phone OS အသွင်အပြင် ကို ပြန်ယူထားပြီး iOS7 လို အရောင်နုနု icon လေးတွေ ကို မြင်ရ အုံးမှာ ဖြစ်ပါတယ်။ Home Screen ကတော့ Windows Phone OS နဲ့တောင် မကွာ ပါဘူး။ ဖုန်းကို Zeke လို့ အမည် ပေးထားပြီး Samsung ZEQ 9000 လို့လည်းခေါ်ပါသေးတယ်။ မျက်နှာပြင်အားဖြင့် ၄.၈ လက်မ ရှိပြီး HD မျက်နှာပြင် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Samsung Galaxy S4 ထက် အရည်ပိုသေး သွားပါတယ်။ Processor ကတော့ 2.3 GHz Qualcomm Snapdragon 800 CPU အသုံးပြုပြီး ကျန်တဲ့ Feature များကတော့ Samsung Galaxy S4 က ဟာ့ဒ်ဝဲများနဲ့ သိပ်မကွာဘူး ဆိုပါတယ်။ သို့ပေမယ့် Android platform ပေါ်က ဖုန်းမဟုတ်တော့ Galaxy စီးရီးနဲ့ သွားယှဉ်လို့ မရပါဘူး။
Zeke က တစ်သီးတခြား ထွက်ရှိလာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Mozilla တို့ Firefox OS မိတ်ဆက် ခဲ့တာမျိုးနဲ့ ဆင်တူနေပါတယ်။ သို့ပေမယ့် စွမ်းဆောင်ရည်နဲ့ Feature များကတော့ ကွဲအုံးမှာပါ။ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက် Mobile World Congress မှာ Samsung တို့ ထုတ်ဖော်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

Friday, March 28, 2014

Y535-C00 root.apk ဖုန်းထဲမှာတင် root လို့ရနိုင်ပါတယ်


 
Download
 
 
 
 Kolinn

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရမည့် အချက်များ



ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ - skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Ref : ဖုန်းချစ်သူ 

http://www.thantoeaung.com

Thursday, March 27, 2014

Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်းနှင် Nero 8 ဆော့ဝဲ Full Version with Key






(1) Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်း

ဒီဆော့ဝဲက ဓာတ်ပုံနဲ့  သီချင်း တွဲပြီး အခွေထုတ်ချင်ရင် အရမ်းလွယ်ကူပါတယ်

ဒီဇိုင်းကလည်း လန်းပါတယ် နမူနာဒီဇိုင်းလေးလည့် လုပ်ပြထားပါတယ် အခွေနဲ့ 

ထုတ်မယ်ဆိုရင်လည်း လွယ်တယ် အဖက်ဒီဇိုင်း တွေလည်း မျိုးစုံအောင်ပါတယ်

VCD နဲ့  DVD အဆင်ပြေသလိုလုပ်ကြည့်ပါ.........။အောက်ကလင့်မှာကြည့်ပါ.။

နမူနာကြည့်ကြည့်ပါ Sample Photo Slide Show (ကြိုက်သွားစေရမယ်..:P)


(2)လက်ရွေးစင် VCD သို့ မဟုတ် တရုတ်ဇာတ်လမ်းတွဲ DVD အခွေ ထုတ်ရန်
လက်ရွေးစင် သီချင်းလေးတွေကို  အခွေတစ်ခွေထဲမှာ စုပြီး ထုတ်မယ်ဆိုရင်လည်း

လွယ်ကူသလို လှပလွန်းပါတယ် ဒီဇိုင်းထွင်မယ်ဆိုရင်လည်း စိတ်ကူးကောင်းသလို

အဆန်းတွေ  လုပ်ပြလို့ ရပါတယ်   တရုတ်ဇာတ်လမ်းတွဲတွေလို  လုပ်လို့ ရပါတယ်

ချစ်သူကို လက်ဆောင်လုပ်ပေးရင်လည်း ဖလမ်းဖလမ်းထမှာ သေချာတယ် အခွေ

မှာ သူ့ ပုံလေးထည့်ပြီး မီနူး လုပ်ပေးမယ်ဆိုရင်အရမ်းလှပါတယ် ဟန်ဂျီအင်းပုံလေး

ထည့်ပြီး လုပ်ထားတာ သီချင်းနာမည်တွေကတော့  အစထဲက မြန်မာလိုပေးထား

ဖို့ လိုတယ်နော် မီးနူးကိုကြည့်ဖို့ အတွက်Remoteကနေ PBC ကိုနှိပ် ပေးရပါတယ်




(3)  အသံဖမ်းမယ် ကိုယ့်အသံကို Recording လုပ်ပြီး ချစ်သူဆီပို့ မလား


အသံဖမ်းမယ်ဆိုရင်လည်း ရပါတယ် Recording ပါလာသေးတယ်ဗျ မိုက်တပ်ပြီး

ပြောချင်ရာပြော အသံဖိုင်ကို  ကောင်မလေးဆီ (သို့ မဟုတ်) ကောင်လေးဆီကို

ပို့ ပေးလို့ ရပါတယ် လိုင်းမကောင်းတဲ့ အခါ အသံဖိုင်ပဲဖမ်းထားပြီး မေးထဲကနေ

ပို့ ပေးလိုက် ဟိုဘက်ကလည်း ဒေါင်းလုပ်ယူပြီး နားထောင်ပေါ့


(4) Photoshop လိုပဲ ဓာတ်ပုံတွေကို ပြင်ဆင်တည်းဖြတ်လို့ ရသေးတယ်


ဓာတ်ပုံပြင်တာကတော့ အခြေခံလေးတွေပါလာတယ် အသေးစိတ်တော့မရပါဘူး

ကိုယ်လည်း အသေစိတ် မရဘူးလေ ဖြတ်တာအရောင်ပြောင်းတာပဲရတာအဲ့တော့

ပါလာတာ ပြောတာပါ လိုသလောက်သုံးလို့ ရတယ် လို့ ပဲ ဆိုချင်ပါတယ် သေချာ

ထပ်ပြီးလေ့လာNero Photo Snapviewerလည်းပါလာတယ် ပုံတွေကိုဖွင့်လိုက်ရင်

Open With ကနေ ကြည့်ကြည့်ပါ.......။


(5) Song Mixer ဆိုပြီး အသံတွေကို ရောလို့  မွှေလို့ ရသေးတယ်ရောသမမွှေ ပေါ့


ရောတော့ ရောကြည့်တာပဲ နမူနာတင်ပေးမယ်ဆိုပြီး တော်ကြာ ကြိုက်သွား ဒွတ်ခ

အဲ့ကြောင့် မိမိဘာသာ လေ့လာရင်း ရောကြည့် မွှေကြည့်ပါလို့  ရေသမမွှေလို့  ရရင်

လက်တို့ ကြပါ လေ့လာဖို့  အချိန်မလောက်တာကြောက် မွှေတာဝါသနာ ပါသူများ

က မွှေလို့ ဝရင် ပြောဖို့ မေမေ့ကြနဲ့ နော...................................................။

(6) အခွေ Cover Design လုပ်ချင်လည်းရတယ် ( မြန်မာစာတော့ ပြောင်းမရဘူး)

ဒါကတော့ အခွေ ထုတ်ပြီးရင် အခွေမှာကပ်တဲ့ အရုပ်ဒီဇိုင်းလေးတွေ ဆွဲဖို့ လည်း

ပါသေးတယ် မြန်မာလို ဘာလို့ ပြောင်းမရတာလည်း မသိဘူး


ရေးရရင် အများကြီးကျန်သေးတယ် နည်းတွေကများလွန်းလို့  ယူထားကြပါလို့ 

ဖြတ်ညှပ်ကပ်လုပ် လိုက်တာ ၁၈၈ MB ပဲရှိတယ် လိုင်းတင်ရတာလည်း မလွယ်

ဘူး လိုင်းမကောင်းရင်တော့ ဆိုင်မှာဝယ်လိုက်ပါ မလေးမှာဆို ဆိုင်လမ်းညွှန်ရှိ

တယ် မြန်မာပြည်ဆို ရန်ကုန်မှာတော့ မ၀ယ်ဖူးဘူး တောင်ကြီးမှာတော့ရှိတယ်


Download - Nero 8( witk key gen and Key)




Nero -8 အသုံးပြုနည်း အသေးစိတ် ရှင်းလင်းချက် ( Nero တိုင်း Refer လုပ်နိုင်သည်)




Download- Nero-8 အသုံးပြဲုနည်း အသေးစိတ်-ဦးအောင်လင်း


Download - Nero -8 ဆော့ဝဲ Full version


                        မူရင်းလင့်

★★ Adobe Photoshop Touch v1.5.1 Apk (All Android) ★★

★★ Adobe Photoshop Touch v1.5.1 Apk (All Android) ★★

5 Novembre 2013 ရက်နေ့က Update ထွက်လာတဲ့ Adobe Photoshop Touch v1.5.1  ကိုတင်ပေး
လိုက်ပါတယ်။Android 3.1 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။လုပ်ဆောင်ချက်တွေကိုတော့အောက်
မှာပုံတွေကြည့်လိုက်ပါ။အင်စတောလုပ်နည်းကိုအောက်မှာသေချာဖတ်ပါခင်ဗျာ...။




DetailsTitle: Adobe ® Photoshop ® TouchDeveloper: Adobe SystemsVersion: v1.5.1 ( November 5, 2013 )Genre: Photography / Photo EditingLanguage: MultilingualSupported OS : Android 3.1 +Total Size: 45.7 MBdescriptionTransform images freely using the main features of Adobe Photoshop application designed specifically for the tablet .Combine images , apply professional effects and share the results with friends and family via Facebook and Twitter: all with the convenience of your iPad .• Take full advantage of Photoshop features designed specifically for the tablet such as layers , selection tools , adjustments, and filters to create great images.• Use your tablet camera to fill an area on a layer with the exclusive camera feature .• Select part of an image to extract by scribbling with the Scribble Selection tool . With Refine Edge , you can use your fingertip to capture simply too difficult to select image elements , such as hair .• Work on high-resolution images while keeping the quality at the highest level . Supports images up to 12 megapixels.• Follow the step by step tutorials to easily learn the techniques used by professionals and achieve exceptional results .• Try and capture images with the integrated Google Image Search .• Browse a gallery from which you can draw inspiration for the styles and results you want to achieve .• Sync automatically projects on Adobe Creative Cloud and open layered files created in Adobe Photoshop Touch in Photoshop or Photoshop CS6 CS5.1 .Free membership to Creative Cloud entitles you to 2 GB of cloud storage , plus the ability to synchronize projects between tablet and desktop computers , access your files from the Web and share them easily with others. Read more : http://www.adobe.com/it/products/creativecloud.html


instructions

1. Copy the file "Adobe Photoshop Touch v1.5.1.apk" in your Android device.
2. Install the software by starting the above files from your device.
(Make sure the "Unknown Sources" in Settings -> Security is checked)
3. Start the software from the applications menu.



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

 
Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.


http://mm-knowledgeinfo.blogspot.com/2014/02/inpixio-photo-filters-and-effects.html 
★★နည်းပညာမြို့တော်★★

★★ ဖုန်းထဲရှိသမျှအားလုံးကိုသော့စ်ခတ်ပေးမယ့် AppLock 1.98.6 android Apk (All Android) ★★

AppLock ရဲ့လုပ်ဆောင်ချက်တွေကတော့မိမိဖုန်းမှာရှိတဲ့ SMS, Contacts, Gmail, Facebook, Gallery, Market, Settings, Calls ,play games,Browser, စသည်တို့ကို password သုံးပြီးပိတ်ထားလို့ရပါတယ်။
uninstall လုပ်ရတာလည်းလွယ်ကူပါတယ်။AppLock, left menu, scroll down ကိုဆင်းပြီးအောက်ဆုံး
မှာ uninstall ကိုနှိပ်လိုက်ရုံပါပဲ။password မေ့သွားရင်လည်း security answer ကိုဖြေပြီး reset password ကိုနှိပ်လို့နောက်ထပ်အသစ်ပြန်ထည့်လို့ရပါတယ်။system Settings ကအစ Lock ချနိုင်ပြီး
Google Play Store အပါအ၀င်ရှိသမျှအားလုံးကို locking/unlocking လုပ်လို့ရပါတယ်။အောက်မှာပုံ
တွေကြည့်လိုက်ပါ။




Most downloaded app lock in Play Store
★ #1 App lock in over 50 countries.
★ Over 30 Million users, supporting 24 languages.
☞ AppLock can lock SMS, Contacts, Gmail, Facebook, Gallery, Market, Settings, Calls and any app you choose, with abundant options, protecting your privacy.
☞ AppLock can hide pictures and videos, AppLock empowers you to control photo and video access. Selected pictures vanish from your photo gallery, and stay locked behind an easy-to-use PIN pad. With AppLock, only you can see your hidden pictures. Privacy made easy!
★ With the help of App Lock, you may:
Never worry about a friend borrow your phone to play games again!
Never worry about a workmates get your phone to have a look again!
Never worry about private data in some apps may be read by someone again!
Never worry about your kids may changing phone's Settings, paying games, messing up it again!
-----------FAQ---------
1) How to change password?
Open AppLock, left menu , settings, Unlock Settings
2) I hide AppLock icon, how to open AppLock now?
There are two ways to open it:
1. dial pad
enter *#*#12345#*#* in your dial pad, and tap call button to open AppLock.
2. Browser
domobile.com/applock open this website in your browser,
3) How to stop other people uninstall AppLock?
Please enable Advanced Protection in settings of AppLock, so nobody can uninstall or kill AppLock without password.
You can disable Advanced Protection in settings, when you don't want it.
4) How to uninstall AppLock?
After you enable Advanced Protection, nobody can uninstall AppLock without password. If you want to uninstall it, open AppLock, left menu, scroll down to last item, tap the uninstall item to delete AppLock.
5) I forgot my password,How to find it?

Tap AppLock icon to start AppLock.
If you are using pattern lock, please change to number lock.
Tap the 'forgot password' or '?' .

If you remember security answer, you can reset your password by security answer.
Enter your security answer.
Reset your password.

If not, you can reset your password by your security email.
Get reset code from the app to reset your password.
6) I can not move in/out my photo in the vault.
Please check you internal storage space, if only 10% free ,system will not let us to move file in to vault.
7) Account Type
There are three types of account in the Applock;
1) Premium: paid, premium features , no ad.
2) AD: free , premium features , ad.
3) Basic: free, no ad , no premium features.
You can choose your account in Account Center. first item in Left menu.

---- Features ---
• Protects any apps using password or pattern
• Photo Vault, hide pictures
• Video Vault, hide videos
• Customize background, set your favorite photo
• Themes
• Fake cover
• Profiles, easy to change the locks
• Automatic lock at given time
• Automatic lock at given location
• Random keyboard
• Lock switch(WiFi,BT,3G/4G Data...)
• Widget for quick locking/unlocking
• Locks incoming or outgoing calls
• Lock system Settings
• Lock Google Play Store
• Quick lock switcher on status bar
• Re-lock policy: allow short exit, no need to unlock again
• Prevent apps from being uninstalled
• Hide AppLock's icon from launcher
• AppLock can be prevented from being uninstall
• AppLock cannot be killed by task killers
• Little memory footprint and power-saving

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

 
Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။




http://mm-knowledgeinfo.blogspot.com/2014/02/inpixio-photo-filters-and-effects.html 
★★နည်းပညာမြို့တော်★★

Tuesday, March 25, 2014

✔Root Apk များ စုစည်းမှု✔

image
✔Root Apk များစုစည်းမှု✔
-မိမိဖုန်းထဲမှာတင်​ apk ကိုအသုံးပြုပြီး root ​ဖောက်​လို့ ရ​စေနိုင်​မယ့်​ application ​ပေါင်း
ခုနှစ်​မျိုးကို စုစည်းပြီး တင်​​ပေးလိုက်​ပါတယ်​-
-ဖုန်း Handset ​ပေါင်းများစွာရှိတာ​ကြောင့်​ Device အားလုံးနဲ့ အဆင်​​ပြေ/မ​ပြေ ဆိုတာကို
မ​ပြောနိုင်​ပါ။Android Version 4.3 နဲ့ 4.4
တွေမှာ​တော့ မ root ​ပေးနိုင်​ပါဘူး-
-ဘာပဲဖြစ်​ဖြစ်​ apk တစ်​ခုမရ တစ်​ခုနဲ့ စမ်းသပ်​ပြီး
root ကြည့်​ချင်​တယ်​ဆိုရင်​​တော့ ​အောက်​က
လင့်​ခ်​ ​တွေမှာ ​ဒေါင်းလုပ်​ယူသွားလိုက်​ပါ-
★root apk အားလုံးကို rar file တစ်​ခုထဲ
အ​နေနဲ့ယူလိုပါက ​အောက်​မှာ​ဒေါင်းယူပါ★
★rar file အဖြစ်​ရယူရန်​★
http://cdn.2safe.com/216122036119/root_apks_kozawthwin.rar
★Apk တစ်​ခုခြင်းစီ ရယူရန်​★
★Vroot Apk v1.0.5.1★
★Root Master Apk v1.3.6★
★Baidu Root Apk v2.3.4★
★Pro Myanmar Root v1.3.6★
★Framaroot Apk v1.9.1★
★360 Root Apk v1.1★
★King Root Apk v2.3.0★
   အဆင်​​ပြေပါ​စေ။
          ကို​ဇော်​သွင်​(နည်းပညာ

Monday, March 24, 2014

Phone Bill ကုန်မှာစိုးလို့ Miss Call ပေးချင်သူများအတွက် - Miss Call Maker v1.7 Apk

ျေျေျေေေရရေရေလည်လည်လန်းတာနော် စမ်းကြည့်

Cover art

အခု Application လေးကိုတော့ Phone Bill မလောက်တော့တဲ့အချိန်တွေမှာ Miss Call ပေးနိုင်ဖို့နဲ့ ကပ်စေ နည်းသူတွေအတွက်အသုံးဝင်တာပေါ့ဗျ။ Miss Call Maker အကြောင်းမသိရင်တော့ ပြောကြမှာပါ ဖုန်းတိုင်း မှာလည်း Miss Call ပေးတာ Application မလိုဘဲ ပေးလို့ရတယ်လို့ ဝေဖန်ကြမှာပါ။ ကျွန်တော်ကိုယ်တိုင် လည်းမသုံးကြည့်ခင်ကတော့ ဒီလိုဝေဖန်ဖူးပါတယ်။ သုံးကြည့်လိုက်တော့မှ သဘောကျလို့ မျှဝေပေးလိုက် တာပါ။ ဒီကောင်လေးက ဖုန်း Ring Tone တောင်မမြည်ခင်မှာ ဖုန်းကို Auto Call End လုပ်လိုက်တာပါ။ ဖုန်း နှစ်လုံးသုံးပြီးစမ်းကြည့်ပြီးပါပြီ ဘယ်လိုမှ ကိုင်လို့မရပါဘူး။ Miss Call ဖြစ်ဖြစ်သွားတယ်ဗျာ။ အသုံးပြု ရတာလည်းလွယ်ကူပါတယ်။ ဖုန်းခေါ်သလိုပါဘဲ Application လေးထဲဝင်ပြီး Miss Call ခေါ်ဆိုချင်တဲ့ဖုန်း ကိုရွေးပြီး GIVE A BUZZ ကိုနှိပ်လိုက်ရုံပါဘဲ။ Miss Call ဖြစ်တာနဲ့ End Call ကိုအလိုလျှောက်နှိပ်ပြီးသားဖြစ် သွားမှာပါ။ မိုက်တယ်နော်။ File Size ကလည်း 729KB ပဲရှိပါတယ်။ အောက်မှာဒေါင်းယူနိုင်ပါပြီဗျာ။

ဒေါင်းလုပ် Link တော့မဟုတ်ပါ။ သို့ပေမယ့် Click တစ်ချက်လောက်နှိပ်ပေးမယ်ဆိုရင် ကျွန်တော့်ကိုအများကြီးကူညီရာရောက်ပါတယ်ဗျာ

Missed Call Maker - screenshot thumbnail 
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Myanmar Youth Media Club 21 Mar 2014 (Find 7 အကြောင်း)

Oppo Find 7

MYMC မှာ အမြဲမပြတ် ပေါ်သမျှ Smartphone တွေအကြောင်းတွေ နည်းပညာ အကြောင်းတွေကို 

တင်ပြလာ ခဲ့ရာမှာ ယခုအခါ မှာလည်း Oppo ကုမ္ပဏီရဲ့ Smartphone အသစ် Find 7 အကြောင်း 

တင်ပြထား ပါတယ်။

Oppo ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီ ဖြစ်ပါတယ်။ တရုတ်လုပ် ဆိုလို့ "တရုတ်စက် တစ်ရက်စုတ်" 

လို့အထင် မမှားလိုက် ကြပါနဲ့။ ဒီ Find 7က တော့ တော်တော်လေး အဆင်ပြေတဲ့ Smartphone 

တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီဖုန်းရဲ့ သိသိသာသာ ကောင်းတာ ကတော့ Camera ပါပဲ။ ဒီဖုန်းနဲ့ 

ရိုက်တဲ့ ပုံတွေဟာ 50 Megapixels အထိ လုံးဝ ကြည်လင်တဲ့ ပုံတွေကို ရိုက်ကူး နိုင်ပါတယ်။ 

အမှန်အတိုင်း ပြောရရင် Smart phone တွေထဲမှာ လက်ရှိ Camera အကောင်းဆုံးဖြစ်တဲ့ Nokia 

Lumia တောင်မှ 41 Megapixels အထိပဲ စွမ်းဆောင် နိုင်တာပါ။ ဒါ့ကြောင့် ဒီ Find 7 ဟာဘာတွေ 

လုပ်ထားလို့ Megapixels အမြင့်စားကို စွမ်းဆောင် ပေးနိုင် သလဲဆိုတာ စိတ်ဝင်စား စရာပါပဲ။ ဒီနေရာ

 မှာတော့ သူတို့ ကုမ္ပဏီက နည်းနည်းလေး လှည့်ကွက်လေး သုံးထား တာကို ပြောပြချင် ပါတယ်။ 

Oppo Find 7 က Camera ဟာပုံမှန် အတိုင်းဆို 13 Megapixels ပဲ စွမ်းဆောင် ပေးနိုင် ပါတယ်။ 

ဒါပေမယ့် Super Zoom ဆိုတဲ့ Feature လေးသုံးပြီး ကိုယ်ရိုက် ချင်တဲ့ နေရာကို Zoom နဲ့ နေရာအနှံ့ 

ဆယ်ပုံ အမြန်ရိုက်ပြီး အကောင်းဆုံး လေးပုံကို ပေါင်းစပ် လိုက်တဲ့ အခါမှာ 6120 x 8160 resolution 

ရှိတဲ့ 50 Megapixel ပုံရလာ ပါတယ်။

Find 7 မှာ Camera တင်ကောင်းတာ မဟုတ်ပါဘူး။ အခြား ပါဝင်တဲ့ အစိတ်အပိုင်း တွေလည်း အံ့မခန်း 

ပါပဲ။ Screen အနေနဲ့ 5.5 inch ရှိပါတယ်။ Screen Resolution အနေနဲ့ 2560 x 1440 အထိ 

စွမ်းဆောင် ပေးနိုင်တဲ့ Quad HD display ကို သုံးထား ပါတယ်။ Processor အနေနဲ့ 2.5 GHz

 Qualcomm Snapdragon 801 သုံးထားပြီး HD ထက်ကောင်းတဲ့ 4K video တွေကိုတောင် 

ရိုက်ကူးပေး နိုင်ပါတယ်။ ချောမောတဲ့ Screen ကိုတော့ Gorilla Glass 3 နဲ့ပြုလုပ် ထားပါတယ်။ 

Performance ပိုင်းအနေနဲ့ 3 GB RAM ပါဝင်ပြီး 32 GB အထိ Data သိမ်းနိုင်ကာ Data storage အတွက် 

တိုးချဲ့ နိုင်အောင် microSD slot တွေလည်း ပါဝင်ပါ သေးတယ်။ ခေတ်မီ 4G LTE networks တွေကို 

ချိတ်ဆက် နိုင်ပြီး ဈေးနှုန်း အနေနဲ့ ၅၉၉ ဒေါ်လာ ဖြစ်ပါတယ်။ (20400 Bath)

 


Oppo Find 7

ဒေါ်လာ ၅၉၉ တန် Find 7 version ကိုဈေးကြီး တယ်လို့ မ၀ယ် ချင်ဘူး ဆိုရင် သူ့ထက် နည်းနည်း 

နိမ့်တဲ့ ဒေါ်လာ ၄၉၉ တန် version လဲရှိပါ သေးတယ်။ သူကတော့ အပေါ်က version နဲ့ယှဉ် ရင်တော့

အရာရာမှာ နိမ့်ကျ နေပါတယ်။ အထူးသဖြင့် Screen Display ဟာ Quad HD အစား Full HD 

သာပေးနိုင်ပြီး Resolution အနေနဲ့ 1920 x 1080 သာပေးနိုင် ပါတယ်။ Processor အနေနဲ့ 2.3 GHz 

သာစွမ်းဆောင် နိုင်တဲ့ Snapdragon 800 ကိုသုံးထားပြီး 2 GB RAM နဲ့ Data သိမ်းဖို့ 16 GB သာ 

ပါဝင်ပါတယ်။ ဒါပေမယ့် ဒီ version ကတောင် iPhoneလို တခြားသော နာမည်ကြီး 

Smartphone တွေနဲ့ ကောင်းကောင်း ယှဉ်လို့ ရတဲ့အထိ ကောင်းပါတယ်။ Oppo ရဲ့ Find 7 ကို ဈေးကွက်

 သွင်းမယ့် အချိန် ကာလကတော့ မသိရသေး တာကတော့ စိတ်ခိုးလိုး ခုလု ဖြစ်စရာ ရှိနေတဲ့ အတွက် 

စိတ်မကောင်း ပါဘူး။ ဘာလိုပဲ ဖြစ်ဖြစ် ကောင်း မွန်တဲ့ စွမ်းဆောင် မှုမျိုးနဲ့ ဆွဲဆောင်မယ့် Oppo Find 7 

ကိုစာဖတ် သူများ အနေနဲ့ စိတ်ရှည်ရှည် ထားပြီး စောင့်စား ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
 


  Images from gsmarena, postmobliereview, cbsistatic, mashable, techz. Source: mashable.com


Sunday, March 23, 2014

လူတိုင်းလူတိုင်းအတွက် အလွန်တန်ဖိုးရှိသော Software လေးတစ်ခု Knowledge Box 1.1 ( 4 MB )









Knowledge Box လူတိုင်းလူတိုင်းအတွက် အလွန်တန်ဖိုးရှိသောကွန်ပျူတာဆော့ဝ်လ်ဖြစ်ပါသည်။ ကွန်ပြုတာ ၊ မိုဘိုင်းဖုန်း ၊ နည်းပညာလောကတွင် 

ကျော်ကြားသူများအကြောင်း အကျဉ်းချုပ် နှင့် တစ်ခြားအထွေထွေနည်းပညာ ဗဟုသုတများကို အလွယ်တကူ၊ 
အချိန်မရွး အင်တာနက်မလိုဘဲ ( Offline ) ဖတ်ရှုနိုင်ရန် စုစည်းပြီး ဒီဆော့လ်ဝဲကို ရေးသားလိုက်ပါတယ်။ 

ဒီဆော့လ်ဝဲ၏ ဗားရှင်းမှာ ၁.၁ ဖြစ်ပြီး ယခင် ၁.၀ ထက်ပိုမိုကောင်းမွန်အောင် ဖန်တီးထားပါတယ်။ 

ယခုဗားရှင်းအသစ်မှာ အကြောင်းအရာပေါင်း ၂၃၁ ခုပါဝင်ပြီး စာလုံးအရွယ်အစားကိုလည်း 

ပြောင်းလဲနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 4.11 MB ရှိလို့ ဒေါင်းလုပ်ဆွဲရာမှာ အဆင်ပြေမှာဖြစ်ပါတယ်။


 
 
 

Saturday, March 22, 2014

ကွန်ပြူတာအတွင်း ပုရွက်ဆိတ်လေးတွေ မွေးထားချင်သူများအတွက် 12-Ants 2.41 portable

ကွန်ပြူတာအတွင်း ပုရွက်ဆိတ်လေးတွေ မွေးထားချင်သူများအတွက် 12-Ants 2.41 portable

ကွန်ပြူတာအတွင်း ပုရွက်ဆိတ်လေးတွေ မွေးထားချင်သူများအတွက် 
အရမ်းလန်းတယ်....:D .......ပုရွက်ဆိတ်လေးတွေက ကွန်ပြူတာအတွင်းပြေးလွှားနေစေမဲ့
ဆောလ်ဝဲလေးဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကလဲ 1.MB တောင်မပြည့်လို့ အဆင်ပြေပြေဒေါင်းယူနိုင်ပါတယ်။
အသုံးပြုချင်သူများရှိရင် အောက်မှာဒေါင်းယူပါခင်ဗျာ။
အဆင်မပြေရင်ပြောခဲ့ပါနော်။
                             Download
                                                အိုင်တီအိမ်မက်

Viva Video apk ( Android Phone ထဲမှာ ကိုယ်ပိုင် Video ဖန်တီးနိုင်တဲ့ apk )


Viva ဆိုတဲ့ apk ကို android ဖုန်းထဲမှာ Install လုပ်ပြီး Video
 
 တစ်ခု ဖန်တီးနိုင်ပါတယ်.. ကိုယ့်ရဲ့ အမှတ်တရဓါတ်ပုံလေးတွေကိုပဲဖြစ်ဖြစ်၊ 
 
 ရိုက်ထားတဲ့ Video လေးတွေကို စုစည်းလို့ပဲဖြစ်ဖြစ် 
 
Movie လေးတစ်ခု ကောင်းကောင်း လုပ်နိုင်ပါတယ်..
 
 နောက်ခံတေးဂီတစနစ်ပါတဲ့အတွက် ကိုယ်ကြိုက်တဲ့ 
 
 သီချင်းလေးတွေကို နောက်ခံထည့်နိုင်ပါတယ်။
 
 Slide ဒီဇိုင်းမျိုးစုံကိုရယူနိုင်ပြီး Online 
 
ခဏဖွင့်ထားရင် ဒေါင်းလို့ရပါတယ်.. Free ပါ.. 
 
စာလုံးဒီဇိုင်းမျိုးစုံပါဝင်ပြီး မြန်မာလိုလည်း ရေးလို့ရတယ်ခင်ဗျ.. 
 
ချစ်သူများနေ့နီးလာတော့ မိတ်ဆွေရဲ့ 
 
အမှတ်တရ ဗွီဒီယိုလေးတွေလုပ်ပြီး 
 
ကိုယ့်ချစ်သူဆီကို ပို့ပေးနိုင်တာပေါ့...




အဆင်ပြေပါစေ..


မောင်ပေါက်< Knowledge Note >

ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ပတ်စ်ပို့အနီ ထုတ်ပေးနေ


မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတွေမှာ ပူးတွဲရုံးတွေ ဖွင့်လှစ်ထား

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ
 
 အလုပ်သမား တွေထဲက ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ သူတွေကို 
 
ပုံမှန် နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ 
 
အလုပ်သမား ၁၇ သိန်းကျော်ရှိတဲ့ အထဲက အလုပ်လုပ်ခွင့် ၎
 
 နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေကို လက်ရှိ 
 
ကိုင်ဆောင်ထားတဲ့ ယာယီ နိုင်ငံကူးလက်မှတ် ခရမ်းရောင် 
 
အစား နိုင်ငံတကာကို သွားလာခွင့် ရှိတဲ့ ပုံမှန် နိုင်ငံကူး 
 
လက်မှတ် စာအုပ် အနီတွေကို စတင် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံက ၄ နှစ်ထက်
 
 မကျော်တဲ့ အလုပ်လုပ်ခွင့်ကိုသာ ပေးတာဖြစ်ပါတယ်။ 
 
၎ နှစ်သက်တမ်း ပြည့်သွားတဲ့ မြန်မာ အလုပ်သမားတိုင်းဟာ
 
 မြန်မာဘက်ကို နေ့ချင်းပြန် ဖြစ်စေ တစ်ခေါက် ပြန်ကြရပြီး 
 
 ထိုင်းက ထွက်သွားတဲ့ သူတွေကိုမှ ဗီဇာအသစ်နဲ့ 
 
အလုပ်လုပ်ခွင့် လက်မှတ်အသစ်တွေ ထုတ်ပေးမှာ ဖြစ်တယ်
 
လို့ ထိုင်းအလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
 
 ပရာ့ဝစ် ခီးယန်းဖွန်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံကူး လက်မှတ်တွေကို အုပ်စု ၃ စု ခွဲကာ ထုတ်ပေးနေပြီး 
 
ပထမ အုပ်စု အနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း 
 
အပြည့်အစုံ ရှိတဲ့သူတွေကို ဘန်ကောက်က မြန်မာသံရုံးမှာ
 
 နိုင်ငံကူး လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အုပ်စု အနေနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေကတော့
 
 မြန်မာနိုင်ငံကို ပြန်ပြီး မှတ်ပုံတင် ပြန်လုပ်ရမှာ ဖြစ်ပြီး
 
 နောက်မှ ပုံမှန် နိုင်ငံကူး လက်မှတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

တတိယ အုပ်စုက ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်း
 
 ၂နှစ်ကျော် ကျန်နေသေးတဲ့ သူတွေအတွက် ရည်ရွယ်တာ
 
 ဖြစ်ပြီး သူတို့အနေနဲ့ ဆက်လက် အလုပ်လုပ်ချင် လုပ်နိုင်ပြီး၊
 
 ဆက်လက် အလုပ်မလုပ်ဘဲ ပုံမှန် နိုင်ငံကူး လက်မှတ်နဲ့
 
 ပြောင်းလဲ ကိုင်ဆောင်ချင်ရင်လည်း ပြောင်းလဲလို့ ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းမြို့တွေမှာ
 
 ပူးတွဲရုံးတွေ ဖွင့်လှစ် ဆောင်ရွက်ပေးနေပြီး 
 
ဘန်ကောက်က မြန်မာ သံရုံးမှာလည်း နိုင်ငံကူးလက်မှတ်တွေ 
 
စတင် ထုတ်ပေးနေပြီးလို့ အလုပ်သမား-အလုပ်အကိုင်နဲ့ 
 
လူမှုဖူလုံရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ်
 
 ဦးမျိုးအောင်က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ဖိုးနဲ့ ဝန်ဆောင်ခပါ အပါအဝင် ဘတ်ငွေ 
 
၁၆ဝဝ ကုန်ကျမှာ ဖြစ်ပြီး ထိုင်းဘက်မှာတော့ ဗီဇာကြေး၊
 
 အလုပ်လုပ်ခွင့် လက်မှတ်နဲ့ ဆေးကုသခွင့်တွေ
 
 အတွက်ပါ ဆိုရင် ဘတ်ငွေ ၇ ထောင်ကျော် ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC

Friday, March 21, 2014

Myanmar Font For Sumsang Phone (Support Galaxy S4 and android 4.2.2 Up, No Need To Root)

Sumsang ဖုန်း Andriod Version 4.2.2 နဲ့ အထက် Galaxy S2, S4 
 
အပါဝင်  Root ဖောက်စရာ မလိုပဲ မြန်မာဖောင့် သွင်းနည်းဖြစ်ပါတယ်။
 
 ဒီနောက်ပိုင်း Sumsang ဖုန်းတွေက Andriod Version 4.2.2 
 
နဲ့ အဲ အထက်တွေပဲ ထွက်လာပါတယ်။ ကျနော် တို့ သာမန် zawgyi one.apk နဲ့
 
 Install လို့ Support မလုပ်တော့ပါဘူး။ ဒါကြောင့် ဖုန်းကို Root ပြီး ထည့်ရတာများပါတယ်။ 
အခုတင်ပေးတဲ့ နည်းလေးက ဖုန်းကို Root စရာမလိုပဲ Setting> My device > display> font style 
 
မှာပဲ မြန်မာဖောင့် ပြောင်းတဲ့နည်းလေးဖြစ်ပါတယ်။
 
 လူတော်တော်များလည်း သိပြီးသားဖြစ်မှာပါ။
 
 မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး တင်ပေး လိုက်ပါတယ်။
 
 အရင်ဆုံး အောက်မှာ ကျနော်ပေးထားတဲ့ Zawgyi-One Naw Flipfont ကို အရင် Install လုပ်ရပါမယ်။
 
 

 
 
ပြီးရင်တော့ S4 Zawgyi-One Naw Flipfont ကို ဖွင့်လိုက်ပါ။
 
 ပြီးရင် Setting> My device > display> font style ကိုသွားပြီး မိမိ နှစ်သက်ရာ
 
 Font Style မှ တခုခုကို Select ပေးလိုက်ရင် မြန်မာလို ကောင်းကောင်းမြင် ရပါပြီ။
 
 အောက်ကပုံမှာ ကြည့်လိုက်ပါ။ 

Android Version 4.2.2 အထက်ဖုန်းတွေ အားလုံးနည်းပါး ဒီအဆင့်နဲ့
 
 ပဲ အဆင်ပြေတာ များပါတယ်။ ပြီးရင်တော့ Zawgyi Keybroad 
 
ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။

                                   Download Frozen Keybroad Pro
 
 
                                          Google Drive, Zippyshare
ပြီးရင် Setting–>>My device >> Language and input 
 
>>Frozen keyboard Pro ကိုအမှန်ခြစ်ပေးလိုက်ပြီး Default keyboard 
 
>>Frozen Keyboard Pro  ကိုရွေးပေးထားပါ။
ဒီလောက်ဆိုရင် အားလုံးအဆင်ပြေနိုင်မယ်ထင်ပါတယ်။ ဒီနောက်ပိုင်းထွက်တဲ့ 
 
Sumsang Galaxy Ace 3 တို့ Galaxy S3, S4 တွေမှာ အားလုံးအဆင်ပြေပါမယ်။ 
 
 Frozen Keybroad Pro အဆင်မပြေတဲ့ သူငယ်ချင်းများက နောက်ထပ် မြန်မာ 
 
ကီးဘုတ်တခုကို ဒီလင့်မှာ ဒေါင်းယူလိုက်ပါ။ အဆင်မပြေ တာများရှိရင် 
 
zawmintan@gmail.com ကို add ပြီး အကူညီတောင်းနိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.

***************************************