Saturday, March 29, 2014

Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်




Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်
Samsung တို့ ကိုယ်တိုင်ဖန်တီးကြိုးစားထားတဲ့ Tizen OS နဲ့ စမတ်ဖုန်း ထွက်ရှိမယ်ဆိုတာ ၂၀၁၃ နှစ်ကုန် လောက်ကတည်းက ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းသတင်းကို သေချာအောင် ယခုတော့ ဖုန်းကိုပါ အလုံးလိုက်အထည်လိုက် မြင်နေရပြီ ဖြစ်ပါတယ်။ Samsung က တရားဝင်ကြောညာခြင်း မဟုတ်ပေမယ့် တောင်ကိုရီးယားအခြေဆိုက် နည်းပညာ သတင်းဌာနများက ဖော်ပြခြင်း ဖြစ်ပါတယ်။

Android OS အစားထိုးမယ့် Samsung ရဲ့  ကိုယ်ပိုင် Tizen OS ဟာ ထူးခြားပါတယ်။ Android အသွင်အပြင်၊ Windows Phone OS အသွင်အပြင် ကို ပြန်ယူထားပြီး iOS7 လို အရောင်နုနု icon လေးတွေ ကို မြင်ရ အုံးမှာ ဖြစ်ပါတယ်။ Home Screen ကတော့ Windows Phone OS နဲ့တောင် မကွာ ပါဘူး။ ဖုန်းကို Zeke လို့ အမည် ပေးထားပြီး Samsung ZEQ 9000 လို့လည်းခေါ်ပါသေးတယ်။ မျက်နှာပြင်အားဖြင့် ၄.၈ လက်မ ရှိပြီး HD မျက်နှာပြင် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Samsung Galaxy S4 ထက် အရည်ပိုသေး သွားပါတယ်။ Processor ကတော့ 2.3 GHz Qualcomm Snapdragon 800 CPU အသုံးပြုပြီး ကျန်တဲ့ Feature များကတော့ Samsung Galaxy S4 က ဟာ့ဒ်ဝဲများနဲ့ သိပ်မကွာဘူး ဆိုပါတယ်။ သို့ပေမယ့် Android platform ပေါ်က ဖုန်းမဟုတ်တော့ Galaxy စီးရီးနဲ့ သွားယှဉ်လို့ မရပါဘူး။
Zeke က တစ်သီးတခြား ထွက်ရှိလာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Mozilla တို့ Firefox OS မိတ်ဆက် ခဲ့တာမျိုးနဲ့ ဆင်တူနေပါတယ်။ သို့ပေမယ့် စွမ်းဆောင်ရည်နဲ့ Feature များကတော့ ကွဲအုံးမှာပါ။ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက် Mobile World Congress မှာ Samsung တို့ ထုတ်ဖော်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

No comments:

Post a Comment