Tuesday, July 18, 2017

Android ဖုန်းထဲ့မှာ ကြိုက်တာဒေါင်းလို့ရတဲ့ - Google Play Store Latest Version 8.0.26 Apk


Android ဖုန်းထဲ့မှာ ကြိုက်တာကို ဒေါင်းလုပ် install လုပ်လို့ရတဲ့ Google Play services  နောက်ဆုံးထွက် version သစ်လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးမှာတော့ မိမိကြိုက်တဲ့ android application ထည့်သွင်းလို့၇နိုင်တဲ့ android application လေးတစ်ခုလည်းဖြစ်ပါတယ်။ နောက်ပြီး မိမိသုံးထားသော Android application တွေကိုလည်း updated  လုပ်ဆောင်နိုင်တဲ့ android application လေးဖြစ်ပါတယ်။ဒီကောင်လေး ၏ version ကတော့ (Google Play services)8.0.26 နောက်ဆုံးထွက်ပါ။ အသုံးပြုလို့သူများအတွက် အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ဒီကောင်လေး၏ ဖိုဒ်ဆိုဒ်လေးကတော့16.15MB  ဖြစ်ပြီး ဒီကောင်ကိုတော့ ဖုန်းအားလုံးမှာထည့်သွင်းနိုင်ပါတယ်။



Download Here

Facecook အကောင့် လုံခြုံဖို့အတွက် ဖတ်သင့်တဲ့ "Facebook ကို Hack မခံရအောင်" စာအုပ်



Facebook ဆိုတာ လူမှုကွန်ယက်တစ်ခုဖြစ်သလို၊ ပိုင်ရှင်၏ ဒိုင်ယာရီ နေ့စဉ်မှတ်တမ်းတစ်ခုပါ။ ဒါကို မသမာသူတစ်ဦးက ဟက်ပြီး အလွဲသုံးခြင်းဖြင့်၊ ကာယကံရှင်ဟာ အမုန်းခံရခြင်း၊ အရှက်ရခြင်း၊ တစ်ခါတစ်ရံ ဥပဒေနှင့်ညိစွန်းဖြေရှင်းရခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါသည်။ ယင်းသို့ မလိုလားအပ်သည်များမှ ၉၉% ရာခိုင်နှုန်း ကာကွယ်နိုင်ရန် ကိုဇာနည် ကစေနာဖြင့် ကူညီလမ်းပြထားပါသည်။









iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာလက်စွဲ



စာအုပ်အမည် -  iPhone အသုံးပြုသူများနှင့် စက်ပြင်ဆရာလက်စွဲ
ရေးသားသူ - ရဲမင်းအောင် (RAY-Electronic)
အမျိုးအစား - PDF
အရွယ်အစား - 16.0 MB
 
 

9008 Mode to 9006 Mode Tool (One Click)


9008 Mode ကနေ 9006 Mode ကို အလွယ်တစ်ကူဝင်လို့ရမယ့် One Click Tool လေးပါ။
Credit : July_Tharlay
Ref: Taunggyi Mobile Family
 
 
 

Microsoft Office 2016 နှင့် 365 Official ISO များစုစည်းမှု (1Click Download)


Microsoft Office ကို တော်တော်များများပြောလာကြလို့ Microsoft Office 2016 နဲ့ 365 Official ISO များစုစည်းပေးထားတာလေးကို တဆင့်ပြန်လည် မျှဝေပေးလိုက်ပါတယ်..။ 1Click Direct Link ဖြစ်လို့ ဒေါင်းယူရတာလည်း အဆင်ပြေစေမှာပါခင်မျ.....။



Office 2016

Here’s a list of all the offline installers for the Office 2016 family: to download them, click to the corresponding Download URL. It’s worth repeating that these are absolutely legitimate links from an official Microsoft site, specifically from the MS Office CDN (officecdn.microsoft.com).


Office 2016

Office 2016 Home and Student

Office 2016 Home and Business

Office 2016 Professional

Word 2016

Excel 2016

PowerPoint 2016

OneNote 2016

Outlook 2016

Publisher 2016

Access 2016

Project 2016 Standard

Project 2016 Professional

Visio 2016 Standard

Visio 2016 Professional



Office 365

Office 365 Home Premium

Office 365 Business

Office 365 Professional Plus


Download Microsoft Office Actovator





Ref: http://www.ryadel.com

Thursday, July 13, 2017

♪ Memory Stick ဖြင့် ပြုလုပ်နိုင်တဲ့ အရာ (၇) ခု ♫


ဒီနေ့ ကွန်ပြူတာ ခေတ်ကြီးမှာ ဒေတာများ ကူးပြောင်းဖို့အတွက် Memory Stick or USB Flash Drive or External Hard Disk များက အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် Memory Stick များ ပြုလုပ်နိုင်တဲ့ အခြား အရာများစွာ ရှိပါသေးတယ်။

၁။ Portable Apps များကို Run ပါ။
အများသုံး ကွန်ပြူတာများမှာ သင် အသုံးပြုနေကျ Apps များ မရှိလို့ စိတ်ညစ်နေရရင်တော့ Portable Apps များကို Memory Stick မှာ ထည့်သွားနိုင်ပါတယ်။ Stick ကို ကွန်ပြူတာမှာ စိုက်လိုက်တာနဲ့ သင် သုံးနေကျ Apps များကို သုံးနိုင်ပါပြီ။ အဲဒီ Apps များကို Portableapps.com မှာ ရယူနိုင်ပါတယ်။

၂။ Rescue Disk လို သုံးပါ။
အင်တာနက် ကနေ Virus , Malware များ သင့် ကွန်ပြူတာထံ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဗိုင်းရက်စ် ကူးစက်ခံရလို့ သင့် ကွန်ပြူတာကို ဖွင့်လို့ မရတော့ရင် Memory Stick ကို Rescue Disk အဖြစ် အသုံးပြုပြီး သင့်ရဲ့ ၀င်းဒိုးကို ပြန်လည် အသုံးပြုလို့ရအောင် ပြုလုပ်နိုင်ပါတယ်။

၃။ RAM ကို အားဖြည့်ပါ။

ကွန်ပြူတာများမှာ RAM ပမာဏဟာ အလွန် အရေးကြီးပါတယ်။ RAM ပမာဏများရင် ကွန်ပြူတာဟာ ပိုမို မြန်ဆန်ပါတယ်။ Windows 7,8 နဲ့ 10 မှာ Memory Stick ကို အပို RAM အဖြစ် အသုံးပြုနိုင်ပါတယ်။

၎။ သင့်ကွန်ပြူတာကို Lock / Unlock လုပ်ပါ။
သင့် ၀င်းဒိုး ကွန်ပြူတာကို Login ၀င်ဖို့အတွက် Password များကို ရိုက်ထည့်ရပါတယ်။ ဒီလို Password များ ရိုက်ထည့်ရတာ အလုပ်ရှုပ်ရင်တော့ သင့် Memory Stick ကို ကွန်ပြူတာမှာ စိုက်လိုက်တာနဲ့ အလိုအလျှောက် Login ၀င်အောင် ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Predator လို ဆော့ဖ်ဝဲကို အသုံးပြုနိုင်ပါတယ်။

၅။ Hard Drive များကို Partition ခွဲပါ။
သင့် ကွန်ပြူတာ Hard Drive ကို လွယ်ကူစွာ Partition ခွဲပေးနိုင်တဲ့ ဆော့ဖ်ဝဲများစွာ ရှိပါတယ်။ အဲဒီအထဲက နာမည်ကြီးတစ်ခုက Parted Magic ဖြစ်ပါတယ်။ သူက Memory Stick ကနေ Boot တက်တဲ့အတွက် Partition ခွဲစဉ်မှာ Hard Drive မှ ဒေတာများကို ပျက်ဆီးစေတဲ့ ရာခိုင်နှုန်းကို လျှော့ချပေးပါတယ်။

၆။ ကွန်ပြူတာ ပြဿနာကို အဖြေရှာပါ။
သင့် ကွန်ပြူတာကို Boot တက်လို့ မရတော့ရင် ပြဿနာကို အဖြေရှာဖို့ Memory Stick ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Registy များကို ရှင်းလင်းပေးခြင်း၊ Temporary Files များကို ဖယ်ရှားပေးခြင်းနဲ့ Startup Programs များကို စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်တဲ့ Trend Micro’s Housecall နဲ့ Glary Utilities တို့ကို သုံးနိုင်ပါတယ်။

၇။ သင့် Memory Stick ကို Password ဖြင့် ကာကွယ်ပါ။
သင့် Memory Stick မှ ဒေတာများကို အခြား လူများက အလွယ်တကူ ခိုးယူသွားနိုင်ပါတယ်။ အဲဒီလို ဖြစ်မှာကို စိုးရိမ်ရင်တော့ သင့် Memory Stick ကို Password ဖြင့် ကာကွယ်ထားနိုင်ပါတယ်။ ဒီလို ကာကွယ်ဖို့အတွက် Wondershare USB Drive Encryption နဲ့ DiskCryptor တို့လို ဆော့ဖ်ဝဲများကို သုံးနိုင်ပါတယ်။



Credit to ==> Digital Times

Xiaomi ဖုန်းများအတွက် Gapps ကို အဆင်ပြေဆုံးထည့်သွင်းနိုင်မဲ့ Xiaomi Tool




Xiaomi ဖုန်းများအတွက် Gapps ကို အဆင်ပြေဆုံးထည့်သွင်းနိုင်မဲ့ နည်းလမ်းများနဲ့ လိုအပ်တဲ့ဖိုင်များကို လွယ်လွယ်ကူကူရယူနိုင်ရန် Downloader Tool လေးကို ပြုလုပ်ပေးထားပါတယ်။ 

ဒီ Tool လေးကနေပြီး Xiaomi MiUi 7 နဲ့ 8 တွေမှာ Gapps ကိုအလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံး ထည့်သွင်းအသုံးပြုနိုင်မဲ့ နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးထားပါတယ်။ Button လေးခုအနေနဲ့ ဖွဲ့စည်းပေးထားပြီး All Devices ဆိုတဲ့ Button ကတော့ Mi Max နဲ့ အခြား Devices များအားလုံးကို အဆင်ပြေစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ အခြားသုံးခုကတော့ Mi 5 , Mi 6 , Mi Max 2 တို့မှာ Gapps ကိုအဆင်ပြေဆုံး နည်းလမ်းများကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ 

သက်ဆိုင်ရာ zip ဖိုင်များရဲ့ Password များကို Tutorial ထဲမှာ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ဒီ Tool အတွက် Gapps ထုတ်ပေးပြီး နည်းလမ်းများကို မျှဝေပေးထားတဲ့ Ko Than Toe Aung , Ko Aung Min Han , Ko Oak Soe Khant တို့ကို Credit ပေးပါတယ်။ Tool လေးကိုတော့ အသုံးပြုလိုရင်ရယူနိုင်ပါတယ်။ 




 Click Here to Download


Password - KoHtoo092208







USB Pin Drive ထဲသို့ ISO ဖိုင်​လ်​အမျိုးမျိုး ထည့်​သွင်းနည်း




USB Pin Drive (သို့) Memory Card တစ်​ခုတည်းမှ Window 10, 8, 7 နှင့်​ အခြား ISO ဖိုင်​လ်​များကို All in One Bootable Disk အဖြစ်​ ဖန်​တီးပြီး Operating System (OS) အမျိုးမျိုးကို Boot Menu မှ တဆင့်​ Install ပြုလုပ်ခြင်း၊ Recover ပြုလုပ်ခြင်း ထည့်ထားသည့် ISO ဖိုင်လ်ပေါ်မူတည်ပြီး လိုအပ်သလိုဆောင်ရွက်​နိုင်​ပါတယ်​။


နည်းလမ်းက​တော့
*************

1.USB/Memory Card ကို Format ချပါ၊

2. "WinSetupFromUSB 1.8.exe" ကို Run ပါ၊


3.အပေါ်နားက "Auto format it with FBinst" ကို Check လုပ်ပါ။  (ဒီတစ်ကြိမ်ပဲ Check လုပ်ရမှာဖြစ်ပါတယ်.. နောက်ထပ် ISO ဖိုင်လ်ထည့်မယ်ဆိုရင် Check လုပ်ပေးစရာမလိုတော့ပါဘူး)


4. သက်ဆိုင်ရာ ISO အလိုက် ထည့်ပေးပြီး  GO ကို နှိပ်ပါ.. Popup Box နှစ်ခု တတ်လာရင် OK ကို နှိပ်ပေးလိုက်ပါ..။



အဆင်​မ​ပြေရင်​ ​အောက်​က Video မှာ လက်​​တွေ့ ရှင်းပြထားတာကို ကြည့်​နိုင်​ပါတယ်​။






WinSetupFromUSB 1.8.exe 



Good Luck!


Winkabarkyaw.Net
www.winkabarkyaw.net
 

Windows 7, 8,/8 1, 10 ISO နှင့် Office 2013/2016 ဖိုင်လ်များကို Direct ဒေါင်းယူနည်း (Without Any Software)


Window 7 မှ စ၍ Window 8/8.1, 10 ISO ဖိုင်လ်များ၊ Microsoft Office (All Products) ဖိုင်လ်များကို တကူးတက လိုက်ရှာနေစရာမလိုပဲ Microsoft Original ဖိုင်လ်များဖြစ်တဲ့အပြင် တစ်နေရာထဲမှ လိုအပ်ရာကို  Direct ဒေါင်းယူရရှိနိုင်ပါတယ်...။  Download ရယူဖို့အတွက်လည်း မည်သည့် Software မှ အသုံးပြုစရာမလိုပါဘူးခင်မျာ...
လိုအပ်လို့ ဒေါင်းယူမယ်ဆိုရင် အောက်ပါအတိုင်း ဒေါင်းယူနိုင်ပါတယ်...
(၂). Drop down menu ကို တစ်ခုချင်း နှိပ်ကာ မိမိဒေါင်းယူမည့် Windows Version, Edition, Language စ,တာတွေကိုရွေးပေးပါပြီးတာနဲ့  ညာဖက်မှာ Download ဆွဲဖို့ Button လေးတွေပေါ်လာပါလိမ့်မယ်.. မိမိစက်နှင့် သက်ဆိုင်ရာ 32Bit (or) 64Bit ကိုရွေးကာ ဒေါင်းယူနိုင်ပါပြီ..။

Sunday, July 9, 2017

♪ သင့်ရဲ့ Android စမတ်ဖုန်းမှာ အင်တာနက်ကို လျှင်မြန်အောင် ပြုလုပ်နည်း ♫


Opera Max က ဒေတာတွေကို ချုံ့ပေးနိုင်တဲ့အတွက် အင်တာနက်ကို လျှင်မြန်စွာ ကြည့်ရှုစေနိုင်ပါတယ်။ အင်တာနက်မှ ရုပ်ရှင်နဲ့ ဗီဒီယိုများကြည့်ရင်လည်း သူက မထစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ Opera က သူတို့ရဲ့ App ဟာ အင်တာနက် အမြန်နှုန်းကို ၂၃ ရာခိုင်နှုန်း တိုးတက်စေတယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။ သူက အင်တာနက်ကို လျှင်မြန်စေတဲ့ အပြင် ဒေတာ သက်သာစေပါတယ်။

Download Opera Max

Facebook Lite


Facebook ရဲ့ ပင်မ App ဟာ စွမ်းဆောင်ချက်များစွာပါတဲ့အတွက် မိုဘိုင်းဒေတာ သာမက ဖုန်းရဲ့ စွမ်းအင်ကိုပါ အလွန် အကျွံ စားသုံးပါတယ်။ အဲဒီအတွက် Facebook က မိုဘိုင်းဒေတာ သက်သာစေပြီး လျှင်မြန်စွာ အသုံးပြုနိုင်တဲ့ Lite Version ကို ဖန်တီးပေးထားပါတယ်။ အင်တာနက် အလွန် နှေးတဲ့ ဒေသများမှာတောင် သူ့ကို အသုံးပြုနိုင်ပါတယ်။

Download Facebook Lite

Browser မှာ ဓါတ်ပုံများကို ပိတ်ပါ။
ဝက်ဆိုက်များမှ ဓါတ်ပုံများ၊ ကြော်ညာများက သင့် အင်တာနက်ကို နှေးကွေးစေပါတယ်။ အဲဒီအတွက် ဘရောက်စာ ဆက်တင်ထဲမှာ ဓါတ်ပုံများကို ပိတ်ထားရင် အင်တာနက်ကို ပိုမြန်စေပါတယ်။ ဘရောက်စာတိုင်းမှာတော့ ဒီစွမ်းဆောင်ချက် မပါပါဘူး။ ဒါပေမယ့် အများစုမှာတော့ ပါပြီး ဒီနည်းလမ်းကို သုံးရင် မိုဘိုင်းဒေတာပါ သက်သာပါတယ်။

လျှင်မြန်တဲ့ ဘရောက်စာကို သုံးပါ။
Chrome ဟာ အလွန် စွမ်းရည်မြင့်တဲ့ ဘရောက်စာ ဖြစ်ပေမယ့် မန်မိုရီကို အလွန် စားသုံးတဲ့အတွက် နှေးကွေးတတ်ပါတယ်။ မန်မိုရီကို အနည်းငယ်သာ စားသုံးပြီး လျှင်မြန်စွာ အင်တာနက်ကြည့်ချင်ရင်တော့ Opera Mini ကို ညွှန်းချင်ပါတယ်။ Opera Mini ဟာ ပေါ့ပါးသွက်လက်ပြီး ဒေတာ သက်သာစေပါတယ်။

Download Opera Mini

Cache များကို ရှင်းပါ။
Cache ခေါ် အမှိုက်ဖိုင်များဟာ သင့် ဖုန်းရဲ့ စွမ်းအင်များကို စားသုံးနေတဲ့အတွက် အင်တာနက် သုံးရာမှာလည်း နှေးကွေးစေပါတယ်။ ဖုန်းထုတ်လုပ်သူများက သူတို့ရဲ့ ဖုန်းများမှာ Cleaner App များကို ထည့်သွင်းပေးထားပြီး အဲဒီကနေ Cache များအားလုံးကို တစ်ပြိုင်နက် ရှင်းလင်းနိုင်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ App မပါရင် App Cache Cleaner ကို သုံးပါ။

Download App Cache Cleaner

Memory အလွန် စားသုံးတဲ့ App များကို ရှင်းလင်းပါ။
အချို့ App နဲ့ Widgets များဟာ ဖုန်းရဲ့ မန်မိုရီကို အလွန် စားသုံးကြပါတယ်။ အဲဒီအတွက် ဖုန်းလေးလံရုံ သာမက အင်တာနက် သုံးရာမှာလည်း ကြန့်ကြာစေပါတယ်။ သင့် ဖုန်းမှာ မလိုအပ်တဲ့ Apps , Widgets များကို ရှင်းလင်းခြင်းဖြင့် အင်တာနက် သုံးရာမှာ လျှင်မြန်စေပါတယ်။



Credit to ==> DigitalTimes.com.mm
 
 
 

♪ iPhone ကနေ Android ထံသို့ Contacts များ ကူးပြောင်းနည်း ♫


အရင်တုန်းကတော့ မိုဘိုင်း ပလက်ဖောင်းတစ်ခုကနေ အခြား တစ်ခုသို့ Contacts များ ကူးပြောင်းချင်ရင် အမည်၊ ဖုန်းနံပါတ်နဲ့ အခြား သတင်းအချက်အလက်များကို ကိုယ်တိုင် ရိုက်ထည့်ရပါတယ်။ အခုခေတ် စမတ်ဖုန်းများကတော့ အဲဒီ အလုပ်များကို ကျွန်တော်တို့ ကိုယ်စား လုပ်ပေးနိုင်လာကြပါပြီ။ iPhone ကနေ Android ပြောင်းကိုင်တဲ့ လူများအတွက် Contacts ကူးပြောင်းနည်းများစွာ ရှိတဲ့အထဲက အလွယ်ကူဆုံး နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ရဲ့ Google အကောင့်နဲ့ Contacts များကို Sync လုပ်ပါ။


Android သုံးမယ်ဆိုရင်တော့ Google အကောင့် တစ်ခု ရှိရမှာပါ။ အကောင့် လုပ်ပြီးရင် သင့်ရဲ့ iPhone Settings ထဲက Mail, Contacts , Calendars ထဲသွားပါ။ အဲဒီမှာ သင့် Google အကောင့်ကို ထည့်ရမှာပါ။ Add Account ကို နှိပ်ပြီး Gmail ကို ရွေးပေးပါ။

ဒါဆိုရင် iPhone က Sync လုပ်ချင်တဲ့ Google အကောင့်မှ ဒေတာများကို ရွေးချယ်ခိုင်းမှာပါ။ Contacts ကို ရွေးချယ်ပေးပါ။ Android မှာလည်း Google အကောင့် ထည့်ပေးပြီး Contact ကို Sync လုပ်ပါ။ ပြီးရင်တော့ မိနစ်ပိုင်းအတွင်းမှာ သင့် iPhone မှ Contacts များ Android ထဲ ရောက်လာပါပြီ။

၂။ iCloud ဖြင့် ကူးပြောင်းပါ။
သင့် iPhone မှာ iCloud ကို Enable လုပ်ထားရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ iPhone Settings> Mail, Contacts, Calendars ထဲသွားပြီး iCloud အကောင့်ကို ရွေးပေးပါ။ Contacts ကို On လုပ်ပေးပါ။ iPhone က iCloud နဲ့ iPhone မှ Contacts များကို Merge လုပ်မလားမေးမှာပါ။

Merge လုပ်ပြီးရင် သင့် ကွန်ပြူတာ ၀က်ဘရောက်စာကနေ icloud.com ကို သွားပါ။ သင့်ရဲ့ Apple ID ဖြင့် Login ၀င်ပါ။ ပြီးရင် Contacts ကို ရွေးပေးပါ။ ဘယ်ဘက်အောက်ထောင့်မှ Gear Icon ကို နှိပ်ပြီး Select All ကို ရွေးပေးပါ။ Gear Icon ကို ထပ်နှိပ်ပြီး Export vCard ကို နှိပ်ပါ။

ပြီးရင် Gmail.com ကို သွားပြီး Mail Button ကို နှိပ်ပါ။ Contacts ကို ရွေးပေးပါ။ More Tab ကို နှိပ်ပြီး Import>Choose File ကို နှိပ်ပါ။ ပြီးရင် vCard File ကို ရွေးပေးပါ။ ပြီးရင်တော့ သင့်ရဲ့ Android မှာ သင့် Google အကောင့်ကို ထည့်လိုက်တာနဲ့ iPhone မှ Contacts များ Android ထဲကို ရောက်လာမှာပါ။

၃။ iTunes ဖြင့် ကူးပြောင်းပါ။


သင့် ကွန်ပြူတာနဲ့ iPhone ကို ချိတ်ဆက်ပါ။ iTunes ကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ iPhone ကို ရွေးချယ်ပါ။ Info Tab ထဲသွားပြီး Sync Contacts ကို အမှန်ခြစ်ပါ။ Dropdown Menu ကနေ Google Contacts ကို ရွေးပေးပါ။ ပြီးရင် Google အကောင့်ကို ထည့်ပေးပါ။ iPhone နဲ့ iTunes အကြားမှာ ဒေတာများ ကူးပြောင်းပြီးတာနဲ့ သင့် Android မှာ iPhone မှ Contacts များ ရောက်လာမှာပါ။



Credit to ==> DigitalTimes.com.mm

♪ iPhone တစ်လုံးကို Setup လုပ်ပြီးတဲ့အခါမှာ ပြုလုပ်ရမယ့် အချက်များ ♫


iPhone အသစ်တစ်လုံးကို setup လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဖုန်းကို firmware ပြန်တင်ထားပြီးတဲ့ အခါမှာပဲဖြစ်ဖြစ် ပြုလုပ်ရမယ့် နည်းလမ်းအချို့ ဖြစ်ပါတယ်။ iPhone တစ်လုံးကို အသစ်ဝယ်ပြီးတဲ့အခါ သုံးစွဲသူတွေအတွက် သုံးစွဲသူတွေအတွက် လိုအပ်မယ့် Apple ID ပြုလုပ်ခြင်း font ထည့်သွင်းခြင်း Keyboard တွေ ထည့်သွင်း ခြင်းအစရှိတာတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် iPhone တစ်လုံးကို setup လုပ်ပြီးတဲ့အခါမှာ သုံးစွဲသူတွေ ကိုယ်တိုင်ကိုယ်ကျ ဖုန်းကို စတင်သုံးစွဲနိုင်တဲ့ အဆင့်အထိ အောက်ပါ နည်းလမ်း တွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

(၁) Apple ID ပြုလုပ်ပါ။
iPhone တစ်လုံးကို သုံးစွဲပြီဆိုရင် Device ရဲ့အချက်အလက်တွေကို လုံခြုံစိတ်ချစွာ သုံးစွဲနိုင်စေဖို့နဲ့ app တွေ game တွေကို download ပြုလုပ်ဖို့အတွက် Apple ID တစ်ခု ဖန်တီးထားရမှာဖြစ်ပါတယ်။ Apple ID ကို ဖန်တီးချင်သူတွေ အနေနဲ့ ဖော်ပြပါနည်းလမ်းတွေအတိုင်း ဖန်တီးနိုင်ပါတယ်။ Apple ID ကို iPhone ပေါ်ကနေ ဖန်တီးနိုင်သလို ကွန်ပျူတာပေါ်ကနေ iTunes software ကို အသုံးပြုပြီးတော့လည်း ဖန်တီးနိုင်ပါတယ်။

iPhone ပေါ်ကနေ ဖန်တီးနည်းနဲ့ ကွန်ပျူတာပေါ်က ဖန်တီးနည်းဟာ သိပ်ကွာခြားမှုမရှိပါဘူး။ iPhone ပေါ်ကနေ ဖန်တီးမယ်ဆိုရင် App Store icon ကိုနှိပ်လိုက်ပါ။

ပြီးရင် Free app တစ်ခုကို နှိပ်လိုက်ပါ။ Get ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Install ကို ထပ်နှိပ်ပါ။ ဒါဆိုရင် အဆိုပါ app ကို ထည့်သွင်းဖို့အတွက် Apple ID Sign In လုပ်ရမယ့်နေရာပေါ်လာပါလိမ့်မယ်။ အသစ်ဖန်တီးမှာ ဖြစ်တဲ့အတွက် Create New Apple ID ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် Country တစ်ခုကိုရွေးရပါမယ်။ US store ကို အသုံးပြုချင်တယ်ဆိုရင် United States ဆိုတာကို ရွေးလိုက်ပါ။ ပြီးရင် Next ကို နှိပ်ရပါမယ်။

Apple ရဲ့ Terms and Conditions တွေနေရာရောက်ရင် Agreed ဆိုတာကို နှိပ်လိုက်ပါ။


ဒီအဆင့်ကတော့ Apple ID လုပ်ဖို့အတွက် email ထည့်သွင်းရမယ့် အပိုင်းဖြစ်ပါတယ်။ Email ဆိုတဲ့နေရာမှာ ကိုယ်လက်ရှိသုံးနေတဲ့ Gmail, Hotmail ဒါမှမဟုတ် အခြား business mail တစ်ခုခုကို ထည့်သွင်းနိုင်ပါတယ်။ Password နေရာမှာ Apple ID မှာ အသုံးပြုမယ့် password ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Apple ID password တွေအတွက် စာလုံးအကြီးအသေး ဂဏန်းနံပါတ်အပါအဝင် စာလုံးရေအနည်းဆုံး ၈ လုံးခန့် အသုံးပြုရပါမယ်။ ပြီးရင် Verify Password နေရာမှာလည်း အရှေ့မှာ ထည့်သွင်းထားတဲ့ password ကို ထည့်သွင်းပေးရပါမယ်။ Password ထည့်သွင်းပြီးရင် Secuirty Info ဆိုတဲ့နေရာမှာ Security Question တွေကိုရွေးချယ်ပြီး အဖြေတွေကို နှစ်သက်သလို ထည့်သွင်းပေးထားနိုင်ပါတယ်။ ဒီနေရာမှာ အရေးအကြီးဆုံးက ကိုယ်ထည့်သွင်းထားတဲ့ Security Question နဲ့ အဖြေတွေကို မမေ့လျော့စေရန်အတွက် သေသေချာချာ မှတ်ထားရပါမယ်။ Apple ID လုံခြုံမှုရှိစေရန်အတွက် Apple ဟာမိမိရဲ့ password ကို အခြားသူတစ်ဦးဦးက သိရှိနေတာတောင် security question တွေရဲ့အဖြေကို မသိရှိဘူးဆိုရင် purchase ပြုလုပ်ခြင်း password reset ပြုလုပ်ခြင်းအစရှိတာတွေကို မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် security question နဲ့ အဖြေတွေကို သေသေချာချာ မှတ်ထားရပါမယ်။ Security Question ထည့်သွင်းပြီးရင် Optional Rescue Email နေရာမှာ mail တစ်ခုခုကို ထည့်သွင်းပေးပါ။ အောက်ဘက်မှာ မွေးနေ့ကိုရွေးချယ်ပြီး ထည့်သွင်းပေးရပါမယ်။ ပြီးရင် Next ကိုနှိပ်ပါ။

နောက်တစ်ဆင့်ကတော့ payment method ရွေးချယ်တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာမှာ payment ထည့်သွင်းတဲ့ Apple ID ပြုလုပ်မှာ မဟုတ်တဲ့အတွက် None ဆိုတာကို ရွေးချယ်ပေးထားပါလိမ့်မယ်။ US store ကို အသုံးပြုမှာဖြစ်တဲ့အတွက် US store လိပ်စာတွေကို သုံးစွဲဖို့လိုပါလိမ့်မယ်။ ဒါကြောင့် http://www.fakenamegenerator.com ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ Fake account တွေကို သွားရောက်ရယူနိုင်ပါတယ်။ ပြီးရင်ပုံမှာဖော်ပြထားတဲ့အတိုင်း ဖြည့်ပါ။ ဖြည့်ပြီးသွားရင် Next ကို နှိပ်ရပါမယ်။


အဆိုပါ အဆင့်တွေပြီးရင် Apple ID ကို verify လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ mail box ထဲကနေ apple ကပေးပို့လာတဲ့ မေလ်းကိုဖွင့်ပါ။ ပြီးရင် verify ဆိုတာကို နှိပ်ပြီး Apple ID မှာ အသုံးပြုထားတဲ့ password ကို တစ်ခါ ရိုက်ထည့်ပေးလိုက်တယ်ဆိုရင် Apple ID ကို မိုဘိုင်းဖုန်းပေါ်ကနေ ဖွင့်တဲ့နည်းပြီးဆုံးပြီ ဖြစ်ပါတယ်။


(၂) Zawgyi font ထည့်သွင်းပါ။
Zawgyi font ထည့်သွင်းဖို့အတွက် Safari browser ကို ဖွင့်ပါ။ Safari browser ထဲက address bar မှာ shwe.co/zawgyi ဆိုတာကို ရိုက်ထည့်ရပါမယ်။ ပြီးရင် keyboard ကနေ go ဆိုတာကို နှိပ်လိုက်ပါ။

ဒါဆိုရင် Install Profile ဆိုတဲ့နေရာမှာ ZawGyi Font ဆိုတာကိုတွေ့ရပါမယ်။ အပေါ်ဘက်နားမှာ Install ဆိုတဲ့ button ကိုတွေ့ရပါမယ်။ နှိပ်လိုက်ပါ။


ပြီးရင် Install ဆိုတာကို ထပ်နှိပ်ရပါမယ်။ ဒါဆိုရင် Zawgyi font ကို profile မှာ install လုပ်ပြီးသွားပါပြီ။ Profile မှာ ကြည့်ချင်တယ်ဆိုရင် Settings > General > Profile မှာသွားကြည့်နိုင်ပါတယ်။ ဒါဆိုရင် Zawgyi font ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။


(၃) Keyboard ထည့်သွင်းပါ။
Zawgyi font ကို ထည့်ပြီးပြီဆိုရင် မြန်မာစာတွေရိုက်ဖို့အတွက် Myanmar keyboard တစ်ခုခုကို ထည့်သွင်းဖို့ App Store ကိုဖွင့်ပါ။ ပြီးရင် Search မှာ Myanmar Keyboard ဆိုတဲ့ keyword ကိုရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Myanmar keyboard တွေကို တွေ့ရပါမယ်။ ဒီမှာတော့ TTKeyboard ဆိုတာကို ရွေးချယ်ပြီး ထည့်လိုက်ပါတယ်။ နှစ်သက်ရာကိုရွေးချယ် ထည့်သွင်းနိုင်ပါတယ်။

Keyboard ထည့်သွင်းပြီးပြီဆိုရင် အသုံးပြုနိုင်ဖို့အတွက် Settings > General > Keyboard > Keyboards ဆိုတာကို နှိပ်လိုက်ပါ။ Add New Keyboard ကိုနှိပ်ပြီး ခုနကထည့်သွင်းထားတဲ့ TTkeyboard ကိုရွေးချယ်ပေးရပါမယ်။ ပြီးရင် Zawgyi ကိုရွေးလိုက်ပါ။ ဒါဆိုရင် keyboard နေရာမှာ Zawgyi- TTKeyboard ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဆိုပါနေရာကို ထပ်မံနှိပ်ပြီး Allow Full Access ဆိုတဲ့နေရာမှာ toggle ကို enable လုပ်ပေးရပါမယ်။




-သီဟ

Credit to ==> Internet Journal

Facecook အကောင့် လုံခြုံဖို့အတွက် ဖတ်သင့်တဲ့ "Facebook ကို Hack မခံရအောင်" စာအုပ်



Facebook ဆိုတာ လူမှုကွန်ယက်တစ်ခုဖြစ်သလို၊ ပိုင်ရှင်၏ ဒိုင်ယာရီ နေ့စဉ်မှတ်တမ်းတစ်ခုပါ။ ဒါကို မသမာသူတစ်ဦးက ဟက်ပြီး အလွဲသုံးခြင်းဖြင့်၊ ကာယကံရှင်ဟာ အမုန်းခံရခြင်း၊ အရှက်ရခြင်း၊ တစ်ခါတစ်ရံ ဥပဒေနှင့်ညိစွန်းဖြေရှင်းရခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါသည်။ ယင်းသို့ မလိုလားအပ်သည်များမှ ၉၉% ရာခိုင်နှုန်း ကာကွယ်နိုင်ရန် ကိုဇာနည် ကစေနာဖြင့် ကူညီလမ်းပြထားပါသည်။







 
 

USB Pin Drive ထဲသို့ ISO ဖိုင်​လ်​အမျိုးမျိုး ထည့်​သွင်းနည်း




USB Pin Drive (သို့) Memory Card တစ်​ခုတည်းမှ Window 10, 8, 7 နှင့်​ အခြား ISO ဖိုင်​လ်​များကို All in One Bootable Disk အဖြစ်​ ဖန်​တီးပြီး Operating System (OS) အမျိုးမျိုးကို Boot Menu မှ တဆင့်​ Install ပြုလုပ်ခြင်း၊ Recover ပြုလုပ်ခြင်း ထည့်ထားသည့် ISO ဖိုင်လ်ပေါ်မူတည်ပြီး လိုအပ်သလိုဆောင်ရွက်​နိုင်​ပါတယ်​။


နည်းလမ်းက​တော့
*************

1.USB/Memory Card ကို Format ချပါ၊

2. "WinSetupFromUSB 1.8.exe" ကို Run ပါ၊


3.အပေါ်နားက "Auto format it with FBinst" ကို Check လုပ်ပါ။  (ဒီတစ်ကြိမ်ပဲ Check လုပ်ရမှာဖြစ်ပါတယ်.. နောက်ထပ် ISO ဖိုင်လ်ထည့်မယ်ဆိုရင် Check လုပ်ပေးစရာမလိုတော့ပါဘူး)


4. သက်ဆိုင်ရာ ISO အလိုက် ထည့်ပေးပြီး  GO ကို နှိပ်ပါ.. Popup Box နှစ်ခု တတ်လာရင် OK ကို နှိပ်ပေးလိုက်ပါ..။



Thursday, July 6, 2017

ဆောင်ထားသင့်သည့် Myanmar English Speaking 1.2 Apk


အသုံးများသော မြန်မာ အင်္ဂလိပ်စကားပြောများ (1000) ကျော်ကို သင်ခန်းစာအလိုက် လေ့လာသင်ယူနိုင်ပါပြီ။
ယခု Application အား မြန်မာလူမျိုးတို့ အင်္ဂလိပ်စာ အရည်အသွေး တိုတတ်ကောင်းမွန်စေလိုသောစိတ်ကူးဖြင့် " အသုံးများသည့် အင်္ဂလိပ်စကားပြောများ" စာအုပ်မှ အခက်အလက်များဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။
ဖိုင်ဆိုဒ်က 4 Mb သာရှိလို့ ဆောင်ထားသင့်ပါတယ်။
အောက်ကလင့်များမှာ ဒေါင်းယူပါ
 
 
ဝင်းလှိုင်-နည်းပညာ

facebook သုံးတဲ့သူများအတွက် -Facebook Latest Version 131.0.0.32.69 for Android


Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော70MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
ဒေါင်းလောင် ဆွဲရန်
 
 
ဝင်းလှိုင်-နည်းပညာ 
 
 

အထွက်callကိုသူများတွေခေါ်လို့မရအောင်လုပ်ပေးမဲ - Call Blocker Latest Version 1.0.85 for Android



အထွက် Call ကို ပိတ်ထားနိုင်တဲ့ App ဖြစ်ပါတယ်။ အသုံးဝင်ပုံကတော့ ..
ကိုယ့်ဖုန်းကို ခဏခဏ ငှားပြီး ဖုန်းခေါ်တဲ့သူတွေကို
ဖုန်းခေါ်လို့မရအောင် အထွက် Call ပိတ်ထားလို့ရပါတယ်။ ပိတ်တဲ့နေရာမှာ
မြန်မာလို message ရေးပြီး ဖော်ပြခိုင်းလို့ရပါတယ်။ ဥပမာ ..
“ ငွေလက်ကျန်မရှိသောကြောင့် ခေါ်ဆိုလို့မရနိုင်ပါ ”
“ NETWORK ERROR”
“ ဟေ့ကောင် .. ကျွန်တော့်ဖုန်းကနေသူများကိုခေါ်လို့မရနိုင်ပါ ”
“လူကြိမင်းကလှနေသောကြောင့်ခေါ်ဆိုလို့မရနိုင်ပါ"
..... အဲ့ဂလို message တွေကို ဖုန်းခေါ်တဲ့အခါ ဖော်ပြခိုင်းလို့ရတယ်ဗျ
သူငယ်ချင်းတွေကို နောက်လို့လဲရတယ်။ Out Call Blocker ကိုဖွင့်လိုက်ရင် Password အနေဖြင့် သုညလေးလုံး ရိုက်ကာ App ထဲကို ၀င်ရပါမယ်။
ပြီးမှ Password ကို ကိုယ်ကြိုက်တာ ပြန်ပြောင်းနိုင်တယ်။ အထွက် Call ကို
ပိတ်လိုက်ရင်တော့ ဘယ်လိုမှ ဖုန်းခေါ်လို့မရတော့ပါ။ ကိုယ်ရေးထားတဲ့ message ပဲ ပေါ်လာပါမယ်။ အတည်ပဲသုံးသုံး အပျော်ပဲသုံးသုံး ကြိုက်သလိုသာ သုံးပေတော့ .. ရော့ ..
လိုအပ်ရင်အောက်ကလင့်လေးမှာဒေါင်းပါဗျာ
 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 

♪ သင့်ဖုန်းမှာ Storage နေရာပြည့်သွားရင် အရင်ဆုံး ဖယ်ရှားရမယ့် အရာများ ♫


iOS 7 ဟာ သင့်ရဲ့ iPhone မှာ 3.1GB လောက် နေရာယူပါတယ်။ သင့်ဖုန်းမှာ ဗီဒီယို၊ ဓါတ်ပုံများနဲ့ Apps များကို ထည့်သွင်းလာတာနဲ့အမျှ ဖုန်းရဲ့ Storage ဟာ ပြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာယူထားတဲ့ အရာများကို သေချာစွာ သိထားဖို့ လိုအပ်ပါတယ်။ iPhone မှာတော့ Settings> General > Usage ထဲသွားရင် သင့်ဖုန်းမှာ နေရာ အယူဆုံး Apps များကို အစဉ်လိုက် ပြသပေးထားမှာ ဖြစ်ပါတယ်။

Android Smartphone များမှာလည်း ဒီလို Usage Menu ရှိပါတယ်။ များသောအားဖြင့် Settings သို့မဟုတ် My Device App ထဲမှာ ကြည့်နိုင်ပါတယ်။ Apps များအပြင် သင့်ဖုန်းမှာ နေရာအများဆုံး ယူထားတဲ့ အခြားအရာများ ရှိပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ Storage နေရာပြည့်သွားရင် အရင်ဆုံး ဖယ်ရှားရမယ့် အရာများကို ဖော်ပြလိုက်ပါတယ်။

၁။ ဓါတ်ပုံနဲ့ ဗီဒီယိုများ
ဗီဒီယိုဖိုင်များဟာ အရွယ်အစား ကြီးမားကြပါတယ်။ HD Video တစ်ကားရဲ့ တစ်မိနစ်စာဟာ 78MB လောက် ရှိပါတယ်။ ဗီဒီယိုများဟာ သင့်ဖုန်းမှာ အဓိက နေရာယူထားတဲ့ အရာများ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာလွတ် မရှိတော့ရင် ဗီဒီယိုများကို သင့် ကွန်ပြူတာ သို့မဟုတ် External Hard Drive များထံ ကူးပြောင်းသင့်ပါတယ်။

ခေတ်ပေါ် စမတ်ဖုန်းများဟာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများကိုလည်း ရိုက်ကူးပေးနိုင်လာပါပြီ။ ဓါတ်ပုံများရဲ့ အရည်အသွေး မြင့်မားလာလေလေ ၊ ဖိုင် အရွယ်အစား ကြီးမားလာလေလေ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာလွတ် မရှိတော့ရင် ဓါတ်ပုံများကို Cloud များမှာ သိမ်းဆည်းခြင်း၊ ကွန်ပြူတာ သို့မဟုတ် External Hard Drive များထံ ကူးပြောင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။

၂။ သီချင်းများ
MP3 တစ်ပုဒ်ဟာ 3MB လောက် နေရာယူပါတယ်။ သီချင်း အယ်လ်ဘမ် တစ်ခုဟာ 30MB ကျော် နေရာယူပါတယ်။ အဲဒီအတွက် သင့်ဖုန်းရဲ့ Storage ပြည့်သွားရင် သီချင်းများကို ဖုန်းကနေ အရင်ဆုံး ဖယ်ရှားသင့်ပါတယ်။ Spotify လို အွန်လိုင်း အခြေပြု သီချင်း ထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါတယ်။

၃။ App များ
App အများစုက နေရာ အရမ်း မယူကြပါဘူး။ ဒါပေမယ့် သင့်ဖုန်းမှာ App များစွာ ထည့်သွင်းထားရင်တော့ အသုံးမပြုတဲ့ App များကို ဖယ်ရှားသင့်ပါတယ်။ iPhone မှာ App ကို ဖိထားပြီး Uninstall လုပ်နိုင်ပါတယ်။ Android စမတ်ဖုန်းများမှာလည်း အဲဒီနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Android မှာ Widgets နဲ့ ဖိုဒါများကလည်း နေရာယူကြပါတယ်။ အဲဒီအတွက် Manage My Applications ထဲမှာ အဲဒါတွေကို ဖယ်ရှားနိုင်ပါတယ်။

၎။ Cache များကို ရှင်းလင်းပါ။

သင် ဖုန်းကို အသုံးပြုတဲ့ အချိန် ကြာလာတာနဲ့ အမျှ သတင်းအချက်အလက်များ ပိုမို ပြည့်လာမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အမှိုက်ဖိုင်များလည်း ပါဝင်ပါတယ်။ Android မှာ Manage My Applications ထဲသွားပြီး App တစ်ခုချင်းစီရဲ့ Cache ခေါ် အမှိုက်ဖိုင်များကို ရှင်းလင်းနိုင်ပါတယ်။ App အားလုံးရဲ့ Cache များကို တစ်ပြိုင်နက် ရှင်းလင်းပေးတဲ့ Cleaner App များကိုလည်း သုံးနိုင်ပါတယ်။ iPhone မှာတော့ Usage ထဲမှာ ဖျက်နိုင်တဲ့ App Data များကို ပြသပေးထားပါတယ်။

၅။ အခြားအရာများ
သင့်ဖုန်းမှာ နေရာလွတ်များ ရနိုင်မယ့် အခြားနည်းလမ်းများလည်း ရှိပါသေးတယ်။ သင့် ဘရောက်စာရဲ့ History များ၊ မလိုအပ်တော့တဲ့ Contacts များ၊ ပြီးဆုံးသွားတဲ့ Reminder များ၊ မှတ်စု အဟောင်းများ၊ SMS နဲ့ Messages အဟောင်းများကို ရှင်းလင်းခြင်းက နေရာလွတ်များ ရစေပါတယ်။


Credit to ==> DigitalTimes.com.mm
 
 
 
 

Monday, July 3, 2017

Samsung တွေ Adb Mode ကနေ FRP Lock ဖြည်နိုင်မယ့် GPTTeamFRPTool V1.0 Beta



Samsung တွေ Adb Mode ကနေ FRP Lock ဖြည်နိုင်မယ်၊ Samsung Model အားလုံး Support မပေးနိုင်ပေမယ့် တော်တော်အဆင်ပြေအောင်လုပ်ထားပါတယ်.. dll ဖိုင်တွေ အဆင်မပြေဖြစ်ခဲ့ရင် Internet ပေါ်ကနေ Download ဆွဲလိုက်ပါ.. အခြား Model များ Support မပေးပါ လို့ မူရင်း ရေးသားသူက ဖေါ်ပြထားပါတယ်...

Credit : Ahmed Hossam Anpar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download GPTTeamFRPTool V1.0 Beta.7z : 14.02 Mb

 
 
 

Google ရဲ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၄ ရက်နေ့မှာ Play Store ရဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို စောင့်ကြည့်သင့်


ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်မယ့် Google ရဲ့ အထိမ်းအမှတ်ပွဲကို သင့်အနေနဲ့ လက်လွှတ်မခံသင့်တဲ့ အကြောင်း ပြောပါရစေ။ ဘာလို့လဲဆိုတော့ အဲဒီနေမှာ Play Store ကနေ ဈေးရောင်းပွဲတော်ကြီး ကျင်းပပါလိမ့်မယ်။ အဲဒီမှာ သင့်အနေနဲ့ လက်လွှတ်လို့မရတာတွေ ရှိနေပါတယ်။

သင့်အနေနဲ့ ရုပ်ရှင်တွေကို ကြိုက်ပေမယ့် ၀ယ်ကြည့်ဖို့အတွက် အဆင်မပြေဘူးဆိုရင် မြန်မာပြည်မှာလိုပဲ ငှားကြည့် လို့ ရပါတယ်။ အဲဒါကတော့ ရုပ်ရှင်တစ်ကားမှ ၉၉ ဆင့်သာ ကျသင့်မှာဖြစ်လို့ပါပဲ။ အဲဒီအချိန်မှာ Play Store မှာ ဇာတ်ကားတွေ အားလုံးကို ငှားပေးသွားမှာပါ။ လောလောဆယ် နောက်ဆုံးထွက်ရုပ်ရှင်တွေ ဖြစ်တဲ့ Power Ranger တို့လိုတွေအပြင် Gt Out လို ရုပ်ရှင်တွေ အထိ ပါဝင်ပါတယ်။ ထို့အပြင် google ကနေလည်း တီဗီဇာတ်လမ်းတွေကို ၅၀ ရာခိုင်နှုန်းအထိ ဈေးတွေ ချပေးဦးမှာ  ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ကမ်းခြေကို ရောက်နေတယ်ဆိုရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ အကောင်းစားသီချင်း တွေကို အခမဲ့ပေးမယ့် အစီအစဉ်တွေ ရှိနေလို့ပါပဲ။ Google အနေနဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ စတင်စာရင်းသွင်းမယ့် ဖောက်သည်အသစ်တွေအတွက် အထူးအစီအစဉ်အနေနဲ့ ၄ လအထိ အခမဲ့ ရရှိနိုင်လို့ပါပဲ။ ပုံမှန်ဆိုရင် Google Music အတွက် တစ်လကို ဒေါ်လ ၁၀ လောက်အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒါအပြင် Play Store ကနေ ရောင်းအား အကောင်းဆုံး စာအုပ်တွေအပြင် အခြားနာမည်ကျော် စာအုပ်တွေ အားလုံးကို ဒေါ်လာ ၂ ဒေါ်လာနဲ့ ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

ဂိမ်းသမားတွေအတွက်ကတော့ လူသိများတဲ့ ဂိမ်းတွေအားလုံးနီးပါးကို ၈၀ ရာခိုင်နှုန်းအထိ လျော့ဈေးတွေနဲ့ ရနိုင်ပါလိမ့်မယ်။ ဥပမာ Star War : KOTOR လိုမျိုး ဂိမ်းတွေကို မူရင်းဈေး ၁၀ ဒေါ်လာလောက်ကနေ ၃ ဒေါ်လာလောက်နဲ့ ၀ယ်ယူခွင့် ရရှိနိုင်လို့ပါပဲ။ ထို့အပြင် Call of Duty: Black Ops Zombies ဂိမ်းကိုတော့ ပုံမှန်ဈေး ၇ ဒေါ်လာကနေ ၂ ဒေါ်လာသာ ပေးရမှာဖြစ်ပြီး အခြားသော နာမည်ကျော်ဂိမ်းတွေကိုလည်း ယခုလိုပဲ ဈေးနှုန်းတွေ လျော့ချပြီး ရောင်းချပေးမယ့် အစီအစဉ်တွေ ရှိနေလို့ပါပဲ။

ယခုအစီအစဉ်အတွက် ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေ အားလုံးအတွက် ပရိုမိုးရှင်းတွေကို ဇူလိုင်လ ၁၃ ရက်နေ့ အထိ ရရှိနိုင်ပြီး အခြား apps တွေ Game app , books နှင့် Music တွေအတွက်ကတော့ ဇူလိုင် ၆ ရက်နေ့အထိ ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မိုးဆက်ကို(MMA)

Credit : Myanmar Mobile App

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

ဒီနေ့ထွက် - Messenger Latest Version 124.0.0.43.69 for Android


facebook သုံးတဲ့ဘော်ဒါတို့အတွက် facebook messenger လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကိုတော့အားလုံးသူသိပြီးဖြစ်မှာပါ။ နောက်ပြီး ဒီမှာတော့ ဟိုတုန်းက version ထက် ချစ်စ၇ာ အရုပ်ကလေးများပါလာတာကိုတွေ၇ပါတယ်။ updated သုံးချင်းတဲ့ဘော်ဒါတို့အတွက် အောက်မှာဒေါင်းနိုင်ပါတယ်။ ဖိုင်းကတော့ 47MB လောက်ရှိပါတယ်။

အရုပ်ဆိုးနေသလား ဒီကောင်လေးနဲ့ ချောချော ရုပ်ကလေးလုပ်/ ရိုက်ပြီး ဟာသပုံစံတွေပါတဲ့ -Camera360 Latest Version 8.6.1 for Android


 
Android phone/Tablet အသုံးပြုပြီး ဓာတ်ပုံရိုက်လေ့ရှိသူတွေအတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေး Camera360 - Funny Stickers  v8.6.1APK ကိုတင်ပေးလိုက်ပါတယ်။Camera360 ဟာ Android phone/Tablet အသုံးပြုသူတိုင်းမစိမ်းတော့တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ Camera mode များစွာကို ပြောင်းလဲအသုံးပြုနိုင်ပြီး ရူပါ ဂွမ်းတဲ့သူတွေတောင် လန်းလာစေမယ့် ဆော့ဝဲလ်ဖြစ်ပြီး ဟာသ ပုံစံတွေနဲ့ ဖန်တီးလို့ရတဲ့ Android app ပေါ့ဗျာ။ အခုနောက်ထွက်ဗားရှင်းမှာလည်း Camera Store/Effect Store စသဖြင့် features များထပ်ပေါင်းထားတာတွေ့ရပြီးရယူလိုသူများအောက်လင့်မှာဒေါင်းနိုင်ပါတယ်။
 
 
 
 
ဝင်းလှိုင်-နည်းပညာ 
 
 
 

♪ “ iOS 11 Public Beta ဗားရှင်းရရှိနိုင်မယ့် iPad နဲ့ iPhone စာရင်းများ ” ♫


Image may contain: phone and text
ဒီတစ်ပတ်ထဲမှာပဲ သင်ဟာ iOS 11 Public Beta ကိုရယူဖို့အတွက် တွေးနေတယ်ဆိုရင်တော့ ဘယ်စမတ်ဖုန်းတွေမှာ iOS 11 Beta ဗားရှင်းရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
iOS 11 Beta ရရှိနိုင်မယ့် iPad နဲ့ iPhone အမျိုးအစားတွေကတော့
• iPad Air
• iPad Air 2
• iPad Pro
• iPad mini 2
• iPad mini 3
• iPad mini 4
• iPod touch 6th generation
• iPhone 5s
• iPhone SE
• iPhone 6/6 Plus
• iPhone 6s/6s Plus
• iPhone 7/7 Plus တို့ပဲ ဖြစ်ပါတယ်။
iOS 10 အသုံးပြုနေတဲ့ စမတ်ဖုန်းအားလုံးမှာ iOS 11 beta အသုံးပြုနိုင်မှာမဟုတ်ဘဲ
• iPhone 5
• iPhone 5c
• iPad 4 တို့မှာတော့ iOS 11 beta မရရှိနိုင်ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။
Apple ရဲ့မော်ဒယ်အဟောင်းတွေထဲမှာမှ iPhone 5s နဲ့ iPad Air ကိုတော့ ကံကောင်းစွာနဲ့ iOS 11 က ထောက်ပံ့ပေးမယ်ဆိုတဲ့ သဘောပါပဲ။
iOS 11 Beta ကို စမ်းသပ်အသုံးပြုလိုသူတွေအနေနဲ့ beta.apple.com မှာ စာရင်းသွင်းရယူနိုင်မှာ ဖြစ်ပါတယ်။

#zdnet

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal
 
 
 

♪ သင် မသိတဲ့ စမတ်ဖုန်း စွမ်းရည် ၇ ခု ♫


စမတ်ဖုန်းများကို လူတိုင်း အသုံးပြုနေကြပြီ ဖြစ်ပေမယ့် သူတို့ရဲ့ စွမ်းရည် အားလုံးကို မသိကြသေးပါဘူး။ စမတ်ဖုန်းများရဲ့ စွမ်းရည်များဟာလည်း တစ်နေ့ထက် တစ်နေ့ တိုးတက်လာကြပါတယ်။ အဲဒီအတွက် လူတွေ သိပ်မသိကြတဲ့ စမတ်ဖုန်း စွမ်းရည်များကို ဖော်ပြပေးလိုက်ပါတယ်။

Cloning Apps


Android OS မှာ App များကို ပွားသုံးလို့ရတဲ့ စွမ်းရည် ပါလာပါပြီ။ Facebook အကောင့် နှစ်ခုရှိသူများအတွက် ဒီစွမ်းဆောင်ချက်က အလွန် အသုံးဝင်ပါတယ်။ Facebook တင်မကဘဲ အခြား လူမှုကွန်ရက်များ၊ Messenger များအတွက်လည်း ဒီစွမ်းဆောင်ချက်ကို သုံးနိုင်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများက ဒီစွမ်းဆောင်ချက်ကို ဖုန်းများမှာ ထည့်သွင်းပေးထားပါတယ်။ သင့် ဖုန်းမှာ ဒီ စွမ်းဆောင်ချက် မပါရင်လည်း App Cloner Apps များကို အသုံးပြုနိုင်ပါတယ်။
သင့်ဖုန်းကို Digital Scale အဖြစ် သုံးပါ။
သင့်ဖုန်းကို ကုန်ပစ္စည်းများ၊ အစားအစာများရဲ့ အလေးချိန်ကို တွက်ချက်နိုင်တဲ့ ဒစ်ဂျစ်တယ် ကတ္တား အဖြစ် အသုံးပြုနိုင်ပါပြီ။ ဒီလို သုံးဖို့အတွက် Working Scale Free အမည်ရ App ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ App ကို အင်စတောလုပ်ပြီးရင် သင် အလေးချိန်သိတဲ့ အကြွေစေ့လို ပစ္စည်း တစ်ခုကို ဖုန်းမျက်နှာပြင်ပေါ်တင်၍ Calibrate လုပ်ပေးပါ။ ပြီးရင်တော့ ကုန်ပစ္စည်းများရဲ့ အလေးချိန်ကို ဖုန်းဖြင့် တွက်ချက်နိုင်ပါတယ်။

Download Working Scale Free
App နှစ်ခုကို ဘေးချင်းယှဉ်၍ တစ်ပြိုင်နက် သုံးပါ။

သင့်ဖုန်းမှာ E-book ဖတ်နေရင်းကနေ Dictionary ကိုလည်း ဘေးချင်းယှဉ်၍ တစ်ပြိုင်နက် သုံးနိုင်ပါပြီ။ ဒီစွမ်းဆောင်ချက်ကို ဖုန်းအားလုံးမှာ မသုံးနိုင်ပေမယ့် Samsung နဲ့ အခြားဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ Samsung Phone များမှာတော့ Multi-Window Mode လို့ အမည်ပေးထားပါတယ်။

Safe Mode ထဲသွားပါ။
သင့်ဖုန်းဟာ အလုပ်ကောင်းစွာ မလုပ်ဘဲ ကြောင်နေတယ်ဆိုရင် Safe Mode ထဲမှာ အဖြေရှာနိုင်ပါတယ်။ Safe Mode မှာ Third-Party Apps များကို ပိတ်ပင်ထားတဲ့အတွက် သင့်ဖုန်း ပြဿနာဟာ အဲဒီ App များကြောင့်လားဆိုတာ စစ်ဆေးနိုင်မှာပါ။ Safe Mode ထဲသွားဖို့အတွက် ပါဝါခလုတ်ကို ဖိထားပါ။ Menu ပေါ်လာရင် Power Off ကို ဖိထားပြီး Safe Mode ကို ရွေးပေးပါ။

Offline Maps ကို သုံးပါ။

သင့်ဖုန်းမှာ အင်တာနက် မဖွင့်ဘဲနဲ့ မြေပုံကို Offline ကြည့်နိုင်ပါပြီ။ Google Maps မှာ တည်နေရာများရဲ့ မြေပုံဒေတာများကို ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် အခြား Offline Map Apps များစွာကိုလည်း Play Store ကနေ အခမဲ့ အသုံးပြုနိုင်ပါတယ်။

ခရက်ဒစ် ကဒ် အစား ဖုန်းဖြင့် ငွေပေးချေပါ။

Android Pay , Apple Pay , Samsung Pay စတဲ့ မိုဘိုင်းဖုန်း ငွေပေးချေမှု စနစ်များ ပေါ်လာပါပြီ။ သူတို့ရဲ့ စနစ်က ခရက်ဒစ်ကဒ်များကို ဒစ်ဂျစ်တယ် နည်းဖြင့် ဖုန်းထဲကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် စတိုးဆိုင်များမှာ ဖုန်းဖြင့် ငွေပေးချေနိုင်ပါတယ်။ သင့် ခရက်ဒစ်ကဒ်ကို အိမ်မှာ ထားခဲ့နိုင်ပါပြီ။

Scanner လို သုံးပါ။

သင့် စမတ်ဖုန်းဖြင့် စာရွက်စာတမ်းများ၊ ဓါတ်ပုံများကို စကင် ပြုလုပ်နိုင်ပါပြီ။ ဒီလို သုံးဖို့အတွက် CamScanner လို App ကို အသုံးပြုနိုင်ပါတယ်။ CamScanner က ပုံနှိပ်စာရွက်စာတမ်းများကို စကင်လုပ်ပြီး PDF ဖိုင် အဖြစ် ပြောင်းပေးနိုင်ပါတယ်။

Download CamScanner
မျက်စိရှေ့မှာ တွေ့တဲ့ အရာများကို Google မှာ ရှာဖွေပါ။
Google Goggles App က သင့် မျက်စိရှေ့မှာ တွေ့တဲ့ အရာ အားလုံးကို Google မှာ ရှာပေးနိုင်ပါတယ်။ App ကနေ သင့်မျက်စိရှေ့မှ အရာကို ဓါတ်ပုံ ရိုက်လိုက်တာနဲ့ ရှာဖွေပေးမှာပါ။ အစားအစာများ၊ အိမ်သုံး ပစ္စည်းများ၊ ဓါတ်ပုံများ၊ ဘားကုဒ်များကို ရှာဖွေဖို့ အသုံးဝင်ပါတယ်။
Download Google Goggles



Credit to ==>> DigitalTimes.com.mm