Netflix , Amazon Prime တို့လို အခပေး ကြည့်ရှုရတဲ့ အွန်လိုင်း ရုပ်ရှင်
ဝန်ဆောင်မှုများ ရှိပေမယ့် ငွေ မသုံးချင်သူများအတွက်လည်း အခမဲ့ အွန်လိုင်း
ဝန်ဆောင်မှုများ ရှိပါတယ်။ အခုဖော်ပြမယ့် အခမဲ့ ၀န်ဆောင်မှုများမှာတော့
ဟောလီးဝုဒ်ရဲ့ နောက်ဆုံးထွက် ရုပ်ရှင်များကို ချက်ချင်း မကြည့်နိုင်ပေမယ့်
ရုပ်ရှင်ကားကောင်းများစွာကို အခမဲ့ ကြည့်နိုင်မှာပါ။
Crackle

Sony ရဲ့ Crackle မှာ ရုပ်ရှင်နဲ့ တီဗီရှိုး နှစ်ခုစလုံးကို ပြသပေးပါတယ်။ ဒါပေမယ့် ၀န်ဆောင်မှုမှာ ကြော်ညာများကိုတော့ ထည့်သွင်းထားပါတယ်။ အကောင့် ပြုလုပ်စရာတောင် မလိုဘဲ ကြည့်နိုင်ပါတယ်။ အကောင့် ပြုလုပ်ရင်တော့ သင်နှစ်သက်တဲ့ ရုပ်ရှင်များကို သိမ်းထားနိုင်ပြီး အကြံပြုပေးထားတဲ့ ရုပ်ရှင်များနဲ့ Device များအကြားမှာ Resume လုပ်နိုင်တဲ့ စွမ်းရည်များကို ရရှိမှာပါ။ မိုဘိုင်းပလက်ဖောင်းများ၊ ဂိမ်းစက်များနဲ့ စမတ်တီဗီများအတွက် Apps များကို ထုတ်လုပ်ပေးထားပါတယ်။
Internet Archive

Internet Archive မှာ ရုပ်ရှင် ထောင်ပေါင်းများစွာကို ပြသထားပါတယ်။ အကောင့် ပြုလုပ်စရာ မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ သင်နှစ်သက်တဲ့ ရုပ်ရှင်များကို သိမ်းထားချင်ရင် အကောင့် ပြုလုပ်ပါ။ ဘရောက်စာကနေ သူ့ရဲ့ ၀က်ဆိုက်ကို သွားရောက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ iOS မှ ဆာဖာရီ ဘရောက်စာကနေလည်း ကြည့်နိုင်ပါတယ်။
Tubi TV

Tubi TV ဟာ ရုပ်ရှင်များကို ကြည့်နိုင်တဲ့ အကြီးမားဆုံး ၀က်ဆိုက် ဖြစ်ပါတယ်။ သူ့မှာ Lionsgate, MGM , Paramount အပါအ၀င် စတူဒီယိုများစွာမှ ရုပ်ရှင်များကို ပြသထားပါတယ်။ အကောင့် ပြုလုပ်စရာ မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်ပေမယ့် သင်နှစ်သက်တဲ့ ရုပ်ရှင်များကို သိမ်းထားချင်ရင် အကောင့် ပြုလုပ်နိုင်ပါတယ်။ အကောင့် ပြုလုပ်ရင် သင်နှစ်သက်တဲ့ ရုပ်ရှင်များကို သိမ်းထားနိုင်ပြီး အကြံပြုပေးထားတဲ့ ရုပ်ရှင်များနဲ့ Device များအကြားမှာ Resume လုပ်နိုင်တဲ့ စွမ်းရည်များကို ရရှိမှာပါ။ Android , iOS , Game Consoles , Samsung TV များအတွက် App များကို ဖန်တီးပေးထားပါတယ်။
Vudu

ယခင်နှစ် အောက်တိုဘာလမှာ Walmart ရဲ့ Vudu က ရုပ်ရှင်များကို အခမဲ့ ကြည့်ရှုနိုင်တဲ့ Movies on Us ၀န်ဆောင်မှုကို ကြေညာလိုက်ပါတယ်။ အခမဲ့ ကြည့်နိုင်ပေမယ့် ကြော်ညာများ ထည့်သွင်းထားပါတယ်။ မိုဘိုင်းဖုန်းများ၊ ဂိမ်းစက်များအတွက် App များ ထုတ်လုပ်ပေးထားပါတယ်။
Yahoo View

Yahoo View မှာတော့ တီဗီရှိုးများကိုသာ ကြည့်နိုင်ပြီး ရုပ်ရှင်များ မထည့်သွင်းပေးထားပါဘူး။ အကောင့် လုပ်စရာ မလိုဘဲ ကြည့်နိုင်ပါတယ်။ ဘရောက်စာကနေသာ သူ့ကို ကြည့်ရှုနိုင်ပါတယ်။ Yahoo View Apps များ ရှိပေမယ့် Clip အတိုများကိုသာ ပြသပေးထားပါတယ်။
YouTube

YouTube မှာ ဗီဒီယို အတိုများကိုသာ ကြည့်နိုင်တယ်လို့ ထင်နေကြပေမယ့် ရုပ်ရှင်ကား အရှည်များစွာ ရှိပါတယ်။ သက်တမ်းကြာရှည်သွားတဲ့ ရုပ်ရှင်များရဲ့ မူပိုင်ခွင့်ဟာ Expire ဖြစ်သွားပြီး အဲဒီ ရုပ်ရှင်များစွာ YouTube မှာ ရှိနေပါတယ်။ YouTube ကို ဘရောက်စာနဲ့ Mobile Apps များကနေ ကြည့်နိုင်ပါတယ်။

No comments:
Post a Comment