Thursday, July 13, 2017

♪ Memory Stick ဖြင့် ပြုလုပ်နိုင်တဲ့ အရာ (၇) ခု ♫


ဒီနေ့ ကွန်ပြူတာ ခေတ်ကြီးမှာ ဒေတာများ ကူးပြောင်းဖို့အတွက် Memory Stick or USB Flash Drive or External Hard Disk များက အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် Memory Stick များ ပြုလုပ်နိုင်တဲ့ အခြား အရာများစွာ ရှိပါသေးတယ်။

၁။ Portable Apps များကို Run ပါ။
အများသုံး ကွန်ပြူတာများမှာ သင် အသုံးပြုနေကျ Apps များ မရှိလို့ စိတ်ညစ်နေရရင်တော့ Portable Apps များကို Memory Stick မှာ ထည့်သွားနိုင်ပါတယ်။ Stick ကို ကွန်ပြူတာမှာ စိုက်လိုက်တာနဲ့ သင် သုံးနေကျ Apps များကို သုံးနိုင်ပါပြီ။ အဲဒီ Apps များကို Portableapps.com မှာ ရယူနိုင်ပါတယ်။

၂။ Rescue Disk လို သုံးပါ။
အင်တာနက် ကနေ Virus , Malware များ သင့် ကွန်ပြူတာထံ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဗိုင်းရက်စ် ကူးစက်ခံရလို့ သင့် ကွန်ပြူတာကို ဖွင့်လို့ မရတော့ရင် Memory Stick ကို Rescue Disk အဖြစ် အသုံးပြုပြီး သင့်ရဲ့ ၀င်းဒိုးကို ပြန်လည် အသုံးပြုလို့ရအောင် ပြုလုပ်နိုင်ပါတယ်။

၃။ RAM ကို အားဖြည့်ပါ။

ကွန်ပြူတာများမှာ RAM ပမာဏဟာ အလွန် အရေးကြီးပါတယ်။ RAM ပမာဏများရင် ကွန်ပြူတာဟာ ပိုမို မြန်ဆန်ပါတယ်။ Windows 7,8 နဲ့ 10 မှာ Memory Stick ကို အပို RAM အဖြစ် အသုံးပြုနိုင်ပါတယ်။

၎။ သင့်ကွန်ပြူတာကို Lock / Unlock လုပ်ပါ။
သင့် ၀င်းဒိုး ကွန်ပြူတာကို Login ၀င်ဖို့အတွက် Password များကို ရိုက်ထည့်ရပါတယ်။ ဒီလို Password များ ရိုက်ထည့်ရတာ အလုပ်ရှုပ်ရင်တော့ သင့် Memory Stick ကို ကွန်ပြူတာမှာ စိုက်လိုက်တာနဲ့ အလိုအလျှောက် Login ၀င်အောင် ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Predator လို ဆော့ဖ်ဝဲကို အသုံးပြုနိုင်ပါတယ်။

၅။ Hard Drive များကို Partition ခွဲပါ။
သင့် ကွန်ပြူတာ Hard Drive ကို လွယ်ကူစွာ Partition ခွဲပေးနိုင်တဲ့ ဆော့ဖ်ဝဲများစွာ ရှိပါတယ်။ အဲဒီအထဲက နာမည်ကြီးတစ်ခုက Parted Magic ဖြစ်ပါတယ်။ သူက Memory Stick ကနေ Boot တက်တဲ့အတွက် Partition ခွဲစဉ်မှာ Hard Drive မှ ဒေတာများကို ပျက်ဆီးစေတဲ့ ရာခိုင်နှုန်းကို လျှော့ချပေးပါတယ်။

၆။ ကွန်ပြူတာ ပြဿနာကို အဖြေရှာပါ။
သင့် ကွန်ပြူတာကို Boot တက်လို့ မရတော့ရင် ပြဿနာကို အဖြေရှာဖို့ Memory Stick ကို အသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ Registy များကို ရှင်းလင်းပေးခြင်း၊ Temporary Files များကို ဖယ်ရှားပေးခြင်းနဲ့ Startup Programs များကို စီမံခန့်ခွဲခြင်းများ ပြုလုပ်နိုင်တဲ့ Trend Micro’s Housecall နဲ့ Glary Utilities တို့ကို သုံးနိုင်ပါတယ်။

၇။ သင့် Memory Stick ကို Password ဖြင့် ကာကွယ်ပါ။
သင့် Memory Stick မှ ဒေတာများကို အခြား လူများက အလွယ်တကူ ခိုးယူသွားနိုင်ပါတယ်။ အဲဒီလို ဖြစ်မှာကို စိုးရိမ်ရင်တော့ သင့် Memory Stick ကို Password ဖြင့် ကာကွယ်ထားနိုင်ပါတယ်။ ဒီလို ကာကွယ်ဖို့အတွက် Wondershare USB Drive Encryption နဲ့ DiskCryptor တို့လို ဆော့ဖ်ဝဲများကို သုံးနိုင်ပါတယ်။



Credit to ==> Digital Times

No comments:

Post a Comment