Sunday, July 9, 2017

♪ iPhone တစ်လုံးကို Setup လုပ်ပြီးတဲ့အခါမှာ ပြုလုပ်ရမယ့် အချက်များ ♫


iPhone အသစ်တစ်လုံးကို setup လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဖုန်းကို firmware ပြန်တင်ထားပြီးတဲ့ အခါမှာပဲဖြစ်ဖြစ် ပြုလုပ်ရမယ့် နည်းလမ်းအချို့ ဖြစ်ပါတယ်။ iPhone တစ်လုံးကို အသစ်ဝယ်ပြီးတဲ့အခါ သုံးစွဲသူတွေအတွက် သုံးစွဲသူတွေအတွက် လိုအပ်မယ့် Apple ID ပြုလုပ်ခြင်း font ထည့်သွင်းခြင်း Keyboard တွေ ထည့်သွင်း ခြင်းအစရှိတာတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် iPhone တစ်လုံးကို setup လုပ်ပြီးတဲ့အခါမှာ သုံးစွဲသူတွေ ကိုယ်တိုင်ကိုယ်ကျ ဖုန်းကို စတင်သုံးစွဲနိုင်တဲ့ အဆင့်အထိ အောက်ပါ နည်းလမ်း တွေအတိုင်း ပြုလုပ်နိုင်ပါတယ်။

(၁) Apple ID ပြုလုပ်ပါ။
iPhone တစ်လုံးကို သုံးစွဲပြီဆိုရင် Device ရဲ့အချက်အလက်တွေကို လုံခြုံစိတ်ချစွာ သုံးစွဲနိုင်စေဖို့နဲ့ app တွေ game တွေကို download ပြုလုပ်ဖို့အတွက် Apple ID တစ်ခု ဖန်တီးထားရမှာဖြစ်ပါတယ်။ Apple ID ကို ဖန်တီးချင်သူတွေ အနေနဲ့ ဖော်ပြပါနည်းလမ်းတွေအတိုင်း ဖန်တီးနိုင်ပါတယ်။ Apple ID ကို iPhone ပေါ်ကနေ ဖန်တီးနိုင်သလို ကွန်ပျူတာပေါ်ကနေ iTunes software ကို အသုံးပြုပြီးတော့လည်း ဖန်တီးနိုင်ပါတယ်။

iPhone ပေါ်ကနေ ဖန်တီးနည်းနဲ့ ကွန်ပျူတာပေါ်က ဖန်တီးနည်းဟာ သိပ်ကွာခြားမှုမရှိပါဘူး။ iPhone ပေါ်ကနေ ဖန်တီးမယ်ဆိုရင် App Store icon ကိုနှိပ်လိုက်ပါ။

ပြီးရင် Free app တစ်ခုကို နှိပ်လိုက်ပါ။ Get ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Install ကို ထပ်နှိပ်ပါ။ ဒါဆိုရင် အဆိုပါ app ကို ထည့်သွင်းဖို့အတွက် Apple ID Sign In လုပ်ရမယ့်နေရာပေါ်လာပါလိမ့်မယ်။ အသစ်ဖန်တီးမှာ ဖြစ်တဲ့အတွက် Create New Apple ID ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် Country တစ်ခုကိုရွေးရပါမယ်။ US store ကို အသုံးပြုချင်တယ်ဆိုရင် United States ဆိုတာကို ရွေးလိုက်ပါ။ ပြီးရင် Next ကို နှိပ်ရပါမယ်။

Apple ရဲ့ Terms and Conditions တွေနေရာရောက်ရင် Agreed ဆိုတာကို နှိပ်လိုက်ပါ။


ဒီအဆင့်ကတော့ Apple ID လုပ်ဖို့အတွက် email ထည့်သွင်းရမယ့် အပိုင်းဖြစ်ပါတယ်။ Email ဆိုတဲ့နေရာမှာ ကိုယ်လက်ရှိသုံးနေတဲ့ Gmail, Hotmail ဒါမှမဟုတ် အခြား business mail တစ်ခုခုကို ထည့်သွင်းနိုင်ပါတယ်။ Password နေရာမှာ Apple ID မှာ အသုံးပြုမယ့် password ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Apple ID password တွေအတွက် စာလုံးအကြီးအသေး ဂဏန်းနံပါတ်အပါအဝင် စာလုံးရေအနည်းဆုံး ၈ လုံးခန့် အသုံးပြုရပါမယ်။ ပြီးရင် Verify Password နေရာမှာလည်း အရှေ့မှာ ထည့်သွင်းထားတဲ့ password ကို ထည့်သွင်းပေးရပါမယ်။ Password ထည့်သွင်းပြီးရင် Secuirty Info ဆိုတဲ့နေရာမှာ Security Question တွေကိုရွေးချယ်ပြီး အဖြေတွေကို နှစ်သက်သလို ထည့်သွင်းပေးထားနိုင်ပါတယ်။ ဒီနေရာမှာ အရေးအကြီးဆုံးက ကိုယ်ထည့်သွင်းထားတဲ့ Security Question နဲ့ အဖြေတွေကို မမေ့လျော့စေရန်အတွက် သေသေချာချာ မှတ်ထားရပါမယ်။ Apple ID လုံခြုံမှုရှိစေရန်အတွက် Apple ဟာမိမိရဲ့ password ကို အခြားသူတစ်ဦးဦးက သိရှိနေတာတောင် security question တွေရဲ့အဖြေကို မသိရှိဘူးဆိုရင် purchase ပြုလုပ်ခြင်း password reset ပြုလုပ်ခြင်းအစရှိတာတွေကို မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် security question နဲ့ အဖြေတွေကို သေသေချာချာ မှတ်ထားရပါမယ်။ Security Question ထည့်သွင်းပြီးရင် Optional Rescue Email နေရာမှာ mail တစ်ခုခုကို ထည့်သွင်းပေးပါ။ အောက်ဘက်မှာ မွေးနေ့ကိုရွေးချယ်ပြီး ထည့်သွင်းပေးရပါမယ်။ ပြီးရင် Next ကိုနှိပ်ပါ။

နောက်တစ်ဆင့်ကတော့ payment method ရွေးချယ်တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာမှာ payment ထည့်သွင်းတဲ့ Apple ID ပြုလုပ်မှာ မဟုတ်တဲ့အတွက် None ဆိုတာကို ရွေးချယ်ပေးထားပါလိမ့်မယ်။ US store ကို အသုံးပြုမှာဖြစ်တဲ့အတွက် US store လိပ်စာတွေကို သုံးစွဲဖို့လိုပါလိမ့်မယ်။ ဒါကြောင့် http://www.fakenamegenerator.com ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ Fake account တွေကို သွားရောက်ရယူနိုင်ပါတယ်။ ပြီးရင်ပုံမှာဖော်ပြထားတဲ့အတိုင်း ဖြည့်ပါ။ ဖြည့်ပြီးသွားရင် Next ကို နှိပ်ရပါမယ်။


အဆိုပါ အဆင့်တွေပြီးရင် Apple ID ကို verify လုပ်ရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ mail box ထဲကနေ apple ကပေးပို့လာတဲ့ မေလ်းကိုဖွင့်ပါ။ ပြီးရင် verify ဆိုတာကို နှိပ်ပြီး Apple ID မှာ အသုံးပြုထားတဲ့ password ကို တစ်ခါ ရိုက်ထည့်ပေးလိုက်တယ်ဆိုရင် Apple ID ကို မိုဘိုင်းဖုန်းပေါ်ကနေ ဖွင့်တဲ့နည်းပြီးဆုံးပြီ ဖြစ်ပါတယ်။


(၂) Zawgyi font ထည့်သွင်းပါ။
Zawgyi font ထည့်သွင်းဖို့အတွက် Safari browser ကို ဖွင့်ပါ။ Safari browser ထဲက address bar မှာ shwe.co/zawgyi ဆိုတာကို ရိုက်ထည့်ရပါမယ်။ ပြီးရင် keyboard ကနေ go ဆိုတာကို နှိပ်လိုက်ပါ။

ဒါဆိုရင် Install Profile ဆိုတဲ့နေရာမှာ ZawGyi Font ဆိုတာကိုတွေ့ရပါမယ်။ အပေါ်ဘက်နားမှာ Install ဆိုတဲ့ button ကိုတွေ့ရပါမယ်။ နှိပ်လိုက်ပါ။


ပြီးရင် Install ဆိုတာကို ထပ်နှိပ်ရပါမယ်။ ဒါဆိုရင် Zawgyi font ကို profile မှာ install လုပ်ပြီးသွားပါပြီ။ Profile မှာ ကြည့်ချင်တယ်ဆိုရင် Settings > General > Profile မှာသွားကြည့်နိုင်ပါတယ်။ ဒါဆိုရင် Zawgyi font ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။


(၃) Keyboard ထည့်သွင်းပါ။
Zawgyi font ကို ထည့်ပြီးပြီဆိုရင် မြန်မာစာတွေရိုက်ဖို့အတွက် Myanmar keyboard တစ်ခုခုကို ထည့်သွင်းဖို့ App Store ကိုဖွင့်ပါ။ ပြီးရင် Search မှာ Myanmar Keyboard ဆိုတဲ့ keyword ကိုရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Myanmar keyboard တွေကို တွေ့ရပါမယ်။ ဒီမှာတော့ TTKeyboard ဆိုတာကို ရွေးချယ်ပြီး ထည့်လိုက်ပါတယ်။ နှစ်သက်ရာကိုရွေးချယ် ထည့်သွင်းနိုင်ပါတယ်။

Keyboard ထည့်သွင်းပြီးပြီဆိုရင် အသုံးပြုနိုင်ဖို့အတွက် Settings > General > Keyboard > Keyboards ဆိုတာကို နှိပ်လိုက်ပါ။ Add New Keyboard ကိုနှိပ်ပြီး ခုနကထည့်သွင်းထားတဲ့ TTkeyboard ကိုရွေးချယ်ပေးရပါမယ်။ ပြီးရင် Zawgyi ကိုရွေးလိုက်ပါ။ ဒါဆိုရင် keyboard နေရာမှာ Zawgyi- TTKeyboard ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဆိုပါနေရာကို ထပ်မံနှိပ်ပြီး Allow Full Access ဆိုတဲ့နေရာမှာ toggle ကို enable လုပ်ပေးရပါမယ်။




-သီဟ

Credit to ==> Internet Journal

No comments:

Post a Comment