Sunday, July 9, 2017

♪ iPhone ကနေ Android ထံသို့ Contacts များ ကူးပြောင်းနည်း ♫


အရင်တုန်းကတော့ မိုဘိုင်း ပလက်ဖောင်းတစ်ခုကနေ အခြား တစ်ခုသို့ Contacts များ ကူးပြောင်းချင်ရင် အမည်၊ ဖုန်းနံပါတ်နဲ့ အခြား သတင်းအချက်အလက်များကို ကိုယ်တိုင် ရိုက်ထည့်ရပါတယ်။ အခုခေတ် စမတ်ဖုန်းများကတော့ အဲဒီ အလုပ်များကို ကျွန်တော်တို့ ကိုယ်စား လုပ်ပေးနိုင်လာကြပါပြီ။ iPhone ကနေ Android ပြောင်းကိုင်တဲ့ လူများအတွက် Contacts ကူးပြောင်းနည်းများစွာ ရှိတဲ့အထဲက အလွယ်ကူဆုံး နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ရဲ့ Google အကောင့်နဲ့ Contacts များကို Sync လုပ်ပါ။


Android သုံးမယ်ဆိုရင်တော့ Google အကောင့် တစ်ခု ရှိရမှာပါ။ အကောင့် လုပ်ပြီးရင် သင့်ရဲ့ iPhone Settings ထဲက Mail, Contacts , Calendars ထဲသွားပါ။ အဲဒီမှာ သင့် Google အကောင့်ကို ထည့်ရမှာပါ။ Add Account ကို နှိပ်ပြီး Gmail ကို ရွေးပေးပါ။

ဒါဆိုရင် iPhone က Sync လုပ်ချင်တဲ့ Google အကောင့်မှ ဒေတာများကို ရွေးချယ်ခိုင်းမှာပါ။ Contacts ကို ရွေးချယ်ပေးပါ။ Android မှာလည်း Google အကောင့် ထည့်ပေးပြီး Contact ကို Sync လုပ်ပါ။ ပြီးရင်တော့ မိနစ်ပိုင်းအတွင်းမှာ သင့် iPhone မှ Contacts များ Android ထဲ ရောက်လာပါပြီ။

၂။ iCloud ဖြင့် ကူးပြောင်းပါ။
သင့် iPhone မှာ iCloud ကို Enable လုပ်ထားရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ iPhone Settings> Mail, Contacts, Calendars ထဲသွားပြီး iCloud အကောင့်ကို ရွေးပေးပါ။ Contacts ကို On လုပ်ပေးပါ။ iPhone က iCloud နဲ့ iPhone မှ Contacts များကို Merge လုပ်မလားမေးမှာပါ။

Merge လုပ်ပြီးရင် သင့် ကွန်ပြူတာ ၀က်ဘရောက်စာကနေ icloud.com ကို သွားပါ။ သင့်ရဲ့ Apple ID ဖြင့် Login ၀င်ပါ။ ပြီးရင် Contacts ကို ရွေးပေးပါ။ ဘယ်ဘက်အောက်ထောင့်မှ Gear Icon ကို နှိပ်ပြီး Select All ကို ရွေးပေးပါ။ Gear Icon ကို ထပ်နှိပ်ပြီး Export vCard ကို နှိပ်ပါ။

ပြီးရင် Gmail.com ကို သွားပြီး Mail Button ကို နှိပ်ပါ။ Contacts ကို ရွေးပေးပါ။ More Tab ကို နှိပ်ပြီး Import>Choose File ကို နှိပ်ပါ။ ပြီးရင် vCard File ကို ရွေးပေးပါ။ ပြီးရင်တော့ သင့်ရဲ့ Android မှာ သင့် Google အကောင့်ကို ထည့်လိုက်တာနဲ့ iPhone မှ Contacts များ Android ထဲကို ရောက်လာမှာပါ။

၃။ iTunes ဖြင့် ကူးပြောင်းပါ။


သင့် ကွန်ပြူတာနဲ့ iPhone ကို ချိတ်ဆက်ပါ။ iTunes ကို ဖွင့်ပြီး ညာဘက်အပေါ်ထိပ်မှ iPhone ကို ရွေးချယ်ပါ။ Info Tab ထဲသွားပြီး Sync Contacts ကို အမှန်ခြစ်ပါ။ Dropdown Menu ကနေ Google Contacts ကို ရွေးပေးပါ။ ပြီးရင် Google အကောင့်ကို ထည့်ပေးပါ။ iPhone နဲ့ iTunes အကြားမှာ ဒေတာများ ကူးပြောင်းပြီးတာနဲ့ သင့် Android မှာ iPhone မှ Contacts များ ရောက်လာမှာပါ။



Credit to ==> DigitalTimes.com.mm

No comments:

Post a Comment