Monday, July 3, 2017

Google ရဲ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၄ ရက်နေ့မှာ Play Store ရဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို စောင့်ကြည့်သင့်


ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်မယ့် Google ရဲ့ အထိမ်းအမှတ်ပွဲကို သင့်အနေနဲ့ လက်လွှတ်မခံသင့်တဲ့ အကြောင်း ပြောပါရစေ။ ဘာလို့လဲဆိုတော့ အဲဒီနေမှာ Play Store ကနေ ဈေးရောင်းပွဲတော်ကြီး ကျင်းပပါလိမ့်မယ်။ အဲဒီမှာ သင့်အနေနဲ့ လက်လွှတ်လို့မရတာတွေ ရှိနေပါတယ်။

သင့်အနေနဲ့ ရုပ်ရှင်တွေကို ကြိုက်ပေမယ့် ၀ယ်ကြည့်ဖို့အတွက် အဆင်မပြေဘူးဆိုရင် မြန်မာပြည်မှာလိုပဲ ငှားကြည့် လို့ ရပါတယ်။ အဲဒါကတော့ ရုပ်ရှင်တစ်ကားမှ ၉၉ ဆင့်သာ ကျသင့်မှာဖြစ်လို့ပါပဲ။ အဲဒီအချိန်မှာ Play Store မှာ ဇာတ်ကားတွေ အားလုံးကို ငှားပေးသွားမှာပါ။ လောလောဆယ် နောက်ဆုံးထွက်ရုပ်ရှင်တွေ ဖြစ်တဲ့ Power Ranger တို့လိုတွေအပြင် Gt Out လို ရုပ်ရှင်တွေ အထိ ပါဝင်ပါတယ်။ ထို့အပြင် google ကနေလည်း တီဗီဇာတ်လမ်းတွေကို ၅၀ ရာခိုင်နှုန်းအထိ ဈေးတွေ ချပေးဦးမှာ  ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ကမ်းခြေကို ရောက်နေတယ်ဆိုရင်လည်း စိတ်ပျက်စရာမလိုပါဘူး။ အကောင်းစားသီချင်း တွေကို အခမဲ့ပေးမယ့် အစီအစဉ်တွေ ရှိနေလို့ပါပဲ။ Google အနေနဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ စတင်စာရင်းသွင်းမယ့် ဖောက်သည်အသစ်တွေအတွက် အထူးအစီအစဉ်အနေနဲ့ ၄ လအထိ အခမဲ့ ရရှိနိုင်လို့ပါပဲ။ ပုံမှန်ဆိုရင် Google Music အတွက် တစ်လကို ဒေါ်လ ၁၀ လောက်အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒါအပြင် Play Store ကနေ ရောင်းအား အကောင်းဆုံး စာအုပ်တွေအပြင် အခြားနာမည်ကျော် စာအုပ်တွေ အားလုံးကို ဒေါ်လာ ၂ ဒေါ်လာနဲ့ ရနိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

ဂိမ်းသမားတွေအတွက်ကတော့ လူသိများတဲ့ ဂိမ်းတွေအားလုံးနီးပါးကို ၈၀ ရာခိုင်နှုန်းအထိ လျော့ဈေးတွေနဲ့ ရနိုင်ပါလိမ့်မယ်။ ဥပမာ Star War : KOTOR လိုမျိုး ဂိမ်းတွေကို မူရင်းဈေး ၁၀ ဒေါ်လာလောက်ကနေ ၃ ဒေါ်လာလောက်နဲ့ ၀ယ်ယူခွင့် ရရှိနိုင်လို့ပါပဲ။ ထို့အပြင် Call of Duty: Black Ops Zombies ဂိမ်းကိုတော့ ပုံမှန်ဈေး ၇ ဒေါ်လာကနေ ၂ ဒေါ်လာသာ ပေးရမှာဖြစ်ပြီး အခြားသော နာမည်ကျော်ဂိမ်းတွေကိုလည်း ယခုလိုပဲ ဈေးနှုန်းတွေ လျော့ချပြီး ရောင်းချပေးမယ့် အစီအစဉ်တွေ ရှိနေလို့ပါပဲ။

ယခုအစီအစဉ်အတွက် ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေ အားလုံးအတွက် ပရိုမိုးရှင်းတွေကို ဇူလိုင်လ ၁၃ ရက်နေ့ အထိ ရရှိနိုင်ပြီး အခြား apps တွေ Game app , books နှင့် Music တွေအတွက်ကတော့ ဇူလိုင် ၆ ရက်နေ့အထိ ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မိုးဆက်ကို(MMA)

Credit : Myanmar Mobile App

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

No comments:

Post a Comment