Tuesday, January 10, 2017

အွန်လိုင်းမလိုဘဲ ရှာဖွေမှုနဲ့ လမ်းညွှန်စနစ်တွေကို Google Maps မှာ offline အသုံးပြုနိုင်ပြီ


Google Maps ဆိုတာ တကယ့်ကိုအသုံးဝင်ဆုံး app တစ်ခုဖြစ်ပြီး ယခုအခါ Google ဟာ Android Maps app ကို အဆင့်မြှင့်တင်မှုပြုလုပ်လိုက်ပြီ ဖြစ်တာကြောင့် အင်တာနက်နဲ့ မချိတ်ဆက်ထားတဲ့ အချိန်မှာလည်း လမ်းညွှန်မှုတွေ ရရှိနိုင်ပြီဖြစ်ပါတယ်။
အင်တာနက်ဒေတာသုံးစွဲမှု ဈေးကြီးတဲ့ ဖွံ့ ဖြိုးဆဲဈေးကွက်တွေမှာနေထိုင်သူတွေနဲ့ မိမိသုံးစွဲတဲ့ sim card နက်ဝပ်ခ်မရောက်ရှိတဲ့နေရာတွေကို အလည်အပတ်သွားတဲ့ တိုးရစ်ခရီးသည်တွေအနေနဲ့ ဒီ upgrade က အသုံးတည့်ဆုံးဖြစ်မှာပါ။ ဒါပေမယ့် ကျွမ်းကျင်သူတစ်ဦးရဲ့သုံးသပ်ချက်အရ တန်ဖိုးနည်းဖုန်းအသုံးပြုသူတွေအနေနဲ့ တော့ ဖုန်းရဲ့ data storage ပမာဏကို Google Maps ရဲ့ ဒေတာတွေ ဆန့် အောင် ဖြစ်ညှစ်ကြံဆ ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အနိမ့်စား Android စမတ်ဖုန်းတွေဟာ onboard ပါတဲ့ storage အနေနဲ့ အများအားဖြင့် 4 Gb လောက်သာ ပါတတ်တာကြောင့် တစ်ချို့ application တွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ ထည့်ထားမယ်ဆိုရင် memory က ဘာမှကျန်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Google Maps က ဖိုင်ဆိုက်ကြီးတဲ့ဒေတာတွေကို ဆွဲဖို့ အတွက် အခက်အခဲရှိနိုင်မှာဖြစ်ပေမယ့် ဒီ update ရဲ့ ကောင်းကွက်တွေတစ်ပုံကြီးနဲ့ ယှဉ်မယ်ဆိုရင်တော့ ဒီ ပြဿနာလေးက မပြောပြလောက်ဘူးလို့ သုံးသပ်ထားပါတယ်။
Greater London ဧရိယာတစ်ခုလုံးရဲ့ မြေပုံကို ဒေါင်းလုဒ်ဆွဲမယ်ဆိုရင် ၃၈၀ megabytes လောက် ရှိမှာ ဖြစ်ပြီး San Francisco Bay ဧရိယာတစ်ခုလုံးကို ဖုန်းထဲထည့်ထားဖို့ အတွက် ၂၀၀ MB လောက် ကုန်မှာဖြစ်ပါတယ်။iOS ဖုန်း၊တက်ဘလက်တွေအတွက်လည်း update အသစ်ကို သိပ်မကြာခင်မှာ ထွက်ရှိပေးသွားမှာဖြစ်ပေမယ့် နှစ်မကုန်ခင်ထွက်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။
Ref: trend.com.mm
 
 

No comments:

Post a Comment