Wednesday, June 7, 2017

♪ " Google က အလုံခြုံဆုံး Android ဖုန်းနဲ့စက်ပစ္စည်း 100 စာရင်းကို ကြေညာ " ♫


Image may contain: phone
Google က အလုံခြုံဆုံး Android ဖုန်းနဲ့စက်ပစ္စည်း 100 စာရင်းကို 2017 ဇွန်လ 2 ရက်နေ့က ကြေညာခဲ့ ပါတယ်။ အန်းဒရိုက်စမတ်ဖုန်းနဲ့တခြားစက်ပစ္စည်းတွေပေါ်မှာ အန္တရယ်ရှိတဲ့ ဗိုင်းရပ်စ် တိုက်ခိုက်မှုတွေက အဓိကသော့ချက်ပဲလို့ ဆိုပါတယ်။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ Google က အန်းဒရိုက် စမတ်ဖုန်းကုမ္ပဏီ နဲ့ပူးပေါင်းပြီး လစဉ် security update ပြုလုပ်ခြင်းကနေတစ်ဆင့် ဒီစက်ပစ္စည်းတွေအပေါ်မှာ လုံခြုံမှု ရှိမရှိကို ဆက်တိုက် စစ်ဆေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက လွန်ခဲ့တဲ့ရက် 90 အတွင်း security update ပြုလုပ်ထားပြီး သူတို့အသုံးချနေတဲ့ စက်ပစ္စည်း မော်ဒယ် 100 ကျော်ရဲ့ စာရင်းကို ကြေညာခဲ့ပါတယ်။

Google ရဲ့အလုံခြုံဆုံး စက်ပစ္စည်း စာရင်းထဲမှာ အန်းဒရိုက် စမတ်ဖုန်းတွေနဲ့တက်ဘလက်တွေကို အများဆုံးတွေ့ရပြီိး အိန္ဒိယမှာ မိတ်ဆက်ရောင်းချခဲ့တာတွေက အများဆုံး ပါဝင်တယ်လို့လည်း ကြေညာ ခဲ့ပါသေးတယ်။ Google ပစ္စည်း 5 မျိုးကို စာရင်းထဲမှာ တွေ့ရပြီး Google Pixel ၊ Pixel XL ၊ Nexus 6P ၊ Nexus 6၊ Nexus 5X ၊ Nexus 9 တို့ပဲ ဖြစ်ပါတယ်။

Samsung က ဒီစာရင်းထဲမှာ အမြင့်ဆုံး စမတ်ဖုန်းတွေဖြစ်ပြီး Samsung ရဲ့ Galaxy S8+ ၊Galaxy S8 ၊ Galaxy S7 ၊ Galaxy S7 Edge ၊ Galaxy S7 Active ၊ Galaxy S6 Active ၊ Galaxy S5 Dual SIM ၊ Galaxy C9 Pro ၊ Galaxy C7 ၊ Galaxy J7 ၊ Galaxy On7 Pro ၊ Galaxy J2 ၊ Galaxy A8 ၊ Galaxy Tab S2 9.7 တို့က စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

တရုတ်အမှတ်တံဆိပ် စမတ်ဖုန်း Gionee A1 ကလည်းက ဂူဂဲလ်ရဲ့စာရင်းထဲမှာ ပါတဲ့ စမတ်ဖုန်းတစ်ခုပါပဲ ။
Gionee A1 ကို MWC (Mobile World Congress) 2017 မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီစမတ်ဖုန်းကို အိန္ဒိယမှာ ရူပီး 19999 နဲ့ မတ်လတုန်းက စတင်ရောင်းချခဲ့တာဖြစ်ပါတယ်

LG အမျိုးအစားထဲမှာတော့ ကုမ္ပဏီရဲ့နောက်ဆုံးထွက် flagship စမတ်ဖုန်းဖြစ်တဲ့ LG G6 ၊ V20 ၊ Stylo V2 တို့ ပါဝင်ခဲ့ပြီး LG GPAD 7.0 LTE တက်ဘလက်လည်း ဂူဂဲလ်ရဲ့ secure list ထဲမှာ ပါဝင်ခဲ့ပါတယ်။

Lenovo က ထုတ်တဲ့ Motorola အမျိုးအစားစမတ်ဖုန်း နှစ်မျိုးဖြစ်တဲ့ Moto Z နဲ့ Moto Z Droid တို့ကလည်း Google ရဲ့ List မှာ ပါဝင်ခဲ့ပြီး မနှစ်က မိတ်ဆက်ခဲ့တဲ့ Lenovo Phab 2 Pro ကတော့ ဒီ list ထဲမှာ မပါဝင်ခဲ့ပါဘူး။

မနှစ်ကထုတ်လုပ်ခဲ့တဲ့ Sony Xperia X ကလည်း ဂူဂဲလ်ရဲ့ list မှာ ပါဝင်ခဲ့ပြီး ဒီနှစ် ဧပြီလမှာ ရူပီး 199990 နဲ့မိတ်ဆက်ခဲ့တဲ့ Sony Xperia XA1 လည်း ပါဝင်ခဲ့ပါတယ်။ 

ဒါ့အပြင်တရုတ်ကထုတ်လုပ်တဲ့ Vivo စမတ်ဖုန်း 3 မျိုးဖြစ်တဲ့ Vivo 1609 ၊ Vivo 1601 ၊ Vivo Y55 တို့ကလည်း ဂူဂဲလ်ရဲ့ List ထဲမှာ ပါဝင်ခဲ့ကြပါတယ်။ သို့သော်လည်း ဒီစမတ်ဖုန်းတွေကတော့ အိန္ဒိယမှာ မည်သူကမှ မိတ်ဆက်ရောင်းချခြဲ့ခင်းမရှိပါဘူး။

Google ရဲ့ secure list မှာတော့ ဖုန်းအားလုံးဟာ အိန္ဒိယမှာ မိတ်ဆက်ရောင်းချခဲ့ပြီးသားလို့ ဆိုထားပါတယ်။
OPPO စမတ်ဖုန်းတွေဖြစ်တဲ့ CPH1613 ၊ CPH1605 တို့ကလည်း Google ရဲ့ list ထဲမှာ ပါဝင်ခဲ့ကြပါတယ်။
ကနေဒါထုတ် Blackberry ရဲ့ ပထမဆုံး အန်းဒရိုက်စမတ်ဖုန်း Priv ကလည်း Google ရဲ့ list ထဲမှာ ပါဝင်ခဲ့ပြီး ဒီစမတ်ဖုန်းကို မနှစ်က ဇန်နဝါရီလမှာ ရူပီး 62990 နဲ့ အိန္ဒိယမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Blackberry Priv ရဲ့ Display က 5.4 လက်မ ရှိပြီး 1.8 GHz hexa-core Qualcomm Snapdragon process ဘက်ထရီ၊ RAM 3G ၊ Rom 32 GB (up to 2TB) တို့ပါဝင်ပါတယ်။ 18 megapixel နောက်ကင်မရာ၊ 2 megapixel ရှေ့ကင်မရာနဲ့ 3410 mAh ဘက်ထရီတို့ပါဝင်ပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment