Wednesday, May 10, 2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫


Image may contain: phone
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းလေး Honor H30 U10 ပါ။ ဒီမှာသုံးတုန်းကလည်း အဆင်ပြေတယ်။ စင်ကာပူရောက်တော့ Card ပြောင်းပြီးသုံးတော့လည်း အဆင်ပြေတယ်။ ဒါပေမဲ့ စင်ကာပူကပြန်လာပြီး ဒီပြန်ရောက်တော့ Sim Card ထည့်တာ Network မသိတော့လို့။ အဲ့ဒါ ဘယ်လိုပြန်လုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ဗျာ။ အစ်ကို့ဖုန်းထဲကို Sim Card တစ်ခု အရင်ပြန်ထည့်လိုက်ပါ။ Ooredoo, MPT, Telenor တစ်ခုခုပေါ့။ Sim Card ထည့် Internet ဖွင့်ပြီး Setting ထဲက Mobile Network ထဲက Carrier ထဲမှာ Searching Network ပြန်လုပ်။ Network ပြန်ရှာပြီး MM900 တို့ 4104 တို့တွေ့ရင် ရွေးလိုက်လို့ရပါပြီဗျာ။ အဲ့ဒါဆိုရင် ပြန်ရသွားပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့်ဖုန်းက ရေ၀င်ပြီး ဘက်ထရီအား အကုန်မြန်နေတယ်။ အားသွင်းတာလည်း အ၀င်နှေးနေတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲမသိဘူး။ အကြံပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ ရေ၀င်သွားတဲ့ ဖုန်းတော်တော်များများမှာ ရေ၀င်သွားရင် ဘက်ထရီကစပြီး ဖုန်းရဲ့အတွင်း Circuit ပိုင်းထိ Error တွေ ဖြစ်နိုင်ပါတယ်။ အစ်ကို့ဖုန်း ဘက်ထရီအသစ်လဲတပ်ကြည့်ပါ။ အဆင်မပြေသေးရင်တော့ နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့် G610 U00 ဖုန်းလေး ရေလေးနည်းနည်းဝင်သွားတာ Power ပြန်ဖွင့်တော့ ထောင့်လေးမှာ Safe Mode ဆိုပြီး ပေါ်နေတယ်။ Volume Key လည်း သုံးမရတော့ဘူးဗျာ။ ကူညီပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းကို Power Key နှိပ်လိုက်ပါ။ Logo ပေါ်တာနဲ့ Volume Down Key ကို Home Screen ရောက်တဲ့အထိ ဖိထားပါ။ အကယ်၍ Safe Mode မပျောက်ပါက နီးစပ်ရာ Phone Service ဆိုင်ပို့မှ အဆင်ပြေပါလိ့မ်မယ်။

မေး - အစ်ကို ကျွန်တော့် Phone က ရေ၀င်သွားတယ်။ Phone က Power နှစ်ရက်လောက်ပိတ်ထားပြီး နောက်ရက်ပြန်ဖွင့်တော့ Power လာတယ်။ အားသွင်းရင် အားပြည့်တာမြန်တယ်။ အားသွင်းကြိုးဖြုတ်ရင် 100% အပြည့်မကျန်ဘဲ 90% လောက်ပဲကျန်တယ်။ သုံးရင် မိနစ်ပိုင်းအတွင်း ကုန်သွားတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Battery မကောင်းတဲ့အတွက်ကြောင့် အဲ့လိုဖြစ်တာပါ။ Battery လဲကြည့်ပါ။ တကယ်လို့ Battery လဲလို့မှ မရသေးရင် Circuit ကို ပြုပြင်ပေးရမှာပါ။

မေး - ကွန်ပျူတာမှာ လက်ရှိပေးထားတဲ့ နာမည်အစား တစ်ခြားနာမည်ပြောင်းချင်လို့ ပြောင်းလို့ရပါသလား။
ဖြေ - ရပါတယ်။ ကွန်ပျူတာမှာ Run Box ဖွင့်လိုက်ပါ။ Run Box ထဲမှာ sysdm.cpl လို့ရိုက်ပါ။ Change ဆိုတာကိုနှိပ်ပြီး နာမည်ပြောင်းပါ။ OK နှိပ်ပါ။

မေး - မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ရဲ့ Samsung Note II ကို Root ဖောက်ချင်လို့ပါ။ Root ရပြီးရင် ဘာတွေပိုထူးခြားလာမလဲ။ သိချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။
ဖြေ - ဟုတ်ကဲ့အစ်ကို။ မင်္ဂလာပါ။ Samsung ဖုန်းတွေ Root လုပ်တဲ့နည်းလမ်း အများအပြားရှိပါတယ်။ အသုံးများဆုံးက CF Auto Root နဲ့ Custom Recovery သွင်းပြီး Root တဲ့နည်းတွေပါ။ Root ရပြီးရင် Normal User တွေအတွက် သိပ်ထူးခြားမှုမရှိပေမယ့် ဖုန်း System ပိုင်းတွေ ပြုပြင်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ Today Mobile Page မှာ ၀င်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေး - အစ်ကို ကျွန်တော့်ဖုန်းက Home Key တွေ Back Key တွေ Menu Key တွေက အလုပ်မလုပ်တော့ဘူး။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲအစ်ကို။ အဲ့တာလေး ပြောပြပေးပါ။
ဖြေ - အဲ့တာက အစ်ကိုတို့ရဲ့ Touch မကောင်းတာကြောင့်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ Touch လဲရင်လဲ Touch မလဲချင်လျှင် Easy Touch.apk ကို အသုံးပြုလို့ရသလို အစ်ကိုတို့ရဲ့ဖုန်းကို Root ဖောက်ထားလျှင် Rootexplorer.apk ကို Install လုပ်ပြီး ထို apk ထဲသို့ ၀င်လိုက်ပါ။ Software ထဲရှိ Mounted as r/o ကို Mounted as r/w အဖြစ် ပြောင်းပေးပါ။ ပြီးလျှင် System > Build.prop ကို 3 စက္ကန့်လောက် ဖိထားပါ။ Open in Text Editor ထဲသို့ဝင်ပါ။ Text File ကျလာလျှင် အောက်ဆုံးသို့ဆင်းပြီး စာကြောင်းတွေအားလုံး၏ အောက်ဆုံးတွင် (qemu.hw.mqin keys=0) ဟုရိုက်ပြီး Save လိုက်ပါ။ ပြီးလျှင် ဖုန်းကို Restart ချလိုက်ပါ။ ပါဝါပြန်တက်လာလျှင် Sony ဖုန်းများတွင်ပါသည့်အတိုင်း ဖုန်း၏အောက်ခြေနားတွင် Back / Home / Menu Keys များ ပါလာပါလိမ့်မည်။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment