Wednesday, May 3, 2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫


Image may contain: one or more people, phone and text
မေး - ကျွန်တော့်ဖုန်းက Coolpad 7251 ဖုန်းပါ။ ဖုန်းအားသွင်းရင် အကြာကြီးအားသွင်းရတယ်။ ၅ မိနစ် လောက်နေမှ 1% လောက်ဝင်တာ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဖုန်းအားသွင်းကြိုးမကောင်းရင် အဲ့ဒီ Error အများဆုံးဖြစ်တတ်ပါတယ်။ ဒါကြောင့် အားသွင်းကြိုးကောင်းတာနဲ့ လဲကြည့်ပါ။ နောက်တစ်ခုက ဖုန်းရဲ့ Battery ဆဲလ် အကုန် အလုပ်မလုပ်ရင်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သုံးစွဲသူအနေနဲ့
အဲ့ဒီနှစ်ခုလဲကြည့်ရပါမယ်။ အားသွင်းကြိုးလဲတာနဲ့ Battery လဲတာပါ။ ဒါတွေလုပ်ပြီးလို့မှ မရရင်တော့ ဖုန်းစက်ပြားပိုင်းကဖြစ်တာပါ။ ဒါကြောင့် ဆိုင်မှာစစ်ဆေးရပါမယ်။ အကယ်၍စစ်ဆေးတတ်ရင်တော့ USB ခေါင်းနဲ့ Battery Socket သွားတဲ့လမ်းကြောင်းစစ်ဆေးရပါမယ်။ ဥပမာ FET, Charger IC နဲ့ Resistor လေးတွေ အဓိကထားစစ်ပါ။

မေး - အစ်ကိုတို့ရေ အားသွင်းကြိုးသုံးတာ အဆင်မပြေဘူး။ အားသွင်းတာလည်းနှေးတယ်လို့ ကျွန်တော့်ကို လာပြောတယ်ဗျာ။ အခုသုံးနေတဲ့အားသွင်းကြိုးတွေထဲမှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ အားသွင်းကြိုးရှိတယ်လို့ပြော၍ ကျွန်တော် ၀ယ်ခိုင်းလိုက်တယ်ဗျာ။
ဖြေ - အစ်ကိုတို့ရေ ဖုန်းအားသွင်းကြိုးတွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ အားသွင်းကြိုးကတော့ Mi Original အားသွင်းကြိုးဖြစ်ပါတယ်။ အားသွင်းတာအရမ်းကောင်းတယ်။ အားသွင်းကြိုးက ပူတာမရှိ စိတ်ချရတယ်ဗျာ။ ဈေးလည်းသက်သာတယ်ဗျာ။ ဒါကြောင့် ပြောလိုက်တာပါဗျာ။

မေး - အစ်ကိုရေ ညီမလေးဖုန်းက Battery ထည့်ပြီးဖွင့်ရင် မရဘူး။ USB ကြိုးနဲ့ထိုးပြီး Power ဖွင့်ရင်ရတယ်။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့ပါ။ ဖုန်းထဲက Battery ဆဲလ်တွေသေရင် အဲ့လိုဖြစ်တတ်ပါတယ်ဗျာ။ ဒါကြောင့် Battery ကို စစ်ရပါမယ်။ ဒါမှမဟုတ်ရင် Battery အသစ်လဲကြည့်ပါ။ မရရင်တော့ အားသွင်းကြိုးနဲ့ Battery ကြားမှာရှိတဲ့ လမ်းကြောင်း (သို့မဟုတ်) Battery ရဲ့ အလယ်ငုတ်လမ်းကြောင်းတွေကို စစ်ရပါမယ်။

မေး - အစ်ကိုရေ ညီမလေးဖုန်းက SD ကတ်ထည့်ရင် ဖုန်းဖွင့်မရတော့လို့ပါ။ SD ကတ်မပါရင်တော့ ရတယ်ဗျာ။ အကုန်ကောင်းတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ဖုန်းမှာရှိတဲ့ SD ကတ်မကောင်းတာ ဒါမှမဟုတ် Virus ကိုက်နေတာကြောင့် ဖြစ်တတ် ပါတယ်။ ဒါကြောင့် တခြား SD ကတ်ထည့်ပြီးဖွင့်ကြည့်ပါ။ မရရင် SD ကတ်မှာပါဝင်တဲ့ လမ်းကြောင်း ၈ ကြောင်း မှာ ဘယ်လမ်းကြောင်းက Shock ကျနေလည်း စစ်ဆေးပြီး ပြုပြင်ရမှာပါဗျာ။

မေး - Samsung S8 နှင့် S8+ မှာ Samsung မှ Ringtone အသစ်ပါလာတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ - ဟုတ်ပါတယ်အစ်ကို။ S8 နှင့် S8+ မှာ Ringtone အသစ်ပါတာ ဟုတ်ပါတယ်။ တခြားအရင် Samsung Phone တွေမှာမပါပါဘူး။ ခုမှအသစ်ပါ။

မေး - iOS Version 10.3 ကို ကျွန်တော့် iPhone SE မှာ Version Update လုပ်လို့ရပြီလားအစ်ကို။
ဖြေ - ဟုတ်ကဲ့။ iOS Version 10.3 ကို Apple Company မှ တရားဝင်ဖြန့်ချိပေးလိုက်ပါပြီ။ နီးစပ်ရာဖုန်းဆိုင်မှာ Update လုပ်နိုင်ပါပြီခင်ဗျာ။

မေး - ဟုတ်ကဲ့အစ်ကို။ ကျွန်တော့်ဖုန်းမှာ အ၀င်အထွက် Call တွေမပေါ်တော့ပါဘူး။ ကျွန်တော်ကိုင်တာက G610-U00 ပါ။ အဲ့ဒါကို ဘယ်လိုဖြေရှင်းရမလဲဗျာ။
ဖြေ - အဲ့ဒီ Call Log တွေမပေါ်တာကတော့ အစ်ကိုရဲ့ဖုန်းထဲမှာ Data / Time ရောမှန်ရဲ့လားဗျာ။ တစ်ချက် သေသေချာချာပြန်စစ်စေချင်ပါတယ်။ Date / Time မမှန်ရင်လည်းဖြစ်တတ်ပါတယ်။ Date / Time ပြန်ချိန် မယ်ဆိုရင် Automatic Date / Time ကို အမှန်ခြစ်ထားဖို့လိုပါတယ်။

မေး - Huawei ဖုန်းတစ်လုံး ကျွန်တော်ကိုင်ထားပါတယ်။ အင်တာနက်အသုံးပြုနေရင်းနဲ့ နောက်ပိုင်း စက်ကလေးလာပြီး ဟန်းလာပါတယ်။ နည်းလမ်းလေးများရှိရင် ပြောပြပေးပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အခုရက်ပိုင်း လူတိုင်းကြုံတွေ့နေရတဲ့ပြဿနာ ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုပြီး အင်တာ နက်မှကြော်ငြာများ၊ Auto Software Run နေတတ်ပါတယ်။ ဗိုင်းရပ်စ်တစ်မျိုး ၀င်နှောင့်နေတတ်ပါတယ်။ Factory Reset လုပ်၍မရနိုင်အောင်စိတ်အနှောင့်အယှက်ဖြစ်နေပါလိမ့်မယ်။ Firmware ပြန်ရေးခြင်းမျိုးဖြင့်သာ ရနိုင်ပါသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 
 

No comments:

Post a Comment