Monday, May 15, 2017

♪ " MPT ဧ။် MRA ၀န်ဆောင်မှုကို သက်သာသောနှုန်းထားများဖြင့် ရယူအသုံးပြုနိုင်ပြီ " ♫


No automatic alt text available.
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPT သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လုံခြုံစိတ်ချရသော Mobile Remote Access (MRA) ဝန်ဆောင်မှုကိုစတင်မိတ်ဆက်ခဲ့ပြီးကုမ္ပဏီ၏ ဆာဗာနှင့် ဒေတာများကိုမိုဘိုင်းလ်ပစ္စည်းအမျိုးမျိုးမှတစ်ဆင့် ခိုင်မာကောင်းမွန်သောစီးပွားရေးသုံးကွန်ရက်တစ်ခုအဖြစ် ချိတ်ဆက်ရသော ၀န်ဆောင်မှုကို သက်သာသောနှုန်းထားများဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ 

MPT ဧ။် Mobile Remote Access ဝန်ဆောင်မှုသည် M2M (Machine to Machine) နှင့် IoT (Internet of Things) ဆက်သွယ်ရေးပုံစံဖြစ်ကာ အဆိုပါဝန်ဆောင်မှုကို လုပ်ငန်းအဖွဲ့အစည်းကြီးများသို့မဟုတ် စီးပွားရေးလုပ်ငန်းများမှ အသေးစားရုံးခန်းများ(ရုံးခွဲများ) သို့မဟုတ် နေအိမ်များအထိပါ တိုးချဲ့ အသုံးပြုနိုင်သည်။ ထို့အပြင် ATM စက်များ၊ လက်လီအရောင်းဆိုင်များကဲ့သို့သော နေရာများ၌ သုံးစွဲသူ၏ ထိခိုက်လွယ်သော(လျှို့ဝှက်) သတင်းအချက်အလက်များကို ထိန်းချုပ်ပေးပြီးဆင်းမ်ကတ်အသုံးပြုနိုင်သည့် ကွန်ပျူတာများနှင့် မိုဘိုင်း Hotspots တို့ကဲ့သို့သော စက်ပစ္စည်းများမှတစ်ဆင့်လည်း ကုမ္ပဏီ၏ကွန်ရက်ကိုဝင်ရောက်ချိတ်ဆက်နိုင်မည်ဖြစ်သည်။

အင်တာနက်မှတစ်ဆင့် ဝင်ရောက်အသုံးပြုနိုင်သောပုံမှန် Standard MRA နှင့် Virtual Private Network (VPN) ကို အသုံးပြုသောပိုမိုလုံခြုံသည့် Secured MRA ဟူ၍ ဝန်ဆောင်မှုနှစ်မျိုးကိုရယူအသုံးပြုနိုင်သည်။ အဆိုပါဝန်ဆောင်မှုသည် မြန်မာနိုင်ငံရှိမိုဘိုင်းလ်အော်ပရေတာများအကြားပထမဆုံးဆောင်ရွက်လိုက်သော ဝန်ဆောင်မှုတစ်ခုဖြစ်ပြီးလုံခြုံစိတ်ချရမှုကိုအမြင့်မားဆုံးစွမ်းဆောင်ပေးမည့် IP-VPN စနစ်ဖြင့် ချိတ်ဆက်ဆက်သွယ်မှုတို့ကိုအထောက်အပံ့ ပေးထားသည်။ 

MRA ဝန်ဆောင်မှုနှစ်ခုလုံးကို Access Point Name (APN) နှင့် ဆောင်ရွက်ထားပြီးစီးပွားရေးလုပ်ငန်းတစ်ခုချင်းစီတိုင်းကို MPT ကွန်ရက်ပေါ်တွင် တိကျသေချာစွာထိန်းသိမ်းပေးသွားမည် ဖြစ်သည်။ ကွန်ရက်နှင့် ချိတ်ဆက်ထားသောဆင်းမ်ကတ် အရေအတွက်ပေါ် မူတည်ပြီး ဝန်ဆောင်ခကိုလစဉ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၀န်ဆောင်မှုကိုအသုံးပြူရာတွင် GSM သို့မဟုတ် WCDMA ဆင်းမ်ကတ်များကို အရေအတွက်အကန့်အသတ်မရှိ ရွေးချယ်အသုံးပြုနိုင်ကာMPT ၏ MRA ဝန်ဆောင်မှုနှင့် အခြားသော B2B ဝန်ဆောင်များဖြစ်သည့် ဖိုက်ဘာ၊ ဒေတာ၊ Closed User Group နှင့် Mobile Enablement package အစရှိသောအထူးဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါကB2B ဝန်ဆောင်မှုဌာနB2B@mptjo.com.mmသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းသိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 

No comments:

Post a Comment