Tuesday, May 16, 2017

♪ Android Device များအတွက် OS Update အမြန်ရအောင် ဖန်တီးနေတဲ့ Google ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/Ashampoo_Snap_001_-1.jpg?fit=800%2C450&ssl=1
Google က Android Devices များမှာ နောက်ဆုံး ထုတ် OS Update ကို ရရှိဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ထပ်မံ ကြိုးစားလိုက်ပြန်ပါပြီ။ ဖုန်းထုတ်လုပ်သူများ အတွက် သူတို့ရဲ့ ဖုန်းများမှာ Android Update ကို အလွယ်ကူဆုံးနဲ့ အလျှင်မြန်ဆုံး အဆင့်မြှင့်ပေးနိုင်မယ့် အဖြေ ရှိတယ်လို့ Google က ပြောပါတယ်။

အဲဒီအဖြေကတော့ Project Treble အမည်ရ စွမ်းဆောင်ချက် ဖြစ်ပြီး Android O မှာ စတင် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်က ဖုန်း ထုတ်လုပ်သူများအနေဖြင့် Anroid Update ကို များစွာ ပြောင်းလဲဖို့ မလိုဘဲ သူတို့ရဲ့ စမတ်ဖုန်းများမှာ အဆင့်မြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ Google က နောက်ဆုံးထုတ် Chips များနဲ့ အဆင်ပြေအောင်လည်း Android Update ကို ဖန်တီးထားပါတယ်။ အဲဒီအတွက် ဖုန်း ထုတ်လုပ်သူများဟာ Qualcomm လို Chip ထုတ်လုပ်သူများနဲ့ ညှိနှိုင်းစရာ မလိုတော့တဲ့ အတွက် အချိန်နှောင့်နှေးမှုများ မရှိတော့ပါဘူး။

ဒီနည်းစနစ်ဟာ ပြဿနာ အားလုံးကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ဖုန်းထုတ်လုပ်သူများက သူတို့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းထားတဲ့ စွမ်းဆောင်ချက်များ အလုပ်လုပ်အောင် Android Update ကို ပြင်ဆင်ရဦးမလားဆိုတာကလည်း မသေချာသေးပါဘူး။ ဒါပေမယ့် Google ရဲ့ ကြိုးပမ်းမှုဟာ Android Fragmentation ပြဿနာကို ပြေလည်ဖို့ လုပ်ဆောင်ချက်ကောင်းတစ်ခု ဖြစ်ပါတယ်။

Android Fragmentation ပြဿနာဟာ အချိန်နဲ့ အမျှ ပိုမို ဆိုးလာပါတယ်။ နောက်ဆုံးထုတ် Android Version ဖြစ်တဲ့ Nougat ကို ဖြန့်ချီပေးထားတာ ၈ လကျော်ပြီ ဖြစ်ပေမယ့် Android Phones ၇ ရာခိုင်နှုန်းမှာသာ ရရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၄ နှစ်နီးပါးက ဖြန့်ချီပေးခဲ့တဲ့ Android Jelly Bean ထည့်သွင်းထားတဲ့ ဖုန်း ရာခိုင်နှုန်းကတောင် သူ့ထက်များပြားနေပါသေးတယ်။


Credit to ==> Digital Times
 
 
 

No comments:

Post a Comment