Facebook
က ဗီဒီယိုတွေကို ဖုန်းနဲ့ ဒေါင်းလုဒ်ဆွဲချင်ရင်ပဲဖြစ်ဖြစ်၊
နောက်ဆုံးထွက်ရုပ်ရှင်ကားတွေကို torrent နဲ့
ဒေါင်းလုဒ်ဆွဲချင်ရင်ပဲဖြစ်ဖြစ် ဖိုင်မရွေး၊ ၀က်ဘ်ဆိုဒ်မရွေး
ဒေါင်းလုဒ်ဆွဲနိုင်မယ့် နည်းလမ်းလေးကို မျှဝေလိုက်ပါတယ်။
Android
မှာ ဆိုက်တိုင်းက ဗီဒီယိုဖိုင်တွေ၊ သီချင်းတွေကို
ဒေါင်းလုဒ်ဆွဲပေးနိုင်တဲ့ Downloader apps တွေ အများအပြားရှိပေမယ့်၊
တော်တော်များများက ကြော်ငြာတွေပြည့်နေသလို၊ ဖိုင်တိုင်းကိုလည်း
ဒေါင်းလုဒ်မဆွဲနိုင်တာကြောင့် အဆင်မပြေတာများပါတယ်။
ဒီပြဿနာကို
ဖြေရှင်းပေးနိုင်မယ့် Android apps လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ apps
လေးဟာ ၀က်ဘ်ဆိုဒ်တိုင်းနီးပါးက သီချင်းနဲ့ ဗီဒီယိုဖိုင်တွေကို
ဒေါင်းလုဒ်ဆွဲနိုင်တဲ့အပြင်၊ torrent ဖိုင်တွေပါ ရှာပြီး၊
ဒေါင်းလုဒ်ဆွဲပေးနိုင်ပါတယ်။ အခမဲ့ရယူနိုင်တဲ့အပြင်၊ အသုံးပြုရတာလည်း
တော်တော်လွယ်ကူပြီး၊ ကြော်ငြာတွေလည်း မပါတာကြောင့် စိတ်ချမ်းချမ်းသာသာ
သုံးနိုင်မှာပါ။
တစ်ခုသတိပြုရမှာက၊
Youtube က ဗီဒီယိုတွေကိုတော့ Youtube ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့
မညီတာကြောင့် ဒေါင်းလုဒ်ဆွဲနိုင်မှာမဟုတ်ပါဘူး။ ဒီအချက်ကလွဲရင်
ကျန်တာအားလုံးအဆင်ပြေပြီး၊ အသုံးဝင်တဲ့ apps လေး ဖြစ်ပါတယ်။
- ပထမဦးဆုံး Swift Downloader ဆိုတဲ့ အက်ပလီကေးရှင်းလေးကို ဒေါင်းလုဒ်ဆွဲလိုက်ပါ။ ဖိုင်ဆိုက်ကလည်း 8 mb လောက်ပဲရှိပါတယ်။
- ဖုန်းထဲမှာ Swift Downloader apps ကို သွင်းပြီးရင်၊ ဖွင့်လိုက်ပါ။
- Apps ထဲ ၀င်လိုက်တာနဲ့ ပထမဆုံး Start A Search ဆိုတဲ့ ဘရောက်ဆာလေးတစ်ခု တွေ့ရပါမယ်။

- အဆိုပါ မှန်ဘီလူးလေးကို နှိပ်လိုက်တာနဲ့ ကဏ္ဍ သုံးခုတွေ့ရမှာဖြစ်ပြီး၊ သီချင်း ဆွဲမှာလား၊ ဗီဒီယို ဆွဲမှာလား၊ torrent လိုချင်တာလား ရွေးလို့ရပါတယ်။
- ကိုယ်လိုချင်တဲ့ ဖိုင်အမျိုးအစားကို ရွေးပြီး၊ နာမည်ရိုက်ထည့်လိုက်တာနဲ့ ဒေါင်းလုဒ်လင့်ခ်တွေ ကျလာမှာဖြစ်ပြီး၊ ကိုယ်နှစ်သက်တဲ့လင့်ခ်ကို ရွေးပြီးဆွဲနိုင်ပါတယ်။

- MP3 ဖိုင်တွေကိုတော့ တိုက်ရိုက်ဒေါင်းလုဒ်လုပ်နိုင်ပြီး၊ ဗီဒီယိုဖိုင်တွေဆိုရင်တော့ Link ထဲက ပြန်ဝင်ကာ ကိုယ်လိုချင်တဲ့ ဗီဒီယို quality ရွေးပြီး ဒေါင်းလုဒ်ဆွဲရမှာဖြစ်ပါတယ်။
- Torrent အပိုင်းမှာလည်း ကိုယ်လိုချင်တဲ့ ရုပ်ရှင်ကားနာမည်ကို ရိုက်ထည့်ပြီး တိုက်ရိုက်ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။
- အကယ်၍ Facebook တို့ Instagram တို့က ဗီဒီယိုတွေကို ဒေါင်းလုဒ်ဆွဲချင်တယ်ဆိုရင်တော့ ကိုယ်ဆွဲချင်တဲ့ ဗီဒီယိုလင့်ခ်ကို Copy link လုပ်လိုက်တာနဲ့ Facebook apps အပေါ်မှာ Download ခလုတ်လေးပေါ်လာမှာဖြစ်ပါတယ်။ နှိပ်လိုက်ရင်၊ Swift Downloader ထဲ ရောက်သွားပြီး၊ ဒေါင်းလုဒ် လုပ်နိုင်မှာဖြစ်ပါတယ်။ Facebook ဗီဒီယိုတွေကိုတော့ ဒေါင်းလုဒ်မလုပ်ခင်မှာ အရင်ဆုံး Play လေး ခဏ နှိပ်ပေးဖို့ လိုပါတယ်။

- Swift Downloader မှာ ကိုယ်ဒေါင်းလုဒ်လုပ်ထားတဲ့ ဗီဒီယိုတွေ၊ သီချင်းတွေအတွက် ဖိုင်မန်နေဂျာ လည်း ပါရှိသလို၊ ဖိုင်တွေကို Password နဲ့လည်း ပိတ်ထားလို့ ရပါတယ်။ နောက်ထပ်မိုက်တဲ့ တစ်ချက်ကတော့ ဗီဒီယိုကနေ MP3 ပြောင်းပေးတဲ့ converter လည်းပါဝင်တာကြောင့်၊ ဗီဒီယိုတွေကို MP3 ဖိုင်အနေနဲ့လည်း save ထားလို့ ရပါသေးတယ်။

- ဒေါင်းလုဒ်ဆွဲရင်းတန်းလန်း လိုင်းကျသွားရင်ပဲဖြစ်ဖြစ်၊ အလွယ်တကူ resume ပြန်လုပ်နိုင်ပါတယ်။ မိုဘိုင်းအင်တာနက်နဲ့ မဆွဲဘဲ၊ Wi-Fi နဲ့မှ ဒေါင်းလုဒ်ဆွဲဖို့ကိုလည်း Settings ထဲမှာ ပြောင်းထားနိုင်ပါသေးတယ်။
ဝက်ဘ်ဆိုဒ်တိုင်းက
ဖိုင်တွေကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဒေါင်းလုဒ်ဆွဲနိုင်တဲ့ အမိုက်စား
downloader app လေး Swift Downloader ကို Digital Times ပရိတ်သတ်ကြီးနဲ့အတူ
မျှဝေလိုက်ပါတယ်။
Ref: Guiding Tech
Ref: http://digitaltimes.com.mm/
No comments:
Post a Comment