စမတ်ဖုန်းကိုင်တဲ့ လူတိုင်း Bluetooth ကို သိကြပါတယ်။ ဒါပေမယ့် သူ့ကို အသုံးချနိုင်တဲ့ နည်းလမ်းအားလုံးကို လူတော်တော်များများ မသိကြပါဘူး။ ဒီ Tutorial ကို ဖတ်ကြည့်ရင်တော့ သူငယ်ချင်းတွေ မသိသေးတဲ့ Bluetooth လျှို့ဝှက်ချက်တွေကို သိနိုင်မှာ ဖြစ်ပါတယ်။ Bluetooth ရဲ့ စွမ်းရည်နဲ့ သူ့ကို Set Up လုပ်နည်းတွေကို ရေးသားပေးလိုက်ပါတယ်။

Bluetooth ဆိုတာ ဘာလဲ ?

Bluetooth ဆိုတာ အီလက်ထရောနစ် ကိရိယာတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက် အလုပ်လုပ်နိုင်တဲ့ ကြိုးမဲ့ ဆက်သွယ်မှု စံနှုန်း တစ်ခုဖြစ်ပါတယ်။ သူ့ကို စမတ်ဖုန်းကနေ စပီကာများ၊ လက်တော့များအထိ ထည့်သွင်းပေးထားကြပါတယ်။ သူ့ကို သုံးဖို့ WiFi , Mobile Data နဲ့ Cellular Network များ မလိုပါဘူး။ Bluetooth ပါတဲ့ ကိရိယာနှစ်ခုကို နီးကပ်တဲ့ အကွာအဝေးနားမှာ ထားလိုက်တာနဲ့ အိုကေပါပြီ။
Bluetooth Version Numbers များ အကြောင်း
Bluetooth ရဲ့ ပထမဆုံး ဗားရှင်းကို ၁၉၉၉ မှာ စတင် မိတ်ဆက်ခဲ့တာပါ။ အခု နောက်ဆံးပေါ် ဗားရှင်းက Bluetooth 4.2 ပါ။ ဗားရှင်းမြင့်လာတာနဲ့ ဒေတာ ကူးပြောင်းမှုနှုန်းက ပိုမိုမြန်ဆန်လာတာပါ။ ဒီနေ့ခေတ် စမတ်ဖုန်း တော်တော်များများမှာ Bluetooth 4.0 ကို ထည့်ပေးထားကြပါတယ်။
Bluetooth နဲ့ NFC တို့ရဲ့ ကွာခြားချက်
Bluetooth နဲ့ NFC တို့ဟာ တူညီချက်များစွာရှိပါတယ်။ ဒေတာကူးပြောင်းမှု ပိုမိုမြန်ဆန်အောင် Bluetooth နဲ့ NFC ကို ပူးတွဲသုံးနိုင်ပါသေးတယ်။ အဓိက ကွာခြားချက်တွေကတော့
• NFC ကို သုံးဖို့ ဖုန်းနှစ်လုံးကို Pair လုပ်ဖို့မလိုပါဘူး။ အဲဒီအတွက် ဒေတာကူးပြောင်းဖို့ ပိုမိုမြန်ပါတယ်။ Bluetooth ကို သုံးဖို့ ဖုန်းနှစ်လုံးကို Pair လုပ်ရမှာပါ။
• NFC ကို သုံးရင် ဖုန်းနှစ်လုံးကို ပိုမိုနီးကပ်တဲ့ အကွာအဝေးမှာ ထားရပါမယ်။ ( ၁၀ စင်တီမီတာအောက်)
• NFC ကို မိုဘိုင်းဖုန်းကနေ ငွေပေးချေတဲ့ စနစ်များအတွက် သုံးနိုင်ပါတယ်။ Bluetooth ကိုတော့ အဲဒီလို သုံးလို့မရပါဘူး။
Bluetooth 4.0 ကို ပေ ၂၀၀ အကွာအဝေးအတွင်းမှာတောင် သုံးနိုင်ပါတယ်။ ဒေတာကူးပြောင်းမှုကလည်း NFC ထက် ပိုမြန်ပါတယ်။
Bluetooth ကို ဖွင့်နည်း
သူ့ကို အသုံးပြုဖို့အတွက် အရင်ဆုံး Enable လုပ်ရမှာပါ။ Settings> Bluetooth ထဲသွားပြီး Enable လုပ်ပေးပါ။ ပိုမြန်တဲ့ နည်းက Notification Bar ကိုဆွဲချပြီး Enable လုပ်ပါ။
1
ဖုန်းနှစ်လုံးကို Bluetooth ဖြင့် ချိတ်ဆက်နည်း
ဖုန်းနှစ်လုံးမှ Bluetooth ကိုဖွင့်ပြီးတာနဲ့ Settings> Bluetooth ထဲသွားပါ။ သင် ချိတ်ဆက်ချင်တဲ့ ဖုန်းအမည်ကို ရှာပြီး နှိပ်ပါ။ အချို့ Bluetooth Devices များကို ချိတ်ဆက်ဖို့အတွက် PIN ကို ရိုက်ထည့်ရပါတယ်။
Bluetooth ကို အသုံးချနည်းများ
၁။ သီချင်းနားထောင်ခြင်း။
Bluetooth ကို အများဆုံးသုံးကြတာကတော့ Bluetooth Speaker များ၊ Bluetooth Headphones များနဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်ကြတာပါ။ ကြိုးတွေနဲ့ ချိတ်ဆက်ဖို့ မလိုတော့ပါဘူး။ လေ့ကျင့်ခန်းလုပ်တဲ့ လူများအတွက် ပိုတောင် အသုံးဝင်ပါသေးတယ်။
2
၂။ ဖုန်းပြောခြင်း။
ဖုန်းပြောဖို့အတွက်လည်း Bluetooth ကို သုံးနိုင်ပါတယ်။ Bluetooth နားကြပ်နဲ့ ဖုန်းကို ကြိုးမဲ့ ချိတ်ဆက်ထားပါ။ ဒါဆိုရင် နားကြပ်ကနေ ဖုန်းပြောနိုင်ပါပြီ။
၃။ ဖိုင်များ ကူးပြောင်းခြင်း။
Bluetooth ဖြင့် ဖုန်းနှစ်လုံးကို ချိတ်ဆက်လိုက်တာနဲ့ ဖိုင်များကို ကြိုးမဲ့ ပေးပို့နိုင်ပါပြီ။ အရွယ်အစားကြီးတဲ့ ဖိုင်များကို ပေးပို့ဖို့အတွက် အိုကေပါပဲ။
3
၎။ ကားထဲမှာ အသုံးပြုခြင်း။

ကားတွေမှာလည်း Bluetooth ပါပါတယ်။ သင့်ဖုန်းကို ကားနဲ့ Bluetooth ဖြင့် ချိတ်ဆက်လိုက်တာနဲ့ ဖုန်းထဲက သီချင်းများကို ကားမှာ နားဆင်နိုင်ပါပြီ။ ဖုန်းခေါ်ဆိုမှုများလည်း ပြုလုပ်နိုင်ပါတယ်။
maxresdefault