Monday, June 27, 2016

Messenger ထဲမှာ SMS ကို အတင်းပေါင်းထည့်ခဲ့တဲ့လုပ်ရပ်ကြောင့် Facebook ဝေဖန်ခံနေရ





လွန်ခဲ့တဲ့အပတ်က ထွက်ရှိခဲ့တဲ့ Messenger update မှာ SMS အ၀င်အထွက်ကို Messenger ထဲ ပေါင်းထည့်ပေးခဲ့တာကြောင့်၊ Facebook ဟာ သုံးစွဲသူတွေရဲ့ဝေဖန်မှုအများအပြားကို ရင်ဆိုင်နေရပါတယ်။
Facebook ဟာ ဖုန်းတစ်ခုလုံးရဲ့ ဆက်သွယ်ရေးအပိုင်းကို Messenger နဲ့တင် အပြီးလုပ်နိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမယ့်၊ ဖုန်းနဲ့ပို့တဲ့ ကိုယ်ရေးကိုယ်တာမက်ဆေ့တွေပါ Messenger ထဲ ရောက်ကုန်ပါတယ်။ ဒီ့အပြင် Messenger ထဲ ၀င်တဲ့အခါမှာလည်း SMS အ၀င်အထွက်ကို Messenger နဲ့ပဲ သုံးမလားဆိုတဲ့ Pop-up စာသားတွေနဲ့ ဆွဲဆောင်ခဲ့တာတွေ့ရပါတယ်။ ဒီ့အပြင် သုံးမလား၊မသုံးဘူးလားဆိုတဲ့အပေါ် User တွေကို ရွေးချယ်ခွင့်ပေးတဲ့ Facebook ရဲ့ပုံစံက ရိုးသားမှုသိပ်မရှိတာကြောင့်၊ အခုလို ဝေဖန်မှုတွေ င်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
SMS ကို Messenger ထဲထားခိုင်းတဲ့အနေအထားမှာ “No” ခလုတ်ကိုတောင်ထည့်သွင်းထားခြင်းမရှိဘူးလို့ The Information ရဲ့ နည်းပညာဂျာနယ်သမား၊ Amir Efrati က သုံးသပ်ပြထားပါတယ်။
အမှန်အတိုင်းပြောရရင်၊ ယခုလို SMS ပေါင်းထည့်မှုမှာ လုံးဝ “No, thanks” ဆိုတဲ့ ခလုတ်လေးတောင် မပါခဲ့ဘဲ၊ OK လုပ်ဖို့ကိုပဲ ဦးစားပေးထားတာ တွေ့ရပါတယ်။ SMS chat တွေကို Messenger ထဲ ပေါင်းထည့်မလားမေးတဲ့အခါမှာလည်း NO မပါဘဲ၊ မပေါင်းထည့်ချင်ဘူးဆိုရင် ဖုန်း back ခလုတ်နဲ့သာ ပြန်ထွက်ခဲ့ရပါတယ်။ Settings ထဲ ၀င်လိုက်ရင်လည်း SMS integration ကို ဖွင့်ပေးဖို့ပေါ်လာပြီး၊ ဒီနေရာမှာလည်း လုံးဝ ‘No’ ခလုတ်မပါကာ၊ back ခလုတ်နဲ့ပဲ ပြန်သွားခဲ့ရပါတယ်။
ဒီလို interface မျိုးနဲ့ တင်ဆက်မှုကြောင့်၊ user အများစုဟာ စာကိုသေချာမဖတ်မိဘဲ “OK” ကိုပဲ နှိပ်မိဖို့ များသွားပြီး၊ စာလုံးတွေကိုလည်း ‘dark pattern’ သုံးထားတာကြောင့်၊ မထင်မရှားဖြစ်စေတယ်လို့ Amir Efrati က ဆိုပါတယ်။
Capture
CaptureAmir ရဲ့ အဆိုအရ Facebook ရဲ့ အခုလိုလုပ်ရပ်ဟာ Google Play Store စည်းမျဉ်းစည်းကမ်းတွေကိုတောင် ချိုးဖောက်ရာကျတယ်လို့ ဆိုနိုင်ပြီး၊ Google အနေနဲ့ မကြာခင် ဆုံးဖြတ်မှုလုပ်ပေးသွားရဖွယ်ရှိနေပါတယ်။ Google Play Store မှာတင်တဲ့ apps တွေအနေနဲ့၊ ဖုန်းရဲ့ device settings ကို မသိမသာလှည့်ဖြားပြောင်းလဲ ခိုင်းတဲ့ app မျိုးကို ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့်၊ Messenger ရဲ့ SMS အတင်းသုံးခိုင်းမှု ပြဿနာကို Google အနေနဲ့ ကိုင်တွယ်ပေးသွားရမှာပါ။
နောက်ထပ်ရရှိတဲ့သတင်းတွေအရ၊ တစ်ချို့ user တွေမှာတော့ ယခုအခါ ‘No’ ခလုတ်ကို မြင်တွေ့နေရတယ်လို့ သိရှိရပြီး၊ အခုထိတော့ ကျနော်တို့ဖုန်းတွေမှာ မတွေ့ရသေးပါဘူး။
ဒီကိစ္စဟာ အသေးအမွှားလေးတစ်ခုလို့ဆိုနိုင်ပေမယ့်လည်း၊ တစ်ကမ္ဘာလုံးမှာသုံးစွဲသူ သန်း ၉၀၀ ကျော်ရှိနေတဲ့ Messenger app ရဲ့ အခုလို ပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူကြောင့် တခြား စာပို့ app လေးတွေက နစ်နာနိုင်ခြေရှိနေကြောင်း၊ The Information သတင်းဌာနရဲ့ဆောင်းပါးရှင် Amir Efrati ရဲ့ အာဘော်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
Ref: Android Authority , The Information
Ref: http://digitaltimes.com.mm/

No comments:

Post a Comment