Saturday, November 21, 2015

LG V10 ဖုန်းကို Bootloader Unlock ပြုလုပ်နည်း



အခုနောက်ပိုင်းလူကြိုက်များပြီး ဒီဇိုင်းလန်းလန်းနဲ့ နာမည်ရလာတဲ့
LG V10 ဖုန်းကို Bootloader unlock ပြုလုပ်နည်းကိုတင်ပေးလိုက်ပါတယ်။

တကယ်လို့သင့်ဖုန်းကို TWRP ထည့်သွင်းချင်တယ်၊ SuperSu ကိုအသုံးပြုပြီး
Root လုပ်ချင်တယ်ဆိုရင်တော့ ထပမဆုံးပြုလုပ်ပေးရမှာတော့
Bootloader unlock ပြုလုပ်ပေးရမှာဖြစ်ပါတယ်။


သင့်ဖုန်းကိုသာ Bootloader Unlock ပြုလုပ်ထားပြီးသားဆိုရင်တော့
boot image များကို Flash အလွယ်ပေးရန်အတွက်
Modify ပြုလုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။

Bootloader Unlock ရှိပြီးသားအနေအထားရောက်တဲ့အခါ
TWRP ကိုသွင်းပြီး ဖုန်းကို Root လုပ်တော့မယ်ဆိုရင်တော့
ultimate အဆင့်ပေါ့ဗျာ စိတ်ကြိုက်ကလစ်ယူနိုင်ပါပြီ။

လိုအပ်တာတွေကိုအောက်ကလင့်များမှာရယူပါ

Click Here to Download ADB & Fastboot

LG USB Driver (all versions) များနဲ့ ကွန်ပျူတာမှာ Install ပြုလုပ်နည်း

Universal ADB Driver ကိုကွန်ပျူတာတွင် Install ပြုလုပ်နည်း

အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

How to Unlock Bootloader on LG V10
=========================
၁။ ဖုန်းမှာ Settings> Developer options > USB Debugging ကို enable ပေးထားပါ။

၂။ Developer options ကိုသွားပြီး enable ကို Allow oem unlock လုပ်ထားပါ။

၃။ ADB & Fastboot zip ဖိုင်ကိုဖြေထားပါ၊
Driver များထည့်သွင်းနည်းကိုသေချာအောင်ပြုလုပ်ထားပါ။

၎။ ဖုန်းကိုဝါပါပိတ်ပါ၊ Fastboot mode သို့ဝင်ရပါမည်။
 volume down + power များကို 5-6 စက္ကန့်လောက် တွဲနှိပ်ထားလိုက်ပါ။

၅။ ဖုန်းမှာ bootloader screen ကိုမြင်နေရတဲ့အခါ ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။

၆။ ကွန်ပျူတာက ဖုန်းကိုသိပြီဆိုတာနဲ့  bootloader device သို့သွားရန်အတွက်
adb reboot bootloader: ပြီးရင် Enter ကိုခေါက်ပါ။

၇။ ADB & Fastboot ကိုဖွင့်လိုက်ပါ၊ ကွန်ပျူတာမှ Shift Key + Mouse+ Right Click တစ်ချက်ထောက်ပြီး Open Command Windows Here ဆိုတာကိုတစ်ချက်နှိပ်ပြီး
ADB Command Box ကိုဖွင့်လိုက်ပါ။

၈။ အားလုံးအသင့်အနေအထားဖြစ်ပြီဆိုရင်တော့ အောက်က Command word များကို
မှန်အောက်ရိုက်ထည့်ပေးလိုက်ပါ။ တစ်ကြောင်းရေးပြီးတိုင်း Enter ကိုတစ်ချက်ခေါက်ပြီးသွားပါ။

fastboot devices

ဒီ တစ်ခါ bootloader လုပ်ရန်အတွက် အောက်ကစာကြောင်းကိုရိုက်ထည့်ပါ။

fastboot oem unlock

သင့်ဖုန်းကို bootloader Unlocking process တစ်ခုပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
အားလုံးပြီးသွားရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ၊

Reboot လုပ်နေတုန်း unlock symbol လို့ခေါ်တဲ့
သင်္ကေတကိုမြင်နေရပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါမှာတောာ့
သင့်ဖုန်းမှာ Unlock လုပ်ထားပြီးသားဖြစ်နေပါပြီ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment