Saturday, November 21, 2015

♪ သတင်းအချက်အလက်များကို သတိပေးမည့် Notify app ကို Facebook မိတ်ဆက် ♫

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Facebook သည်သတင်း၊ အားကစား၊ ရာသီဥတုနှင့် အခြား အကြောင်းအရာ များစွာအတွက် သတိပေးချက် အမျိုးမျိုးကို သတ်မှတ်ထားနိုင်မည့် Notify မိုဘိုင်း app ကို ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

Notify app တွင် Fox Sports နှင့် The Weather Channel ကဲ့သို့ ရွေးချယ်နိုင်သည့် သတင်းမီဒီယာ များစွာရှိပြီး ၎င်းတို့ထံမှ ရရှိသည့် သတင်းများကို သတိပေးချက်များဖြင့် ဖော်ပြပေးမည် ဖြစ်သည်။ အဆိုပါ Notify app ကို iOS အတွက် အခမဲ့ဖြန့်ချိ လိုက်ပြီဖြစ်သည်။

Notify app ကို အသုံးပြုမည့် သုံးစွဲသူများသည် app အတွင်းရှိ channel တစ်ခုကို ရွေးချယ်လိုက်သည်နှင့် သတိပေးချက်များ ရရှိမည် ဖြစ်သည်။ ၎င်းသတိပေးချက်များသည် သုံးစွဲသူဖုန်း၏ lock screen ၌ပြသပေးမည် ဖြစ်သည်။ ထိုသတိပေးချက်များကို swipe ပြုလုပ်၍ ကြည့်ရှုခြင်း သို့မဟုတ် text, Facebook အပြင် အီးမေးလ် သို့မဟုတ် အခြားဝန်ဆောင်မှုဖြင့် သူငယ်ချင်းများထံသို့ ဝေမျှနိုင်မည် ဖြစ်သည်။

သုံးစွဲသူများက Notify app အတွင်း ထည့်သွင်းနိုင်ရန် CNN, CBS Sports, Buzzfeed, People နှင့် The Washington Post များလည်း ပါဝင်သည်။

Ref : CNET
Credit to ==> Internet Journal
 
 

No comments:

Post a Comment