Saturday, November 21, 2015

♪ momolay application က စာရေးသူနှင့် ထုတ်ဝေသူများကို ပူးပေါင်းရန် ဖိတ်ခေါ် ♫

ဉာဏ်စမ်း အပါအဝင် ရီစရာ ဟာသများနှင့် ဗဟုသုတများကို သီးသန့် တင်ဆက်ပေးနေသည့် momolay application သည် စာရေးသူနှင့် ထုတ်ဝေသူများကို ကိုယ်ပိုင် Page များ ထူထောင်၍ စာပေနှင့် ဗဟုသုတများ တင်ဆက် နိုင်ရန် ဖိတ်ခေါ်လိုက်သည်။

အဆိုပါ application သည် လက်ရှိအချိန်၌ Android ပေါ်တွင် အသုံးပြုသူအရေတွက် လစဉ် ၁ သိန်းကျော်ရရှိနေပြီး Web ပေါ်၌ အသုံးပြုသူ လစဉ်အသုံးပြုသူ ၂ သန်းကျော်ကို ရရှိနေသည်ဟု သိရ သည်။ “နောက် ၆ လအတွင်းမှာ တော့ ပိုက်ဆံပေးမှ ဖတ်လို့ရမယ့် အထူး စာမျက်မှာတွေကို ဖန်တီးပေး သွားဖို့ရှိတယ်”ဟု momolay App မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

momolay application ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလက စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး Android နှင့် Web အတွက် သာ ထုတ်လုပ်ခဲ့ ခြင်းလည်း ဖြစ်သည်။ အဓိအားဖြင့် momolay application သည် Social Application များနှင့် တူ ညီခြင်း မရှိဘဲ ရီစရာဟာသများနှင့် စာပေဗဟုသုတများ ဖတ်ရှုလိုသူများသာ အဓိက အသုံးပြုကြသည် ဟု သိရသည်။

App အတွင်း၌ တင်ဆက်ထားသည့် အကြောင်းအရာ အများစုကို ယခင် App ဖန်တီးသူများကသာ တင်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါ စာရေးစရာများ၊ ဂျာနယ် များအတွက် Page များထူထောင်ပေး၍ စာပေနှင့် ဗဟုသုတများဖန် တီးတင်ဆက်ရန် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ရီစရာဟာသများကို တင်ဆက်ရာတွင်လည်း ဗီဒီယိုအတိုများကို တင်ဆက်နိုင်ခဲ့သော်လည်း ဗီဒီယို အရှည်များကို တင်ဆက်နိုင်ရန် ဆက်လက်ခွင့်ပြုပေးသွားရန် စီစဉ် ထားပြီး အကြောင်းအရာ တင်ဆက်သူများအတွက် လူကြိုက်အများဆုံး အကြောင်းအရာများကို App အနေ ဖြင့်ရွေးချယ်ပေးပြီး ဆုချီးမြင့်ခြင်း များကိုလည်း ပြုလုပ်သွားမည်ဟု သိရသည်။

Credit to ==> Internet Journal
 
 

No comments:

Post a Comment