Wednesday, November 25, 2015

ဖုန်းမှာ Kinguser Application ကို Remove ပြုလုပ်နည်း


အခုနောက်ပိုင်း KingRoot apk ဖြင့် Root လုပ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ
Root Access ရရှိပြီးတဲ့အခါ Kinguser ဆိုပြီး Application လေးရှိနေတတ်ပါတယ်။

အစ်ကိုတစ်ယောက်မေးလာလို့ သူ့ဖုန်းမှာ Root ဖောက်ထားတာကို ပြန်ဖျက်လို့မရဘူးလား
Kinguser ကိုဖျက်ပစ်ချင်တယ်ပြောလို့ ဒီနည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

သိပြီးသားသူတွေအတွက် အခက်ကြီးမဟုတ်ပေမယ့် လေ့လာခါစညီအကိုတွေအတွက်တော့
မလုပ်ဖူးသေးရင်တော့ လေ့လာစရာအတွက် အသစ်တစ်ခုဖြစ်ပါလိမ့်မယ်။


Kinguser ကိုဖျက်တယ်ဆိုတာ Root ဖောက်ထားတာကို
Unroot ပြန်လုပ်တဲ့သဘောပဲဖြစ်ပါတယ် လွယ်ပါတယ် မိမိဖုန်းရဲ့ Root access ကို
 ပြန်လည် Unroot ပြုလုပ်နည်းကိုအောက်မှာလေ့လာကြည့်လိုက်ပါ။
How to Unroot KingUuser
==================
၁။ မိမိဖုန်းရဲ့ apps menu မှ KingUser app icon လေးကိုတစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ။
၂။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ မြှားပြထားတဲ့ “Settings” နေရာကိုတစ်ချက်နှိပ်ပါ။
၃။ အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ “Root Authorization Setting” ဆိုတာကိုဆက်နှိပ်ပါ။
၎။ “Root Authorization Setting” အရောက်မှာတော့ 
“Remove Root Permission” ဆိုတာကိုရွေးချယ်ပါ။
၅။ ဒီတစ်ခါတော့ “Remove Root Authorization completely and return to Unroot status, Proceed?“ ဆိုပြီး တက်လာပါလိမ့်မယ် အောက်ပါပုံအတိုင်း “Clear” ဆိုတာကိုဆက်နှိပ်လိုက်ပြီး Root process ကို စတင်ဖျက်ပစ်လိုက်ပါ။။
၆။ အောက်မှာမြင်နေရတဲ့ပုံအတိုင်း “In Progress” ဆိုပြီး 
သူ့အလိုလိုဖျက်ပစ်နေပါလိမ့်မယ် ခနစောင့်နေလိုက်ပါ။
၇။ အားလုံးပြီးသွားရင်တော့ သင့်ဖုန်းမှာရှိတဲ့ KingUser app လေးပျောက်သွားပါလိမ့်မယ်။
Root Checker app ဖြင့် ပြန်လည်စမ်းသပ်ကြည့်နိုင်ပါတယ်။
Rooted Device များတွင် Kinguser ကို SuperSU အဖြစ်အစားထိုးနည်းကိုတော့
အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment